• Follow Us on

Home မြန်မာသံအမတ်ကြီးနှင့် တူကီယဲသံအမတ်ကြီးတို့တွေ့ဆုံ၊ စီးပွားရေးနှင့် ကုန်သွယ်မှုတို့အား တိုးမြှင့်ဆောင် ရွက်သွားနိုင်ရေးဆွေးနွေး

မြန်မာသံအမတ်ကြီးနှင့် တူကီယဲသံအမတ်ကြီးတို့တွေ့ဆုံ၊ စီးပွားရေးနှင့် ကုန်သွယ်မှုတို့အား တိုးမြှင့်ဆောင် ရွက်သွားနိုင်ရေးဆွေးနွေး

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁

 

အီဂျစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြင့်လွင်သည် ကိုင်ရိုမြို့အခြေစိုက် အီဂျစ်နိုင်ငံဆိုင်ရာ တူကီယဲ သံအမတ်ကြီး H.E. Mr. Salih Mutlu Sen အား သြဂုတ်လ ၃၁ရက်၊ မွန်းလွဲ ၁နာရီတွင် ကိုင်ရိုမြို့ရှိ Four Seasons Hotel, Nairu & Nairu Lounge Restaurant ၌ တွေ့ဆုံခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။

 

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ရှိရင်းစွဲဆက်ဆံရေးအား ပိုမိုတိုးတက်ခိုင်မာစေရေးအတွက် စီးပွားရေးနှင့် ကုန်သွယ်မှုတို့အား တိုးမြှင့်ဆောင်ရွက်သွားနိုင်ရေး၊ နှစ်နိုင်ငံ လက်မှတ်ရေးထိုး ထားပြီးဖြစ်သော သဘော တူညီချက်များနှင့် နားလည်မှုစာချွန်လွှာများပါ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများအား ဆက်လက် အကောင် အထည်ဖော်ဆောင်ရွက်သွားနိုင်ရေးတို့နှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍ မြန်မာသံအမတ်ကြီးက နိုင်ငံတော်အစိုးရ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့်အညီ တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုအခြေအနေ၊ ရွေးကောက်ပွဲ ကျင်းပပေးနိုင် ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေ၊ အာဆီယံ တူညီဆန္ဒ (၅)ချက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ အကြမ်းဖက်မှုများ ရပ်တန့်ရေး၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင် ရာ ကူညီထောက်ပံ့မှုများ ပေးအပ်ရေးအတွက် ကူညီဆောင်ရွက်ပေးနေမှုအခြေအနေ၊ မိုခါဆိုင်ကလုန်းဘေး ဒဏ် ထိခိုက်ခံစားခဲ့ရသည့်ဒေသများနှင့် ပြည်သူများအား ကူညီကယ်ဆယ်ပေးနေမှုနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းအတွက် ဆောင်ရွက်ပေးနေမှုအခြေအနေတို့နှင့်စပ်လျဉ်း၍ အခြေအနေမှန်တို့ကို အသိပေး ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post