• Follow Us on

Home မြန်မာလေတပ်ဦးစီးချုပ် အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ အာဆီယံလေတပ်အကြီးအကဲများအစည်းအဝေးကို အာဆီယံ ၆ နိုင်ငံ တက်ရောက်

မြန်မာလေတပ်ဦးစီးချုပ် အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ အာဆီယံလေတပ်အကြီးအကဲများအစည်းအဝေးကို အာဆီယံ ၆ နိုင်ငံ တက်ရောက်

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၁၅

 

ဒီမိုကရေစီလိုလားတဲ့လက်နက်ကိုင်အုပ်စုတွေကို မြန်မာနိုင်ငံက လေကြောင်းက တိုက်ခိုက်တာကို ကျယ်ကျယ် ပြန့်ပြန့် ပြစ်တင်ရှုတ်ချနေတဲ့ကြားထဲက အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံရှိတဲ့အနက် နိုင်ငံ ၆ နိုင်ငံက လေတပ်အကြီး အကဲတွေ မြန်မာ နစက အစိုးရက သဘာပတိလုပ်ကျင်းပတဲ့ လေတပ်နှစ်ပတ်လည်အစည်းအဝေးကို တက် ရောက်ခဲ့ကြပါတယ်။

 

စက်တင်ဘာလ ၁၃ ရက်နေ့ (ဗုဒ္ဓဟူးနေ့) က ကျင်းပတဲ့ အဲဒီအစည်းအဝေးကို မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နဲ့ ဘရူနိုင်းနိုင်ငံတွေက လေတပ်အကြီးအကဲတွေ တက်ရောက်ခဲ့ကြောင်း မြန်မာအစိုးရမီဒီ ယာတွေမှာ ဖော်ပြထားပါတယ်။

 

အင်ဒိုနီးရှားနဲ့ မလေးရှားက အစည်းအဝေးမတက်ရောက်ဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ စင်္ကာပူနဲ့ ဖိလစ်ပိုင်ကတော့ ဗီဒီယို သတင်းအချက်အလက်တွေ ပေးပို့ခဲ့တယ်လို့ဆိုပါတယ်။ အကြမ်းဖက်မှုတွေကျူးလွန်နေတဲ့ မြန်မာလေတပ်ရဲ့ ဦးစီးချုပ်က အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ အစည်းအဝေး ကို တက်ရောက်ဖို့ အာဆီယံနိုင်ငံ အများစုက အခုလိုဆုံးဖြတ်ခဲ့တာကို လူ့အခွင့်အရေးအဖွဲ့တွေက အကြီးအ ကျယ်ဝေဖန်ခဲ့ကြပါတယ်။

 

အာဆီယံအဖွဲ့ဟာ အာဆီယံထိပ်တန်းအစည်းအဝေးတွေနဲ့ နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးတွေကို မြန်မာ ထိပ်တန်းခေါင်းဆောင်တွေကို တက်ရောက်ခွင့်မပြုဖို့ ပိတ်ပင်ထားပေမဲ့ တခြားအဆင့်မြင့်အစည်းအဝေးတွေကို တော့ တက်ရောက်ခွင့်ပြုထားပါတယ်။

 

မြန်မာ နစက အစိုးရဟာ ရုရှားအစိုးရနဲ့ ဆက်ဆံရေးမြှင့်တင်နေပြီး ရုရှားအစိုးရက မြန်မာနိုင်ငံကို ဂျက်တိုက် လေယာဉ်တွေထောက်ပံ့ခဲ့သလို မြန်မာလေသူရဲတွေအတွက် သင်တန်းတွေလည်းပို့ချခဲ့တယ်လို့ဆိုပါတယ်။

 

ဗုဒ္ဓဟူးနေ့က ပြီးဆုံးသွားတဲ့ ရုရှားနိုင်ငံ ဗလာဒီဗော့စတော့မြို့မှာကျင်းပခဲ့တဲ့ အရှေ့ဖျားစီးပွားရေးဖိုရမ်ကို မြန်မာ နိုင်ငံက ဝန်ကြီးတွေ စေလွှတ်ခဲ့ပါတယ်။

 

မြန်မာ နစက နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေဟာ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗရော့နဲ့ ကြာသပတေး နေ့က တွေ့ဆုံခဲ့ပါတယ်။

 

စီးပွားရေး/ စစ်ရေး အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေးတွေကို ဆောင်ရွက်သွားမှာဖြစ်ကြောင်း ရုရှားအစိုးရ ပိုင် TASS သတင်းဌာနက ပြောပါတယ်။

 

အာဆီယံလေတပ်အကြီးအကဲတွေရဲ့ အစည်းအဝေးကို အာဆီယံနိုင်ငံ လေတပ်ဦးစီးချုပ်တွေက အလှည့်ကျ တာဝန်ယူကျင်းပရတာဖြစ်ပါတယ်။

 

မြန်မာနိုင်ငံဟာ ၂၀၂၄ ခုနှစ်မှာ အာဆီယံရေတပ်အကြီးအကဲတွေရဲ့အစည်းအဝေးအတွက် အိမ်ရှင်အဖြစ်အ လှည့်ကျသဘာပတိအဖြစ် တာဝန်ယူကျင်းပရဦးမှာဖြစ်ပါတယ်။

 

Ref: 6 ASEAN air force chiefs attend conference hosted by Myanmar

 

#PeopleMedia


Share this post