• Follow Us on

Home မြန်မာပြည်အပြင်ဘက်ကထွက်လာတဲ့ ကျဆုံးသတင်းတွေကို ဘယ်လိုယုံရမှာလဲ

မြန်မာပြည်အပြင်ဘက်ကထွက်လာတဲ့ ကျဆုံးသတင်းတွေကို ဘယ်လိုယုံရမှာလဲ

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၃

 

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ပြည်တွင်းစစ်စတင်ဖြစ်ပွားလာကတည်းက နစက အစိုးရကို ဆန့်ကျင်နေသူတွေ ဟာ ၎င်းတို့ရဲ့စစ်မြေပြင်အောင်ပွဲတွေနဲ့ နစကအစိုးရရင်ဆိုင်နေရတဲ့ ပြဿနာတွေအကြောင်းကို ပိုပိုသာသာ လေးတိုးမြှင့်ပြောဆိုလေ့ရှိရာ ပြောဆိုချက်တချို့ကို အထူးဂရုပြုစဉ်းစားချင့်ချိန်ဖို့လိုကြောင်း Lowy Institute မှာ ရေးသားဖော်ပြထားပါတယ်။

 

နစက အစိုးရကိုတော်လှန်ရာမှာ အတိုက်အခံ NUG အစိုးရ၊ PDF အဖွဲ့နဲ့ တခြားလက်နက်ကိုင်အုပ်စုတွေဟာ သိသာထင်ရှားတဲ့အောင်ပွဲတွေရနေတာကို သံသယရှိစရာမလိုပါဘူး။

 

လေ့လာသူအများအပြားမျှော်လင့်ထားတာနဲ့မတူတာကတော့ လက်နက်ကိုင်တော်လှန်ရေးဟာ ပိုပြီးစုစည်းမိ လာသလို ပိုပြီးလေ့ကျင့်သားကောင်းလာပြီး လက်နက်ခဲယမ်းပိုပြည့်စုံလာတာပဲဖြစ်ပါတယ်။

 

လက်ရှိအချိန်မှာ လက်နက်ကိုင်တော်လှန်ရေးဟာ နစက အစိုးရရဲ့ တပ်မတော်နဲ့ ရဲတပ်ဖွဲ့အတွက် တကယ့် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်လာနေတာပဲဖြစ်ပါတယ်။

 

အဲဒီခြိမ်းခြောက်မှုကနေ အံ့သြစရာကောင်းတဲ့ ပြောဆိုမှုတွေထွက်ပေါ်လာခဲ့ပါတယ်။

 

ဥပမာ နစက အစိုးရဟာ တိုင်းပြည်ရဲ့တစ်ဝက်လောက်ကို မထိန်းချုပ်နိုင်တော့ဘူးလို့ NUG  ရဲ့ ခေတ္တသမ္မတ ဒူဝါလရှီးလက ၂၀၂၂ ခုနှစ်တုန်းက ကြေညာခဲ့ပါတယ်။

သိပ်မကြာသေးခင်ကပဲ နစကဘက်က တပ်မတော်သားနဲ့ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၁၅၀၀၀ ကျော်ဟာ အတိုက်အ ခံဘက်ကို ဘက်ပြောင်းခိုလှုံလာတယ်လို့ (ဘာအထောက်အထားမှ မပြနိုင်ဘဲ) NUG အစိုးရဘက်က ပြောဆိုခဲ့ ပါတယ်။

 

ဒီသတင်းကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ စိတ်ဓာတ်ကျဆင်းပြီး နစက အစိုးရ အားနည်းကျန်ရစ်ခဲ့တယ်လို့ ဆို ပါတယ်။

 

အဲဒီပြောဆိုချက်တွေကို နစက အစိုးရ ပြိုကျမှာကို မျှော်လင့်ထားတဲ့ အတိုက်အခံလှုပ်ရှားမှုထောက်ခံသူတွေက ဝမ်းပန်းတသာကြိုဆိုကြပါတယ်။

 

တချို့ပြောဆိုချက်တွေကိုဆိုရင် စနစ်တကျဖွဲ့စည်းထားတဲ့စောင့်ကြည့်လေ့လာသူတွေကတောင် အားတက်သ ရောထောက်ခံအားပေးနေတာကို တွေ့ရပါတယ်။

