• Follow Us on

Home မြန်မာသူပုန်တွေ ထိုင်းနိုင်ငံထဲကို မူးယစ်ဆေးအများအပြား မှောင်ခိုတင်သွင်းလျက်ရှိ

မြန်မာသူပုန်တွေ ထိုင်းနိုင်ငံထဲကို မူးယစ်ဆေးအများအပြား မှောင်ခိုတင်သွင်းလျက်ရှိ

Share this post

နိုင်ငံတကာ၊ ဇူလိုင် ၈

 

မြန်မာနိုင်ငံထဲက လက်နက်ကိုင်တိုင်းရင်းသားသူပုန်တွေဟာ မြန်မာအစိုးရကို တော်လှန်ပုန်ကန်နိုင်ရေး ဘဏ္ဍာ ငွေရှာဖွေဖို့အတွက် ထိုင်းနိုင်ငံထဲကို မူးယစ်ဆေးဝါးတွေ တင်သွင်းဖို့ တရားမဝင်မူးယစ်ဆေးဝါးတွေကို တိုးမြှင့် ထုတ်လုပ်လျက်ရှိကြောင်း ထိုင်းကြည်းတပ် ထိပ်တန်းအရာရှိတစ်ဦးက တနင်္လာနေ့ (ဇူလိုင်လ ၈ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

မြန်မာသူပုန်တွေဟာ လက်နက်ဝယ်ယူဖို့နဲ့ ၎င်းတို့တိုက်ခိုက်ရေးအဖွဲ့တွေကို ထောက်ပံ့ဖို့အတွက် ငွေကြေးလို အပ်နေကြောင်း ဖာမောင်းအထူးတပ်ဖွဲ့ရဲ့ ဒုတိယအကြီးအကဲ ဗိုလ်မှူးကြီး မီးချိုင်းနီလာဆတ်က ပြောပါတယ်။

 

ဖာမောင်းအထူးတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့နှစ်ကာလတူအချိန်က မက်သာဖက်တမင်းဆေးပြား ၄၂ သန်း ဖမ်းဆီးရရှိခဲ့ရာ ၂၀၂၄ ခုနှစ် နှစ်စကနေ အခုအချိန်အထိ မက်သာဖက်တမင်းဆေးပြား ၁၅၁ သန်း ဖမ်းဆီးရရှိခဲ့ပါတယ်။

 

ဖာမောင်းအထူးတပ်ဖွဲ့ဟာ ဟီးရိုးအင်း ၂၅၆ ကီလိုဂရမ်နဲ့ အိုက်စ်အဖြစ်လူသိများတဲ့ crystal meth မူးယစ်ဆေး ၁၃၅၀ ကီလိုဂရမ်ကိုလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။

 

အထူးတပ်ဖွဲ့ဟာ နယ်စပ်တစ်လျှောက် တိုက်ပွဲတွေဖြစ်ပွားရင်း မူးယစ်ဆေးမှောင်ခိုကုန်ကူးတဲ့သူပုန် ၂၉ ဦးကို ရှင်းလင်းသုတ်သင်နိုင်ခဲ့ပြီး သံသယရှိသူ ၃၄၇ ဦးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။

 

ထိုင်းနိုင်ငံရဲ့ဘဏ္ဍာရေးနှစ်ဟာ အောက်တိုဘာလ ၁ ရက်နေ့က စတင်တာဖြစ်ပါတယ်။

 

ထိုင်းနိုင်ငံထဲကို ခိုးသွင်းဖို့ သန်းနဲ့ချီတဲ့ မူးယစ်ဆေးဝါးတွေကို မြန်မာနိုင်ငံ နယ်စပ်အနီးမှာ သိမ်းဆည်းသိုလှောင် ထားတယ်လို့ ခန့်မှန်းရကြောင်း ဗိုလ်မှူးကြီး မီးချိုင်းနီလာဆတ်က ပြောပါတယ်။

 

ဖာမောင်အထူးတပ်ဖွဲ့ဟာ ချင်းမိုင်၊ ချင်းရိုင်၊ ဖာယို၊ နန်း၊ ဥတ္တရာဒစ်နဲ့ ဖိဆာနုလောက် စတဲ့ မြောက်ပိုင်းပြည် နယ်တွေရဲ့ ကီလိုမီတာ ၉၃၃ ရှည်လျားတဲ့ နယ်စပ်တစ်လျှောက်ကို အထူးဂရုပြုစောင့်ကြည့်နေပါတယ်။

 

ဒီမိုကရေစီနည်းအရ ရွေးချယ်တင်မြှောက်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရကို ၂၀၂၁ ခုနှစ်မှာ မြန်မာ့တပ်မတော်က ဖြုတ်ချလိုက်ပြီး အာဏာသိမ်းခဲ့ပြီးနောက် မြန်မာနိုင်ငံက လက်နက်ကိုင်တိုင်းရင်း သားသူပုန်တွေ အစိုးရကို စုပေါင်းတိုက်ခိုက်နေကြတာဖြစ်ပါတယ်။

 

Ref: Myanmar rebels flooding Thailand with meth

 

#PeopleMedia


Share this post