• Follow Us on
Latest News

Home မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများတွင် အွန်လိုင်းလိမ်လည်မှုများတိုးတက်ဖြစ်ပေါ်လာနေသည့်အတွက် ၎င်းတို့ကိုတိုက်ဖျက်ရာတွင်ပိုမိုပူးပေါင်းဆောင်ရွက်ရန် ဗိုလ်ချုပ်ကြီးမြထွန်းဦး ပြောကြား

မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများတွင် အွန်လိုင်းလိမ်လည်မှုများတိုးတက်ဖြစ်ပေါ်လာနေသည့်အတွက် ၎င်းတို့ကိုတိုက်ဖျက်ရာတွင်ပိုမိုပူးပေါင်းဆောင်ရွက်ရန် ဗိုလ်ချုပ်ကြီးမြထွန်းဦး ပြောကြား

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၂၀

 

မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများတွင် အွန်လိုင်းလိမ်လည်မှုများ တိုးတက်ဖြစ်ပေါ်လာနေသည့်အတွက် ၎င်းတို့ကိုတိုက်ဖျက်ရာတွင် ပိုမိုပူးပေါင်းဆောင်ရွက်ရန် (၅) ကြိမ်မြောက် အာဆီယံဒစ်ဂျစ်တယ်ဆိုင်ရာ ဝန်ကြီးများအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောသည်။

 

ပြည်ထောင်စုဝန်ကြီးက ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းခြင်းအတွက် ဆောင်ရွက်ရာတွင် လုံခြုံမှု၊ ဆန်းသစ် တီထွင်မှုနှင့် အားလုံးပါဝင်နိုင်မှုဟူသည့် မူများအပေါ် အခြေခံပြီးဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မြန်မာနိုင်ငံ အပါအဝင် အာဆီယံနိုင်ငံများတွင် အွန်လိုင်းလိမ်လည်မှုများ တိုးတက်ဖြစ်ပေါ်လာနေသည့်အတွက် ၎င်းတို့ကိုတိုက်ဖျက်ရာတွင် ပိုမိုပူးပေါင်းဆောင်ရွက်ရန်၊ ဒစ်ဂျစ်တယ်ငွေကြေး ဝန်ဆောင်မှုများအပါအဝင် ဒစ်ဂျစ်တယ် ဝန်ဆောင်မှုများကို အသုံးပြုသူများက ယုံကြည်မှုမြှင့်တင်နိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးရန်နှင့် အားလုံးပါဝင်သည့် ဒစ်ဂျစ်တယ်ချိတ်ဆက်မှုကို အကောင်အထည်ဖော်ရာတွင် အင်တာနက်နှင့် ချိတ်ဆက် အသုံးပြုနိုင်မှုကိုသာရည်မှန်းပြီး ဆောင်ရွက်ခြင်းမဟုတ်ဘဲ ပြည်သူများနှင့် စီးပွားရေးလုပ်ငန်းများမှ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများကို အဓိပ္ပာယ်ရှိရှိ အသုံးပြုနိုင်ရေးအတွက် digital literacy အစီအစဉ်များကိုလည်း အလေးပေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။

 

အဆိုပါ အစည်းအဝေးကို ဇန်နဝါရီ ၁၆ ရက်မှ ၁၇ ရက်အထိ နှစ်ရက်ကြာကျင်းပခဲ့ပြီး တက်ရောက်လာကြသည့် ဝန်ကြီးများက အာဆီယံဒေသအတွင်း ဒစ်ဂျစ်တယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများ၊ လုံခြုံမှု၊ တီထွင် ဆန်းသစ်မှု၊ အားလုံးပါဝင်နိုင်မှုဟူသည့် အခြေခံသဘောတရားများနှင့်အညီ အာဆီယံ၏ ဒစ်ဂျစ်တယ်အနာဂတ် ကိုဖော်ဆောင်ရန် ပူးပေါင်းဆောင်ရွက်မှုများနှင့် တွေ့ကြုံနေရသည့် စိန်ခေါ်မှုများကို ပူးပေါင်းဖြေရှင်းနိုင်မည့် နည်းလမ်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

 

ဇန်နဝါရီ ၁၆ ရက်က ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် Ministry of Digital Economy and Society ဝန်ကြီးဌာန ဝန်ကြီး H.E. Prasert Jantararuangtong နှင့် လည်းကောင်း၊ ဇန်နဝါရီ ၁၇ ရက်က ဗီယက်နမ်နိုင်ငံ Information and Communications ဝန်ကြီးဌာနဝန်ကြီး H.E. Nguyen Manh Hung နှင့်လည်းကောင်း သီးခြားစီတွေ့ဆုံပြီး သတင်းအချက်အလက်ဖလှယ်ရေးနှင့် နည်းပညာပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post