မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကိုဝင်ရောက်စွက်ဖက်နေသော တီမောလက်စ်တေနိုင်ငံနှင့် ပြည်ပနိုင်ငံများအား ဆန့်ကျင်ရှုတ်ချပွဲကျင်းပ
PUBLISHED - December 14, 2023
ရန်ကုန်၊ ဒီဇင်ဘာ ၁၄
မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေသော တီမောလက်စ်တေနိုင်ငံနှင့် ပြည်ပနိုင်ငံများအား ဆန့်ကျင်ရှုတ်ချပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံဘေး ယာဉ် ရပ်နားကွင်း၌ ကျင်းပခဲ့သည်။
ဆန့်ကျင်ရှုတ် ချပွဲတွင် ဦးစွာ အမျိုးသားရေးဆရာတော် ဥူးပညာဝံသက ဟောပြောခဲ့သည်။ ထို့နောက် အခမ်းအနားတက်ရောက်လာကြသူများက နိုင်ငံတော် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး (ဒို့အရေး)၊ သာသနာဖျက်အားပေး တီမော (အလိုမရှိ) ၊ အကြမ်းဖက်အားပေး တီမော (အလိုမရှိ)၊ အကြမ်းဖက် NUG ၊ PDF (အလိုမရှိ)၊ မြန်မာ့ပြည်တွင်းရေး (ဝင်မစွက်နဲ့)၊ ပြည် တွင်းရေး စွက်ဖက်သူ (ဒို့ရန်သူ)၊ မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာနှင့် ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်နေသော တီမောလက်စ်တေနိုင်ငံနှင့် ပြည်ပနိုင် ငံများအား (ဆန့်ကျင်ကြ) ကြွေးကြော်သံများကို သံပြိုင် ကြွေးကြော်ခဲ့ကြသည်။
ယင်းနောက် အမျိုးသားရေး တက်ကြွလှုပ်ရှားသူများက ဟောပြောဆွေးနွေးကြပြီးကြွေးကြော်သံများ ကြွေး ကြော်ခြင်း၊ ဇာတိမာန်သီချင်း သံပြိုင်သီဆို ခြင်းတို့ကို ဆောင်ရွက်ကြသည်။ အဆိုပါ ဆန့်ကျင်ရှုတ်ချပွဲကို အမျိုးသားရေး တက်ကြွလှုပ်ရှား သူများအဖွဲ့ကဦးဆောင်ပြီး နိုင်ငံ ရေးပါတီဝင်များ၊ အကြမ်းဖက် လုပ်ရပ်များ အား ဆန့်ကျင်ကြသည့် ပြည်သူများ ပူးပေါင်းပါဝင်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
#PeopleMedia