• Follow Us on

Home မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်တကွ အရှေ့တောင်အာရှနိုင်ငံများနှင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် အခြားသော နယ်ပယ်များတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်မည်ဟု စီးကူးဝန်ကြီးပြောဆို

မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်တကွ အရှေ့တောင်အာရှနိုင်ငံများနှင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် အခြားသော နယ်ပယ်များတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်မည်ဟု စီးကူးဝန်ကြီးပြောဆို

Share this post

နေပြည်တော်၊ ဩဂုတ် ၁၈

 

မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်တကွ အရှေ့တောင်အာရှနိုင်ငံများနှင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် အခြားသောနယ်ပယ်များတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြောဆိုသည်။

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့၌ကျင်းပသည့် (၇)ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၇) ကြိမ်မြောက် တရုတ်(ကူမင်း) ပို့ကုန်-သွင်းကုန် ကုန်စည်ပြပွဲသို့ တက်ရောက်ရန် ကူမင်းမြို့၌ ရောက်ရှိ နေသော စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယမန် နေ့ဒေသစံတော်ချိန် နံနက် ၉ နာရီခွဲတွင် Wyndham Hotel ၌ ကျင်းပသည့် ၅ ကြိမ်မြောက် တရုတ်-အရှေ့ တောင်အာရှ စီးပွားရေးဖိုရမ်သို့ တက်ရောက်အမှာစကား ပြောဆိုခဲ့သည်။

 

ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦးက မြန်မာနိုင်ငံအနေဖြင့် အာဆီယံစီးပွားရေးဆိုင်ရာ လုပ်ငန်းစဉ်များကို တက်ကြွစွာပါဝင်ဆောင်ရွက်လျက်ရှိရာ တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံရှိ ကဏ္ဍများ စွာတွင်  ကုန်သွယ်မှုနှင့်ရင်းနှီးမြုပ်နှံမှုများတိုးချဲ့ရန် အလားအလာများစွာရှိနေကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်ရေးအတွက် မောင်းနှင်အားတစ်ရပ်ဖြစ်သည့် ပုဂ္ဂလိကကဏ္ဍ၏ အရေးပါမှုကိုလည်း အသိအမှတ်ပြု ကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်တကွ အရှေ့တောင်အာရှနိုင်ငံများနှင့်ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် အခြားသောနယ်ပယ်များတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများအနေဖြင့် အနာဂတ်အလားအလာနှင့် အခွင့်အလမ်းကောင်း များကို ဖေါ်ထုတ်နိုင်ရန်အတွက် စီးပွားရေးအသိုက်အဝန်းများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရန် လိုအပ်ကြောင်း ပြောဆိုသည်။

 

ဆက်လက်၍ ဖိုရမ်ကို အစီအစဉ်အတိုင်းဆက်လက်ကျင်းပရာ ၅ ကြိမ်မြောက် တရုတ် – အရှေ့တောင်အာရှ စီးပွားရေးဖိုရမ်၏ အလှည့်ကျသဘာပတိအဖြစ် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်းက ဆောင်ရွက်ပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးပြောဆိုသည်။

 

#PeopleMedia


Share this post