• Follow Us on

Home မြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂ၏ တစ်ဖက်သတ်ဖိအားပေးမှုသည် အပြုသဘောဆောင်သောပူးပေါင်းဆောင် ရွက်မှုအတွက် အထောက်အကူဖြစ်စေမည်မဟုတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂ၏ တစ်ဖက်သတ်ဖိအားပေးမှုသည် အပြုသဘောဆောင်သောပူးပေါင်းဆောင် ရွက်မှုအတွက် အထောက်အကူဖြစ်စေမည်မဟုတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်

Share this post

နေပြည်တော်၊ ဧပြီ ၉

 

မြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂ၏ တစ်ဖက်သတ် ဖိအားပေးမှုသည် အပြုသဘောဆောင်သော ပူးပေါင်းဆောင် ရွက်မှုအတွက် အထောက်အကူဖြစ်စေမည်မဟုတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

 

မကြာသေးမီကာလများအတွင်း ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံအပေါ် ရှုထောင့်မျိုးစုံမှ ဖိအားပေးခဲ့သည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ တံခါးဖွင့်အစည်းအဝေးတစ်ရပ်ကို နယူးယောက်မြို့၌ ၂ဝ၂၄ ခုနှစ်၊ ဧပြီလ ၄ ရက်တွင် ပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံ၏လက်ရှိအခြေအနေကို ဆွေးနွေးခဲ့သည်။

 

ဂျီနီဗာမြို့၌ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၅၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ၂ဝ၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်မှ ဧပြီလ ၅ ရက်အထိကျင်းပခဲ့သည်။ ယင်းအစည်းအဝေးတွင် ကုလသမဂ္ဂလူ့အခွင့် အရေးဆိုင်ရာမဟာမင်းကြီး၏ အပြန်အလှန်ဆွေးနွေးမှုနှင့် မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ၏ အပြန်အလှန်ဆွေးနွေးမှုတို့ကို မတ်လ ၁ ရက်နှင့် ၁၉ ရက်တို့တွင် အသီးသီး ပြုလုပ်ခဲ့သည်။ ထို့အပြင် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသည် ဥရောပသမဂ္ဂကိုယ်စား ဘယ်လ်ဂျီယံနိုင်ငံ ကတင်သွင်းသည့် “မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေ” ခေါင်းစဉ်ပါဆုံးဖြတ်ချက်အဆိုကို ဧပြီလ ၄ ရက် တွင် သက်ဆိုင်ရာမြန်မာနိုင်ငံမပါဝင်ဘဲ အတည်ပြုချမှတ်ခဲ့သည်။ အဆိုပါဆုံးဖြတ်ချက်အဆိုတွင် မြန်မာနိုင် ငံ၏ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စများနှင့်ပတ်သက်၍ အခြေအမြစ်မရှိသည့် တစ်ဖက်သတ်စွပ်စွဲဖော်ပြချက်များ ပါဝင်သည်ကို တွေ့ရှိရသည်။

 

မြန်မာနိုင်ငံအနေဖြင့် အာဆီယံလူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးညှိနှိုင်းမှုဗဟိုဌာန (AHA Centre)၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့ အစည်းများနှင့် အလှူရှင်နိုင်ငံများ၏သံရုံးများကို မြေပြင်လုံခြုံရေးအခြေအနေပေါ်မူတည်၍ ခရီးသွားရောက် ခွင့်ပြုခဲ့သည်။ လွန်ခဲ့သောသုံးနှစ်အတွင်း အစိုးရအနေဖြင့် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများအား နိုင်ငံတစ်ဝန်း ခရီးသွားလာခွင့် အကြိမ် ၁,ဝဝဝ ကျော်နှင့် မြန်မာနိုင်ငံ အခြေစိုက်သံရုံးများအား အကြိမ် ၆ဝ ကျော် ခွင့်ပြုခဲ့သည်။

 

အထူးသဖြင့် ၂၀၂၃ ခုနှစ်အတွင်း ရခိုင်ပြည်နယ်တစ်ခုတည်းအတွက် ကုလသမဂ္ဂအဖွဲ့အစည်းများအား စုစုပေါင်းအကြိမ် ၂၅ဝ ခန့်နှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများအား အကြိမ် ၃၀၀ ကျော် ခရီးသွားလာခွင့်ပြုခဲ့သည်။ သို့ဖြစ်ရာ ကုလသမဂ္ဂ၏ အစီရင်ခံစာအချို့နှင့် သတင်းထုတ်ပြန်ချက်အချို့တွင် အလေးပေးထားသည့် သွားလာခွင့်ငြင်းပယ်ခံရကြောင်း ဖော်ပြချက်များမှာ အခြေအမြစ်မရှိကြောင်း နိုင်ငံခြား ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

 