 

ဥပမာအားဖြင့် စာနာထောက်ထားတတ်တဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAO) တွေအပါအဝင် အတိုက်အခံ အုပ်စုတွေရဲ့လှုပ်ရှားမှုတွေဟာ နိုင်ငံကို ထိန်းချုပ်ထားနိုင်တဲ့အထိ တိုးတက်လာခဲ့ပြီဖြစ်တယ်  ဆိုတာ ထင်ထင် ရှားရှားသိသာမြင်သာလာပြီဖြစ်ကြောင်း ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေး  ကောင်စီ (The Special Advisory Council for Myanmar) အဖွဲ့က ပြောကြားခဲ့ပါတယ်။

 

ဒါပေမဲ့ တခြားစောင့်ကြည့်လေ့လာသူတွေကတော့ ပိုပြီး ဂရုတစိုက်လေ့လာစိစစ်ကြပါတယ်။

 

မြန်မာနိုင်ငံကထဲက တိုးတက်မှုသတင်းတွေနဲ့ပတ်သက်ပြီး အမှီအခိုကင်းတဲ့သတင်းရင်းမြစ်တွေဆိုတာ မရှိသ လောက်ဖြစ်ကြောင်း၊ အတည်ပြုနိုင်တဲ့သတင်းရရှိဖို့ ဆိုတာလည်း ခက်ခဲကြောင်း ၎င်းတို့က ပြောပါတယ်။

 

မြေပြင်မှာ ရုပ်ပိုင်းဆိုင်ရာစစ်ပွဲဆင်နွှဲမှုက အရေးကြီးသလိုပဲ နိုင်ငံတကာနယ်ပယ်မှာလည်း လူထုဆက်ဆံရေး စစ်ပွဲတစ်ခုဆင်နွှဲနေရကြောင်း ၎င်းတို့က ပြောပါတယ်။

 

အတိုက်အခံတွေဟာ သူတို့ကိုယ်တိုင်ဝါဒဖြန့်ချိနေတာကို သူတို့ကိုယ်တိုင်ပြန်မယုံဖို့ The Economist တောင် သတိပေးခဲ့ရပါတယ်။

 

တချို့ပြောဆိုချက်တွေကတော့ မှန်ကောင်းမှန်နိုင်ပါတယ်။ ဒါပေမဲ့ တချို့ပြောဆိုချက်တွေကတော့ ယုံကြည်ဖို့ ခက်ခဲလှပါတယ်။

 

အထူးသဖြင့် စစ်မြေပြင်ကျဆုံးသတင်းတွေမှာ တော်လှန်ရေးအုပ်စုဘက်ကို မျက်နှာလိုက်ပြီး အမြဲတမ်း ပိုပိုသာ သာဖော်ပြနေကြတာပဲဖြစ်ပါတယ်။

 

NUG အစိုးရဲ့ ၎င်းတို့ကိုထောက်ခံသူတွေ ပုံမှန်ပြောဆိုလေ့ရှိတာကတော့ “တပ်မတော်ကိုတိုက်ခိုက်တဲ့နေရာမှာ တပ်မတော်ဘက်က အကြီးအကျယ်ကျဆုံးပြီး PDF ဘက်က တစ်ယောက်လောက်သာ ပွန်းပဲ့ရာလောက်ဒဏ် ရာရရှိခဲ့တယ်။” ဆိုတဲ့ သတင်းမျိုးတွေပဲဖြစ်ပါတယ်။

 

ဥပမာအားဖြင့် မကြာသေးခင်ကဖြစ်ပွားခဲ့တဲ့ ရှမ်းပြည်နယ်ဘက်က တိုက်ပွဲတွေမှာ တပ်မတော်သား ၇၆ ဦးသေ ဆုံးပြီး အများအပြားဒဏ်ရာရခဲ့ပေမဲ့ PDF နဲ့ မဟာမိတ် EAO တွေဘက်က နှစ်ဦးသာသေဆုံးကြောင်း ဧရာဝတီ သတင်းဌာနက ပြောဆိုခဲ့ပါတယ်။

 

ဒီလောက်ပမာဏကြီးမားတဲ့ ကွာဟချက်ကြောင့် အငြင်းပွားမှှုကြီးကြီးမားမားတွေဖြစ်စေပါတယ်။

