မြန်မာသူပုန်အဖွဲ့ထံက လက်နက်ခဲယမ်းတွေ မီဇိုရမ်ရဲတပ်ဖွဲ့ သိမ်းဆည်းရရှိ

PUBLISHED - January 16, 2025
နိုင်ငံတကာ၊ ဇန်နဝါရီ ၁၆
အိန္ဒိယ မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့နဲ့ ထောက်လှမ်းရေးပူးပေါင်းအဖွဲ့ဟာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၊ မာမစ်ခရိုင် အ နောက်ပိုင်း ဖိုင်လန်းရဲစခန်းနယ်မြေတွင်းရှိ ဆိုင်းသာကျးရွာဆင်ခြေဖုံးအရပ်မှာ လက်နက်ခဲယမ်းတွေ ဖမ်းဆီးရရှိခဲ့တယ်လို့ India Today မှာ ဇန်နဝါရီ ၁၅ ရက်မှာ ရေးသားဖော်ပြထားပါတယ်။
ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို အနှောင့်အယှက်ဖြစ်စေတဲ့အတွက် အခုလို စစ်ဆင်ရေးတစ်ရပ် ဆောင်ရွက်ခဲ့ရတာဖြစ်ကြောင်း မီဇိုရမ်ရဲတပ်ဖွဲ့က ပြောပါတယ်။
အထူးစစ်ဆင်ရေးအတွင်း AK-47 မောင်းပြန်ရိုင်ဖယ် ၆ လက်၊ AK ကျည် ၁၀,၀၅၀ တောင့်၊ ကျည်အိမ် ၁၃ ခု သိမ်း ဆည်း ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ လက်နက်ခဲယမ်း ပိုင်ဆိုင်မှုနဲ့ သံသယရှိသူ ၅ ဦးကိုလည်း လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးမိခဲ့တယ်လို့ဆိုပါတယ်။
ဖမ်းဆီးမိခဲ့သူတွေထဲက တစ်ဦးကတော့ မြန်မာနိုင်ငံထဲမှာ အခြေစိုက်တဲ့ သောင်းကျန်းသူအုပ်စုတစ်စုဖြစ်တဲ့ ချင်းအမျိုး သားတပ်ဦး(CNF) က ထင်ရှားတဲ့ ခေါင်းဆောင်တစ်ဦးလို့ ဆိုပါတယ်။
အခုလို ကျော်ကြားတဲ့ ခေါင်းဆောင်တစ်ဦးကို ဖမ်းမိတာဟာ မီဇိုရမ်ပြည်နယ်ထဲက သောင်းကျန်းသူ တန်ပြန်ဆန့်ကျင်ရေး စစ်ဆင်ရေးမှာ ထင်ရှားတဲ့ အောင်မြင်မှုတစ်ခု ရရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
သိမ်းဆီးရမိတဲ့လက်နက်ခဲယမ်းတွေဟာ မြန်မာနိုင်ငံက ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ညီညွတ်သောပြည်သူ့ဒီမိုကရေစီတပ်ဦး (UPDF-P) တို့ကြားက ကုန်သွယ်မှုအတွက် ရည်ရွယ်ထားတဲ့ လက်နက်ခဲယမ်းတွေဖြစ် တယ်လို့ ကနဦးစစ်ဆေးချက်တွေအရ သိရပါတယ်။
အခုစစ်ဆင်ရေးဟာ တရားမဝင်နယ်စပ်ဖြတ်ကျော်တဲ့ တရားမဝင်လက်နက်ကုန်သွယ်မှုကိုရော ဒေသတွင်းလုံခြုံမှုကိုပါ ခြိမ်းခြောက်နေတာကို မီးမောင်းထိုးပြလိုက်တာဖြစ်ပါတယ်။
Ref: Mizoram Police seizes huge cache of arms and ammunition from Myanmar rebel group
#PeopleMedia