ထိုပြင် မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာသူများကိုများနှင့်အညီ ပြန်လည်လက်ခံနိုင်ရေး အတွက် နှစ်နိုင်ငံသဘောတူညီချက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး၊ စိစစ်ပြီးနေရပ်စွန့်ခွာသူများကို ပြန်လည် လက်ခံရန်အသင့်ရှိသည်။ မြန်မာနိုင်ငံအစိုးရအနေဖြင့် ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်နှင့်ပတ်သက်၍ အပြည့်အဝကတိကဝတ်ပြုဆောင်ရွက်လျက်ရှိကြောင်း၊ လတ်တလောတွင် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို မစတင်နိုင်သေးခြင်းမှာ ရခိုင်ပြည်နယ်၏ လက်ရှိလုံခြုံရေးအခြေအနေများကြောင့်ဖြစ်ကြောင်း ထုတ်ပြန်ထား သည်။

 

နိုင်ငံတစ်နိုင်ငံကိုဦးတည်သည့် ဆွေးနွေးမှုများ၊ ဆုံးဖြတ်ချက်အဆိုများနှင့် လုပ်ပိုင်ခွင့်များ၊ ၎င်းတို့၏ နောက် ဆက်တွဲ အပြန်အလှန်ဆွေးနွေးမှုများသည် သက်ဆိုင်ရာနိုင်ငံနှင့် နိုင်ငံတကာအသိုက်အဝန်းတို့အကြား ဓမ္မဓိဌာန်ကျသောအစီရင်ခံမှု၊ အပြုသဘောဆောင်သောဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ဖြစ်ပေါ်ရေးကို အထောက်အကူမပြုရုံသာမက ကုလသမဂ္ဂ၏အခြေခံမူများဖြစ်သည့် သမာသမတ်ကျမှု၊ ဓမ္မဓိဋ္ဌာန်ကျမှု၊ ရွေးချယ်မဆောင်ရွက်မှုတို့နှင့် ဆန့်ကျင်နေခြင်းကြောင့် မြန်မာနိုင်ငံအနေဖြင့် ယင်းတို့ကို အစဉ်တစိုက်ဆန့်ကျင် သည်။ သို့ဖြစ်ရာ ဥရောပသမဂ္ဂကိုယ်စား ဘယ်လ်ဂျီယံနိုင်ငံက တင်သွင်းခဲ့သည့် ဆုံးဖြတ်ချက်အဆိုကို မြန်မာနိုင်ငံအနေဖြင့် . ပြတ်သားစွာခြွင်းချက်မရှိပယ်ချလိုက်ကြောင်း ထုတ်ပြန်ထားသည်။

 

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ယခင်ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျူလီဘစ်ရှော့ပ်အား ၎င်း၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ကြောင်း ၂ဝ၂၄ ခုနှစ်၊ ဧပြီလ ၅ ရက်တွင် ကြေညာခဲ့ သည်။ မြန်မာနိုင်ငံအနေဖြင့် အထူးကိုယ်စားလှယ်ခန့်အပ်နိုင်ရေး လုပ်ပိုင်ခွင့်ပါဝင်သော ဆုံးဖြတ်ချက် အဆိုအပါအဝင် နိုင်ငံတစ်နိုင်ငံအပေါ် အရေးယူပစ်မှတ်ထားသည့် ဆုံးဖြတ်ချက်အဆိုများကို လက်မခံဘဲ ပယ်ချသော်လည်း ကုလသမဂ္ဂနှင့်အပြုသဘောပူပေါင်းဆောင်ရွက်မှုကို ပြသသည့်အနေဖြင့် ယခင်အထူးကိုယ် စားလှယ်များနှင့် ပူးပေါင်းဆောင်ရွက်မှုများရှိခဲ့ကြောင်း၊ ယခု မစ္စဂျူလီဘစ်ရှော့ပ်အား အထူးကိုယ်စားလှယ် အဖြစ် ခန့်အပ်ခဲ့မှုနှင့်ပတ်သက်၍ ကုလသမဂ္ဂဘက်က မြန်မာအစိုးရအား တရားဝင်အသိပေးအကြောင်းကြားမှု မရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

ကုလသမဂ္ဂနှင့် မြန်မာနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်ရာတွင် တစ်ဖက်သတ်ဖိအားပေးမှုများသည် အပြု သဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုများအတွက် အထောက်အကူပြုမည်မဟုတ်ကြောင်း၊ အချင်းချင်း နားလည်မှု၊ လေးစားမှုနှင့်အပြန်အလှန် ထိတွေ့ဆောင်ရွက်မှုတို့မှတစ်ဆင့်သာ လက်တွေ့ကျ၍အပြုသဘော ဆောင်သော ပူးပေါင်းဆောင်ရွက်မှုဖြစ်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

 

#PeopleMedia


Share this post