• Follow Us on

Home မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုလုပ်ရပ်များအား လုံးဝ(လုံးဝ)လက်မခံ ဆန့်ကျင်ကန့်ကွက်ရှုတ်ချကြောင်း ကို USDP ပါတီနှင့် နိုင်ငံရေးပါတီများပူးတွဲထုတ်ပြန်

မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုလုပ်ရပ်များအား လုံးဝ(လုံးဝ)လက်မခံ ဆန့်ကျင်ကန့်ကွက်ရှုတ်ချကြောင်း ကို USDP ပါတီနှင့် နိုင်ငံရေးပါတီများပူးတွဲထုတ်ပြန်

Share this post

နေပြည်တော်၊ မေ ၂၈

 

မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုလုပ်ရပ်များအား  လုံးဝ(လုံးဝ)လက်မခံ ဆန့်ကျင်ကန့်ကွက်ရှုတ်ချ ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)နှင့် နိုင်ငံရေးပါတီများမှ ယနေ့ ပူးတွဲသဘောထား ထုတ်ပြန်လိုက်သည်။

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် နိုင်ငံရေးပါတီများသည် ယနေ့ နံနက်ပိုင်းက မရမ်းကုန်မြို့နယ် မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ(MCC) တွင် ပြုလုပ်ခဲ့သည့် တွေ့ဆုံညှိနှိုင်းပွဲမှုအပြီးတွင် ပူးတွဲ သဘောထားကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

 

နိုင်ငံတော် အနေဖြင့် ပြည်တွင်းအင်အားဖြင့် အလေးထား ဖြေရှင်းဆောင်ရွက်နေချိန်မှာပင် အင်အားကြီးနိုင်ငံ အချို့နှင့် ကမ္ဘာ့အဖွဲ့စည်းအချို့တို့က နိုင်ငံအချင်းချင်း လူသားအချင်းချင်း စာနာမှု၊ အပြုသဘောဆောင်သော ချဉ်းကပ်လေ့လာကူညီမှု၊ နိုင်ငံတစ်နိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုအား ဝိုင်းဝန်းထိန်းသိမ်း ‌စောင့်ရှောက်ပေးမှု စသည့် ကမ္ဘာလုံး လုပ်ငန်းတာဝန်များအစား ခေတ်အဆက်ဆက် အောင်မြင်မှုမရှိခဲ့သော ခေတ်သစ်ကိုလိုနီဝါဒ ၏ ကျင့်စဉ်တစ်ရပ်ဟု ဆိုနိုင်သည့် လိုလားသူ တစ်ဖက်ဖက်သို့ တိုက်ရိုက် သွယ်ဝိုက် နည်းလမ်းများဖြင့် အား ပေးအားမြှောက်ပြုခြင်း၊ အခြားတစ်ဖက်သို့ နိုင်ငံရေး စီးပွားရေးအရ အကြပ်အတည်းဖြစ်စေပြီး လိုသလို ဆွဲ ယူပုံဖော်စေခြင်း စသည်တို့ကို ဆောင်ရွက်နိုင်ရန်အတွက် ပိတ်ဆို့တားဆီးမှုများအား နည်းလမ်းတစ်ရပ်ဖြင့် အသုံပြု၍ ဆောင်ရွက်လာခဲ့ကြကြောင်း နိုင်ငံရေးပါတီများမှ ထုတ်ပြန်ထားသည်။

 

အထက်ပါ ပိတ်ဆို့မှုများသည် နိုင်ငံတစ်နိုင်ငံကို ရွေးထုတ်ဖိအားပေးခြင်း၊ လွတ်လပ်မှု၊ ဖွံဖြိုးတိုးတက်မှု၊ တည်ငြိမ်မှု၊ ပြည်သူတစ်ရပ်လုံး အနာဂတ်ဘ၀ ငြိမ်းချမ်းသာယာမှု စသည့် အချက်တို့အား ကန့်သတ်တား မြစ်ခြင်း၊ ဘက်လိုက်ဆောင်ရွက်ခြင်းတို့ကို ဖြစ်‌ပေါ်စေကြောင်း ထုတ်ပြန်ထားသည်။

 

သို့ဖြစ်၍ နိုင်ငံအပေါ်ချမှတ်ထားသော ပိတ်ဆို့မှုများအား အမြန်ဆုံးပြန်လည်ရုပ်သိမ်းပေးကြရန်၊ ကမ္ဘာနိုင်ငံများ ကလည်း အကျိုးသက်ရောက်မှု အခြေအနေမှန်ကို မူတည်စဉ်းစား၍ ဝိုင်းဝန်းကူညီပေးကြရန်နှင့် မြန်မာနိုင်ငံ အပေါ် အရေးယူပိတ်ဆို့မှု လုပ်ရပ်များအား ကျွန်ုပ်တို့ နိုင်ငံရေးပါတီမျာအာလုံးက လုံးဝ(လုံဝ)လက်မခံဘဲ ဆန့်ကျင်ကန့်ကွက်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်လိုက်သည်။

 

အဆိုပါ တွေ့ဆုံပွဲကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

#PeopleMedia


Share this post