• Follow Us on

Home မြန်မာသို့ရောက်ရှိလာသော ခရီးသည်များအားလုံး ကျန်းမာရေးဆိုင်ရာအချက်အလက်များ ဖြည့်စွက်ရမည်

မြန်မာသို့ရောက်ရှိလာသော ခရီးသည်များအားလုံး ကျန်းမာရေးဆိုင်ရာအချက်အလက်များ ဖြည့်စွက်ရမည်

Share this post

နေပြည်တော်၊ သြဂုတ် ၂၂

 

မြန်မာနိုင်ငံသို့ ရောက်ရှိလာသော ခရီးသည်များအားလုံးအနေဖြင့် ကျန်းမာရေးဆိုင်ရာ အချက်အလက်များ ဖြည့်သွင်းမှု (HDCs) အား ဖြည့်စွက်ရမည်ဖြစ်ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အသိပေး ထုတ်ပြန်ထားသည်။

 

မြန်မာနိုင်ငံအတွင်း အပြည်ပြည်ဆိုင်ရာလေဆိပ်များနှင့် ရေလမ်းခရီး လမ်းကြောင်းများမှ ဝင်ရောက်လာသော ခရီးသည်များအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက်များအား ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) မှ Mpox (မျောက်ကျောက်ရောဂါ ကူးစက်မှု) အား နိုင်ငံတကာ ပြည်သူ့ ကျန်းမာရေး အရေးပေါ် အခြေအနေ (PHEIC) အဖြစ် (၂၀၂၄) ခုနှစ်၊ ဩဂုတ်လ (၁၄) ရက်နေ့တွင် ကြေညာထားသည့်အတွက် ကျန်းမာရေးဝန်ကြီးဌာန (MOH) ၏ လုပ်ထုံးလုပ်နည်းများအရ မြန်မာနိုင်ငံသို့ ရောက်ရှိလာသော ခရီးသည်များအားလုံးအနေဖြင့် ကျန်းမာရေးဆိုင်ရာ အချက်အလက်များ ဖြည့်သွင်းမှု (HDCs) အား ဖြည့်စွက်ပြီး လူဝင်မှုကြီးကြပ်ရေးကောင်တာများအား မဖြတ်သန်းခင် သက်ဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာန ဝန်ထမ်းများထံ တင်သွင်းရမည် ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

 

လက်ရှိတွင်လည်း ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသူများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် (တံတားဦး)တွင်လည်းကောင်း၊ ကရင်ပြည်နယ် မြဝတီမြို့နယ်စပ်ဝင် ထွက်ဂိတ်တွင်လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ မွေတော်ကျွန်း လူဝင်/လူထွက် စစ်ဆေးရေးကင်းစခန်းတွင် လည်းကောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ တံတားအမှတ် (၁) နယ်စပ်ဝင်ထွက်ဂိတ်တွင်လည်းကောင်း Mpox ရောဂါကာကွယ်ရေး ကိုယ်အပူချိန်တိုင်းတာခြင်း၊ ပြည်ပဆိုက် ရောက်ခရီးသည်များ၏ ကျန်းမာရေးကြေညာချက်အား ကျန်းမာရေးတာဝန်ရှိသူများက စစ်ဆေးခြင်း၊ ခရီးသည်များအား Mpox (မျောက်ကျောက်) ရောဂါနှင့်ပတ်သက်၍ နှိုးဆော်ထားရှိခြင်း အစရှိသော ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

 

#PeopleMedia


Share this post