မြန်မာအကျပ်အတည်းအတွက် ထောက်ပံ့ဖို့ ဥရောပသမဂ္ဂကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး တောင်းဆို
PUBLISHED - February 5, 2024
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၅
မြန်မာ့အရေးဆောင်ရွက်ရာမှာ ဝိုင်းဝန်းထောက်ပံ့ကြဖို့ ဥရောပသမဂ္ဂကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီး ဘဟစ်ဒါနူကာရာက တောင်းဆိုလိုက်ပါတယ်။
ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့မှာ သောကြာနေ့ (ဖေဖော်ဝါရီလ ၂ ရက်နေ့) က ကျင်းပခဲ့တဲ့ ၂၄ ကြိမ် မြောက် အာဆီယံ- ဥရောပသမဂ္ဂဝန်ကြီးများအစည်းအဝေး (AEMM) မှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက အခုလို မေတ္တာရပ်ခံလိုက်တာဖြစ်ပါတယ်။
ကမ္ဘာလုံးဆိုင်ရာပဋိပက္ခအများအပြားနဲ့ ရင်ဆိုင်ရာမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းနိုင်ဖို့အတွက် စု ပေါင်းဆောင်ရွက်တဲ့နည်းလမ်းကို အသုံးပြုဖို့ အာဆီယံ- ဥရောပသမဂ္ဂဝန်ကြီးများအစည်းအဝေးကျင်းပနေစဉ် အတွင်း မစ္စတာပန်ပရီးက တောင်းဆိုခဲ့ပါတယ်။
ဖြေရှင်းရေးနည်းလမ်းတစ်ရပ်ရှာဖွေနိုင်ဖို့ မျှော်လင့်ချက်နဲ့ မြန်မာနိုင်ငံက အဖွဲ့အစည်းတွေအားလုံးကြားနဲ့ နိုင်ငံ တကာအသိုင်းအဝိုင်းကြား အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေစတင်ဖြစ်ပေါ်လာအောင် ဆောင်ရွက်တဲ့ ခြေ လှမ်းငယ်တစ်ရပ်အဖြစ် မြန်မာနိုင်ငံက လူသားချင်းစာနာထောက်ထားမှုုလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ထိုင်း နိုင်ငံကို ဥရောပသမဂ္ဂကထောက်ပံ့ဖို့ မျှော်လင့်ချက်နဲ့ မစ္စတာပန်ပရီးက ပြောကြားခဲ့တာဖြစ်ပါတယ်။
“အပြောင်းအလဲတွေဖြစ်ပေါ်လာဖို့အတွက် အာဆီယံနဲ့ ဥရောပသမဂ္ဂတို့ လက်တွဲပြီး ပူးပေါင်းဆောင်ရွက်နိုင်ပါ တယ်။” လို့ ၎င်းက ပြောပါတယ်။
“အာဆီယံ-ဥရောပသမဂ္ဂ မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မယ့်မိတ်ဖက်အဖွဲ့အစည်းတစ်ခုအဖြစ်ထူ ထောင်နိုင်ဖို့ ကမ္ဘာတစ်ဝန်းက အဖွဲ့အစည်းအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအတွက် ကျွန်တော်တို့ရဲ့ ပြတ် သားခိုင်မာတဲ့ဆုံးဖြတ်ချက်ကို ပြသဖို့ လိုအပ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
“အလုံးစုံပူးပေါင်းပါဝင်ရေးဟာ အင်ဒို-ပစိတ်ဖိတ်ဒေသနဲ့ပတ်သက်တဲ့ အာဆီယံအဖွဲ့ သဘေထားအမြင်ရဲ့ အဓိက အခြေခံမူတစ်ရပ်ပဲဖြစ်ပါတယ်။ အင်ဒို-ပစိဖိတ်ဒေသအတွက် ဥရာပသမဂ္ဂမှာ လွတ်လပ်သော၊ ပွင့်လင်း မြင်သာသော၊ ဥပဒေစည်းမျဉ်းအခြေပြုသော၊ အားလုံးပါဝင်တဲ့ အမြင်တစ်ရပ်ရှိတယ်လို့ ကျွန်တော်တို့ ယုံကြည် ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
အာဆီယံနဲ့ ဥရောပသမဂ္ဂအဖွဲ့တို့ နောက်ထပ် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုရဲ့ ဗဟိုချက်မတွေဖြစ်လာဖို့အတွက် စွမ်းအင်ကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍနဲ့ ဒစ်ဂျစ်တယ်နည်းပညာကဏ္ဍတွေအတွက် ခေတ်မီသန့်ရှင်းပြီး သဘာဝပတ်ဝန်းကျင်မထိခိုက်တဲ့ ကွန်ရက်တွေမှာ ပူးပေါင်းဆောင်ရွက်ပြီး ရင်းနှီးမြှုပ်နှံဖို့လည်း မစ္စတာပန်ပရီး က တောင်းဆိုထားပါတယ်။
Ref: Foreign minister calls for EU support on Myanmar crisis
#PeopleMedia