 

အခုလို တပ်မတော်ဘက်ကကျဆုံးတာကို အတိုက်အခံတွေဘက်က အလွန်အကျွံပုံကြီးချဲ့ ချဲ့ကားပြောဆိုနေ ကြတာဟာ ပထမဦးဆုံးအကြိမ်တော့ မဟုတ်ပါဘူး။

တိုင်းရင်းသားလက်နက်ကိုင်ဆိုတဲ့ EAO တွေဘက်က ထုတ်ပြန်ခဲ့တဲ့ သတင်းတွေဟာလည်း အလားတူမေးခွန်း ထုတ်စရာ သတင်းတွေပါပဲ။

 

ဥပမာအနေနဲ့ပြောရရင် ၂၀၁၁ ခုနှစ်က တစ်နေကုန်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတစ်ခုမှာ တပ်မတော်သား ၄၀ သေဆုံး ခဲ့ပြီး ၎င်းတို့ဘက်က တစ်ယောက်မှသေဆုံးခဲ့တာမရှိကြောင်း KIA အဖွဲ့က ကြေညာခဲ့ပါတယ်။

 

အဲဒီပြေဆိုချက်ကြောင့် စာရေးသူဟာ ကလောင်ခွဲနာမည်နဲ့ သြစတေးလျအမျိုးသားတက္ကသိုလ်ရဲ့ New Mandala blog မှာ တုံ့ပြန်စာတစ်စောင် ရေးသားခဲ့ပါတယ်။

 

အဲဒီအချိန်က ကျွန်တော်ရေးသားခဲ့တဲ့မှတ်ချက်တချို့ဟာ အခုအချိန်အထိ ကြောင်းကျိုးညီညွတ်နေဆဲ၊ လက်ခံ နိုင်လောက်တဲ့ ထပ်မံပြောဆိုမှုဖြစ်နေဆဲဖြစ်ပါတယ်။

 

၁။ ၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကစပြီး မြန်မာပြည်အပြင်ဘက်ကထွက်လာတဲ့ ကိန်းဂဏန်းအချက်အ လက်တွေကို အထူးဂရုပြုစဉ်းစားချင့်ချိန်ဖို့လိုကြောင်း သမိုင်းက ကျွန်တော်တို့ကို သင်ကြားပြီးဖြစ်တယ်။ မှန်  ကန်ပါတယ်လို့ အတည်ပြုနိုင်တဲ့သတင်း မရှိသလောက်ပဲဖြစ်တယ်။

 

၂။ နောက်ဆုံးပြောဆိုချက် သတင်းရင်းမြစ်တွေကို စိတ်ထဲမှာမှတ်ထားဖို့လိုပါတယ်။ NUG ၊ PDF နဲ့ EAO အဖွဲ့ တွေဆိုတာ သမိုင်းမှတ်တမ်းတင်လောက်အောင် ဓမ္မဒိဋ္ဌာန်ကျတဲ့သဘောထားအမြင်ကို ကိုင်စွဲထားတဲ့ ဘက် မလိုက်အတ္တကင်းတဲ့ အဖွဲ့အစည်းတွေမဟုတ်ဘူးဆိုတာ မှတ်ထားဖို့လိုပါတယ်။

 

၃။ စစ်မြေပြင်ကျဆုံးသတင်းတွေဟာ အမြဲတမ်း အကဲဆတ်ပြီး (မြေပြင်မှာ နိုင်ငံရေးဟာ ဖွံ့ဖြိုးတိုးတက်ရေးလိုပဲ အရေးပါတဲ့) အခုလို ပုံမှန်မဟုတ်တဲ့ ပဋိပက္ခတွေမှာ မှန်မမှန်မစစ်ဆေးဘဲ ယုံစားနိုင်ဖို့ ခက်ခဲပါတယ်။

 

၄။ အခုလိုမဖြစ်နိုင်တဲ့သတင်းအချက်အလက်တွေကို ပုံနှိပ်ဖော်ပြဖို့အတွက် ဖြစ်နိုင်ခြေရှိတဲ့အကြောင်းအရာတွေ အများအပြားရှိပါတယ်။ ဝါဒဖြန့်ချိရေးမှာ ရည်ရွယ်ချက်အများအပြားပါဝင်ပါတယ်။

