• Follow Us on
Latest News

Home မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာဖြေရှင်းနိုင်ရေးအတွက် အာဆီယံအနေဖြင့် အလေးအနက်ထားပြီး ကြားဝင် ဖြေရှင်းပေးနိုင်ရန် RCSS တိုက်တွန်း

မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာဖြေရှင်းနိုင်ရေးအတွက် အာဆီယံအနေဖြင့် အလေးအနက်ထားပြီး ကြားဝင် ဖြေရှင်းပေးနိုင်ရန် RCSS တိုက်တွန်း

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၂၉

 

မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာ ဖြေရှင်းနိုင်ရေးအတွက် အာဆီယံအနေဖြင့် အလေးအနက်ထားပြီး ကြားဝင် ဖြေရှင်ပေးနိုင်ရန် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)မှ တိုက်တွန်းကြောင်း ယနေ့ ထုတ်ပြန်ထား သည်။

 

(RCSS) ၏ ၂၀၂၃ ခုနှစ် နှစ်ပတ်လည်အစည်းအဝေးနှင့် ပတ်သက်၍ ထုတ်ပြန်သည့် ကြေညာချက်တွင် တိုက်တွန်းထားခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြဿန ဖြေရှင်းနိုင်ရေးအတွက် RCSS အနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးပြီး နိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေးခြင်း နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေး ကြိုး ပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်မှသာ မြန်မာနိုင်ငံ၏ ပြဿနာများကို ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာ ဖြေရှင်းနိုင်ရေးအတွက် အာဆီယံအနေဖြင့် အလေးအနက် ထားပြီး ကြားဝင်ဖြေရှင်ပေးနိုင်ရန် တိုက်တွန်းကြောင်း ထုတ်ပြန်ထားသည်။

 

ရှမ်းပြည်အမျိုးသား စည်းလုံးညီညွှတ်ရေး ရေရှည်တည်တံ့ ခိုင်မြဲရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး၊ RCSSထိန်းချုပ်သည့် နယ်မြေများအတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်း၊ အွန်လိုင်းငွေကြေး လိမ်လည်ခြင်း(ကျားဖြန့်) ပိတ်ပင်တားဆီးရေး လုပ်ငန်းနှင့် လူကုန်ကူးမှုတားဆီးရေးလုပ်ငန်းတို့ကို ကြိုး ပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

#PeopleMedia


Share this post