• Follow Us on

Home မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရအောင် အိမ်နီးချင်းနိုင်ငံတွေ ဝိုင်းကူကြဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရအောင် အိမ်နီးချင်းနိုင်ငံတွေ ဝိုင်းကူကြဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၇

 

တရုတ်နိုင်ငံခြားရေးဝန်ကြီးဝန်ယီဟာ သောကြာနေ့ (သြဂုတ်လ ၁၆ ရက်နေ့) က လာအို၊ မြန်မာ၊ ထိုင်းနိုင်ငံတို့ က နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံစဉ်အတွင်း စစ်ဘေးဒဏ်သင့်နေတဲ့မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ပြန်လည် သင့်မြတ်ရေးလမ်းကြောင်းပေါ်ရောက်ရှိအောင် ဝိုင်းဝန်းကူညီကြဖို့ တိုက်တွန်းပြောကြားလိုက်ပါတယ်။

 

တရုတ်နိုင်ငံခြားရေးဝန်ကြီးကမြန်မာနိုင်ငံက အခြေအနေဟာ စိုးရိမ်ဖွယ်ရာအခြေအနေဖြစ်တယ်လို့ ပြောဆို လိုက်ပြီး မြန်မာနိုင်ငံမှာ ပဋိပက္ခကို ကာကွယ်ဟန့်တားနိုင်တဲ့ စီးပွားရေးနဲ့ လူမှုရေးအခြေအနေတွေကို ဖန်တီး နိုင်ရေး မြန်မာနိုင်ငံကို ကူညီဖို့အတွက် မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ဖို့ အိမ်နီးချင်းနိုင်ငံ တွေကို တိုက်တွန်းပါတယ်။

 

တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံက ဒီမိုကရေစီအကူးအပြောင်းကို ထောက်ခံကြောင်း၊ လက်ရှိနိုင်ငံထဲမှာဖြစ် ပွားနေတဲ့ အကျပ်အတည်းတွေဖြေရှင်းနိုင်ရေးအတွက် နည်းလမ်းရှာဖွေမယ့် ဒေသတွင်းအစီအစဉ်တစ်ခုကို ထောက်ခံသွားမှာဖြစ်ကြောင်း မစ္စတာဝန်က အစောပိုင်း သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

 

တစ်မြေတည်းနေ တစ်ရေတည်းသောက်တဲ့ အိမ်နီးချင်းနိုင်ငံတွေဟာ တခြားနိုင်ငံတွေထက် မြန်မာနိုင်ငံက အခြေအနေတွေကို ပိုမိုကောင်းမွန်စွာ သဘောပေါက်နားလည်ထားကြောင်း မစ္စတာဝန်က ပြောပါတယ်။

 

ရွေးကောက်ပွဲအနိုင်ရ အရပ်သားအစိုးရကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ မြန်မာ့တပ်မတော်က ဖြုတ်ချခဲ့ပြီး နောက် အလွန်ဆင်းရဲတဲ့ ဒီမိုကရေစီအပျံသင်စ မြန်မာနိုင်ငံဟာ အပြောင်းအလဲရပ်တန့်သွားခဲ့ပြီး အခုလို တိုင်း ပြည်မှာ ပဋိပက္ခတွေ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

 

“မြန်မာနိုင်ငံ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းပေါ် ပြန်ရောက်လာတာကို အိမ်နီးချင်းနိုင်ငံတွေ ထက် ဘယ်နိုင်ငံကမှ ပိုပြီးလိုလားတာမဟုတ်ပါဘူး။” လို့ မစ္စတာဝန်က ပြောပါတယ်။

 

အခုသီးတင်းပတ်အစောပိုင်းမှာ မြန်မာ နစက အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံ ပြီးနောက် မစ္စတာဝန်က အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

 

“မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ပြန်လည်ထိန်းသိမ်းနိုင်ဖို့အတွက် တရုတ်နိုင်ငံက မိမိတို့ရဲ့ ကတိ ကဝတ်အတိုင်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။” လို့ မစ္စတာဝန်ယီက ပြောပါတယ်။

 

ကြာသပတေးနေ့က နစက အစိုးရမီဒီယာကပြောထားတဲ့ လာမယ့်နှစ်မှာ ကျင်းပပြုလုပ်ဖို့ စီစဉ်နေတဲ့ ရွေး ကောက်ပွဲအတွက် သန်းခေါင်စာရင်းကောက်ယူရာမှာ နည်းပညာထောက်ပံ့မှုနဲ့ တခြားအကူအညီတွေ ပေး သွားမှာဖြစ်ကြောင်း တရုတ်နိုင်ငံက ကတိပြုခဲ့ပါတယ်။

 

မြန်မာနိုင်ငံတွင်းက အကျပ်အတည်းတွေ ဖြေရှင်းဖို့အတွက် အာဆီယံအဖွဲ့ရဲ့ အချက်ငါးချက်ပါတဲ့ ငြိမ်းချမ်းရေး အစီအစဉ်ကိုလည်း တရုတ်နိုင်ငံက ထောက်ခံကြောင်း မစ္စတာဝန်က ပြောပါတယ်။

 

အာဆီယံအဖွဲ့ရဲ့ “အချက်ငါးချက်ပါ ငြိမ်းချမ်းရေးအစီအစဉ်” ထဲမှာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပြန်လည်ရရှိဖို့ အ တွက် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံး တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုထားပေမဲ့ နစက အစိုးရကတော့ ၎င်းတို့ က “အကြမ်းဖက်သမားတွေ” လို့ ခေါ်ဆိုထားတဲ့ နိုင်ငံရေးအတိုက်အခံတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ကိစ္စကို ငြင်းဆို ခဲ့တယ်လို့ ဆိုပါတယ်။

 

Ref: China rallies regional support for Myanmar peace bid: Bangkok Post

 

#PeopleMedia


Share this post