• Follow Us on

Home မြန်မာနိုင်ငံ၏ နိုင်ငံရေးတည်ငြိမ်ရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရရှိရေးကို မျှော်လင့်ထောက်ခံကြောင်း ယူနန်ပြည်နယ်ပြည်သူ့အစိုးရနိုင်ငံခြားရေးရုံးမှ ဒုညွှန်ကြားရေးမှူးချုပ်ပြောဆို

မြန်မာနိုင်ငံ၏ နိုင်ငံရေးတည်ငြိမ်ရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရရှိရေးကို မျှော်လင့်ထောက်ခံကြောင်း ယူနန်ပြည်နယ်ပြည်သူ့အစိုးရနိုင်ငံခြားရေးရုံးမှ ဒုညွှန်ကြားရေးမှူးချုပ်ပြောဆို

Share this post

နေပြည်တော်၊ ဩဂုတ် ၅

 

မြန်မာနိုင်ငံ၏ နိုင်ငံရေးတည်ငြိမ်ရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရရှိရေးကို မျှော်လင့်ထောက်ခံကြောင်း၊ ယူနန်ပြည်နယ် ပြည်သူ့အစိုးရ၊ နိုင်ငံခြားရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Hao Kun က ပြောဆိုသည်။

 

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့မှ ကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်သည် ယူနန်ပြည်နယ် ပြည်သူ့ အစိုးရ၊ နိုင်ငံခြားရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Hao Kun နှင့် တာဝန်ရှိသူများကို သြဂုတ်လ ၄ ရက် နေ့၊ နံနက် ၉ နာရီတွင် ယူနန်ပြည်နယ် နိုင်ငံခြားရေးရုံး၊ ဧည့်ခန်းမ၌ သွားရောက်တွေ့ဆုံခဲ့ကာ မြန်မာနိုင်ငံ၏ လတ်တလောအခြေအနေမှန်များနှင့် ပကတိဖြစ်ပေါ်တိုးတက်မှုများကို ရှင်းလင်းပြောကြားသည်။

 

ထိုသို့တွေ့ဆုံစဉ် ကောင်စစ်ဝန်ချုပ်က ၂၀၂၁ ခုနှစ်၊ နိုင်ငံရေးအခြေအနေကြောင့် နိုင်ငံတော်အရေးပေါ်အခြေ အနေကြေညာခဲ့ပြီး နိုင်ငံတော်၏ တာဝန်ကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒနှင့်အညီ ခေတ္တတာဝန်ယူ ထိန်းသိမ်း ခဲ့မှုများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၁၂) ရပ် ချမှတ်ကာ ဆောင်ရွက်နေမှုများ၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းစေရေး အခြေအနေရောက်ရှိ အောင် ဆောင်ရွက်နိုင်ခဲ့မှုများ၊ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံရွေးကောက်ပွဲ ပြန်လည် ကျင်းပနိုင်ရေးနှင့် အာဆီယံတူညီဆန္ဒ (၅) ချက် ကို မြန်မာနိုင်ငံ၏ အကျိုးစီးပွားများအပေါ် ရပ်တည်အခြေခံလျက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့ လုပ်ငန်းစဉ် (၅) ရပ်နှင့်အညီ ပူးပေါင်းဆောင်ရွက်နေမှုများ၊ မိုခါမုန်တိုင်းနှင့်စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်မှု တုံ့ပြန် ဆောင်ရွက်ခဲ့မှုများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလည်း အကောင်းဆုံးဖြစ်အောင် ဆောင်ရွက် လျက်ရှိမှုများကို ပြောဆိုသည်။

 

ဒုတိယညွှန်ကြားရေးမှူးချုပ် Mr.Hao Kun မှလည်း ယခုလို လာရောက်ရှင်းလင်း ပြောကြားသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးတည်ငြိမ်ရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရရှိရေးကို မျှော်လင့်ထောက်ခံပါကြောင်း၊ ယခုနှစ်အတွင်း ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံမှအကြီးအကဲများ အပြန်အလှန် လည်ပတ်မှုများမှတစ်ဆင့် သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ ထိရောက်စွာ အမြင်ချင်းဖလှယ်နိုင်ခဲ့ကာ ပူးပေါင်း ဆောင်ရွက်မှုများဖြင့် အခက်အခဲများကို ဖြေရှင်းနိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ တည်ငြိမ်ကာ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ပြီး ကောင်းကျိုးများစွာ ရရှိပါစေရန် ဆန္ဒပြုကြောင်း စသည်ဖြင့် ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရ သည်။

 

#PeopleMedia


Share this post