• Follow Us on

Home မြန်မာရေတပ်ပါဝင်တဲ့ MILAN2024 ရေတပ်ပူးတွဲ စစ်ရေးလေ့ကျင့်မှု အိန္ဒိယနိုင်ငံက ဦးဆောင်ကျင်းပ

မြန်မာရေတပ်ပါဝင်တဲ့ MILAN2024 ရေတပ်ပူးတွဲ စစ်ရေးလေ့ကျင့်မှု အိန္ဒိယနိုင်ငံက ဦးဆောင်ကျင်းပ

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၀

 

မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၅၀ ဝန်းကျင်က ရေတပ်သင်္ဘောတွေပါဝင်မယ့် MILAN2024 ရေတပ်ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို အိန္ဒိယနိုင်ငံကအိမ်ရှင်အဖြစ်ဦးစီးပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။

 

စစ်ရေးလေ့ကျင့်မှုမှာ အမေရိကန်၊ ဂျပန်၊ သြစတေးလျ၊ ပြင်သစ်၊ ဘင်္ဂလားဒေ့ရှ်၊ တောင်ကိုရီးယား၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ အပါအဝင် နိုင်ငံပေါင်း ၅၀ ဝန်းကျင်ပါဝင်လေ့ကျင့်သွားမှာဖြစ်ပါတယ်။

 

မြန်မာ့တပ်မတော်ရေက ဆင်ဖြူရှင်စစ်သင်္ဘောနဲ့ ကျန်စစ်သားစစ်သင်္ဘောတို့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ အိန္ဒိယနိုင်ငံ Visakhapatnam မြို့ကို ရောက်ရှိလာကြောင်း အိန္ဒိယရေတပ်က ပြောပါတယ်။

 

အရှေ့အလယ်ပိုင်းဒေသ ပင်လယ်နီထဲမှာ လုံခြုံရေးအခြေအနေတွေ ယိုယွင်းလာတဲ့အတွက် နိုင်ငံတကာက စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာမှုအပါအဝင် ပထဝီနိုင်ငံရေးအခြေအနေတွေ ဆိုးရွားလာစဉ်အတွင်း အခုလို ရေ တပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ပြုလုပ်လိုက်တာဖြစ်ပါတယ်။

 

စစ်ရေးလေ့ကျင့်မှုကို မဟာမိတ်နိုင်ငံတွေက စစ်သင်္ဘော ၁၅ စီးနဲ့ ပင်လယ်ပြင်ကင်းလှည့်ရေယာဉ်တစ်စင်း ရောက်လာတာနဲ့ စတင်ဆောင်ရွက်ခဲ့တယ်လို့ဆိုပါတယ်။

 

စစ်ရေးလေ့ကျင့်မှုမှာ အိန္ဒိယရေတပ်က MiG 29K ဂျက်တိုက်လေယာဉ်တွေ၊ Tejas အပေါ့စားဂျက်တိုက်လေ ယာဉ်တွေ၊ P-8I တာဝေးကင်းထောက်လေယာဉ်တွေ၊ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးလေယာဉ်တွေအပါအဝင် လေယာဉ်ပေါင်း ၅၀ ဝန်းကျင်ပါဝင်တဲ့ လေယာဉ်တင်သင်္ဘော ဗစ်ကရန် (Vikrant) နဲ့ လေယာဉ်တင်သင်္ဘော ဗစ်ကရာမာဒစ်ယာ (Vikramaditya) တို့ပါဝင်တဲ့ စစ်သင်္ဘော အစီး ၂၀ နီးပါး ပါဝင်လေ့ကျင့်သွားမှာဖြစ်ပါတယ်။

 

အိန္ဒိယနိုင်ငံရဲ့ အရှေ့မျှော်မူဝါဒအရ အင်ဒိုနီးရှား၊ စင်္ကာပူ၊ သီရိလင်္ကာနဲ့ ထိုင်းနိုင်ငံတို့ပါဝင်တဲ့ MILAN ရေတပ် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ၁၉၉၅ ခုနှစ်က စတင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

 

ကမ်းကပ်လေ့ကျင့်ရေးကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်လို ပင်လယ် ပြင်စစ်ရေးလေ့ကျင့်မှုတွေကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပါတယ်။

 

Ref: India hosts Milan naval exercise; around 50 countries participating

 

#PeopleMedia


Share this post