စေ့စပ်ညှိနိုင်းတဲ့ဘက်ကနေပို မိုကောင်းမွန်တဲ့နေရာတစ်နေရာ ရရှိရေး၊ ပြည်တွင်းမှာ စိတ်ဓာတ်မြှင့်တင်နိုင်ရေး၊ ဆန့်ကျင်ဘက်အဖွဲ့ စိတ် ဓာတ်ကျဆင်းရေး၊ အရည်အချင်းမရှိတာကို ဖုံးကွယ်ရေး၊ သီးခြားတပ်ဖွဲ့ခေါင်းဆောင်တွေနဲ့ အဖွဲ့အစည်းတွေရဲ့ ဂုဏ်သတင်းမြှင့်တင်နိုင်ရေး စသဖြင့်ဖြစ်နိုင်သလို အားလုံးအတွက်လည်း ဖြစ်နိုင်ပါတယ်။

 

၅။ ဒီကနေ့အချိန်အထိ ထုတ်ပြန်ခဲ့တဲ့ အချက်အလက်တွေဟာ ပင်ကိုအားဖြင့် ဖြစ်နိုင်ခြေမရှိပါဘူး။ တစ်ဖက်က အလွန်အကျွံအများအပြားကျဆုံးတယ်ဆိုတဲ့ အခုလိုတိုက်ပွဲဖြစ်စဉ်မျိုးမှာ တခြားတစ်ဖက်က ကျဆုံးသူအလွန် နည်းပါးခြင်း ဒါမှမဟုတ် ကျဆုံးသူမရှိသလောက်ဖြစ်နေခြင်းက လုံးဝ အံ့သြစရာသတင်းမျိုးပါ။

 

၆။ တပ်မတော်စစ်ကြောင်းတစ်ခု ခြုံခိုတိုက်ခိုက်ခံရတယ် ဒါမှမဟုတ် တပ်မတော်စစ်ကြောင်းတစ်ခုက ခံစစ်  ကောင်းကောင်းပြင်ဆင်ထားတဲ့စခန်းတစ်ခုခုကို တိုက်ခိုက်ခဲ့ရတယ်ဆိုပါစို့။ အဲဒီလို အခြေအနေမျိုးမှာတော့ တပ်မတော်ဘက်က အကျအဆုံးစာရင်းတွေကိုထုတ်ပြန်မှုဟာ လုံးဝ အချိုးအစားမညီဖြစ်နေပါတယ်။ နောက်  ထပ်စိတ်ထဲမှာမှတ်ထားဖို့က ကျွန်တော်တို့ဟာ ပစ်ပြေးပျောက်ကြားစစ်တစ်ခုအကြောင်း ပြောနေတာဖြစ်ပြီး သမရိုးကျ စစ်ပွဲတစ်ခုအကြောင်း ပြောနေတာ မဟုတ်ဘူးဆိုတာပါပဲ။

 

၇။ တိုက်ပွဲတစ်ခုမှာ သေဆုံးသူဦးရေဟာ ဒဏ်ရာရသူဦးရေထက် များပြားနေတယ်ဆိုတာ စာရင်းလိမ်ထားတာ ဖြစ်ရင်ဖြစ် ဒါမှမဟုတ်ရင် တစ်ခုခုမှားယွင်းနေတာဖြစ်နိုင်ပါတယ်။ ဥပမာ ဒဏ်ရာရတဲ့တွေကို သတ်ပစ်ဖို့ မူဝါဒ ချမှတ်ထားတာမျိုးပေါ့။ အင်မတန်ပြင်းထန်တဲ့ တိုက်ပွဲမျိုးတွေမှာတောင် ဒဏ်ရာရဦးရေဟာ အမြဲတမ်း သေဆုံး ဦးရေထက် များပြားလေ့ရှိပါတယ်။

 

၈။ တပ်မတော်ဘက်က ကျဆုံးစစ်သည်တွေကို တိတိကျကျ လိုက်ရေတွက်ဖို့ PDF တွေနဲ့ EAO တွေဆီမှာ နည်းလမ်းတွေ ရှိတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ ၎င်းတို့အနေနဲ့ နှစ်ဖက်တိုက်ပွဲတွေပြီးဆုံးသွားမှသာ စစ်မြေပြင်ကို စစ်ဆေးနိုင်ပြီး ကျန်ခဲ့တဲ့ အလောင်းတွေကို ရေတွက်နို်င်ပါလိမ့်မယ်။ ဒါပေမဲ့ ထွက်ပြေးလွတ်မြောက်သွားတဲ့ ဒဏ်ရာရစစ်သည်တွေကို စာရင်းထဲထည့်ပြီး မရေတွက်နိုင်သလို တပ်မတော်ဘက်က ပြန်သယ်သွားနိုင်တဲ့ ကျဆုံးစစ်သည်တွေကိုလည်း စာရင်းထဲထည့်ပြီး မရေတွက်နိုင်ပါဘူး။

 

၉။ လက်ရှိအချိန်မှာ တပ်မတော်ဘက်မှာ အားနည်းချက်တွေအများအပြားရှိနေတာ မှန်ပါတယ်။ ဒါပေမဲ့ တပ်မ တော်ဘက်မှာ ရန်သူဘက်ကလေးစားကြောက်ရွံ့ရတဲ့ အရည်အချင်းရှိတဲ့အရာရှိတွေနဲ့ အတွေ့အကြုံရှိတဲ့တပ် ရင်းတွေလည်း ရှိနေပါတယ်။ တပ်မတော်ဘက်ကကြည့်ရင် PDF ဆိုတာ တပ်မတော်ဘက်ကအရည်အသွေး တွေကို လျှော့ပေးထားရမယ့် အသက်ငယ်ရွယ်ပြီး အတွေ့အကြုံ  နည်းပါးတဲ့ တိုက်ခိုက်ရေးသမားတွေဖြစ် တယ်ဆိုတာပါပဲ။

 

၁၀။ တပ်မတော်ဘက်မှာ လေကြောင်းပစ်ကူအပြင် လက်နက်ကြီးမျိုးစုံရှိနေပါတယ်။ တပ်မတော်ဘက်က လူ၊ လက်နက်၊ ငွေကြေး၊ အချိန် အသုံးအဖြုန်းကြီးတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်ပါတယ်။ ဒါပေမဲ့ PDF တွေ နောက်ဆုံးပြောကြားခဲ့သလို တပ်မတော်ဘက်က မျှော်လင့်ချက်မဲ့စွာ တစ်ဖက်သတ်တိုက်ခိုက်တာကို ရင်ဆိုင် နေရတယ်ဆိုရင် PDF တွေ မလွှဲမရှောင်သာ သေကြေပျက်စီးစေမယ့် အဲဒီလက်နက်ကြီးတွေကို တပ်မတော်က အသုံးမပြုဘူးဆိုတာကတော့ ထူးတွေတည့်အံ့ရာသော် မယုံနိုင်စရာပါပဲလို့ပြောချင်ပါတယ်။

 

မျှော်လင့်ထားတဲ့အတိုင်း မြန်မာနိုင်ငံအတွင်းပိုင်းထဲမှာ ဘာတွေဖြစ်ပျက်နေတယ်ဆိုတာ တိတိကျကျသိရဖို့ ခက်ခဲပါတယ်။

 

ဒါပေမဲ့ အခုပြောတဲ့အချက်အလက်တွေအားလုံးကိုထောက်ရှုလိုက်မယ်ဆိုရင် ထုတ်ပြန်ထားတဲ့ သံသယဖြစ် ဖွယ်ရာကိန်းဂဏန်းအချက်အလက်တွေကို မှတ်ယူရာမှ နှိုင်းချင့်မြော်မြင်နိုင်မှာဖြစ်ပါတယ်။

 

အခုလိုကိစ္စမျိုးတွေမှာ ပြုပြင်မထားတဲ့သတင်းအချက်အလက်တွေဖော်ပြဖို့ ဘယ်ဘက်ကမှ စိတ်မဝင်စားပါဘူး။ ဆိုရိုးစကားတစ်ခုရှိသလိုပဲ စစ်ပွဲမှာပထမဦးဆုံးသေဆုံးသွားတာက အမှန်တရားပါ။

 

Ref: How credible are the casualty figures coming out of Myanmar?Andrew Selth from Lowy Institute

 

#PeopleMedia


Share this post