• Follow Us on

Home မြန်မာအစိုးရကို ဆန့်ကျင်ပုန်ကန်တဲ့လှုပ်ရှားမှုမျိုး ထိုင်းမြေပေါ်မှာ ခွင့်ပြုမှာမဟုတ်ကြောင်း ထိုင်းအစိုးရပြော

မြန်မာအစိုးရကို ဆန့်ကျင်ပုန်ကန်တဲ့လှုပ်ရှားမှုမျိုး ထိုင်းမြေပေါ်မှာ ခွင့်ပြုမှာမဟုတ်ကြောင်း ထိုင်းအစိုးရပြော

Share this post

နိုင်ငံတကာ၊ ဧပြီ ၂၄

 

မြန်မာအစိုးရကို ဆန့်ကျင်ပုန်ကန်တဲ့လှုပ်ရှားမှုမျိုးတွေကို ထိုင်းမြေပေါ်မှာ ဖွဲ့စည်းတည်ထောင်ခွင့်ပြုမှာ မဟုတ် ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Nikorndej Balankura က ဧပြီလ ၂၃ ရက်နေ့က ဘန် ကောက်မှာကျင်းပခဲ့တဲ့ မြန်မာ့အရေးအစည်းအဝေးအပြီးမှာ ပြောကြားလိုက်ပါတယ်။

 

ဒုတိယဝန်ကြီးချုပ် Parnpree Bahiddha-Nukara ဦးစီးတဲ့ အဲဒီအစည်းအဝေးကို ထိုင်းနိုင်ငံ တာ့ခ်ပြည်နယ် မဲဆောက်ခရိုင် ခရီးစဉ်မသွားခင် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

 

သတင်းထောက်တစ်ဦးရဲ့မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာမှာ “မြန်မာ့တပ်မတော်ပဲဖြစ်ဖြစ် ဆန့်ကျင်ပုန် ကန်နေတဲ့အဖွဲ့တွေကိုပဲဖြစ်ဖြစ် ဘယ်အဖွဲ့ကိုမှ ထိုင်းနိုင်ငံဘက်မှာ စစ်ရေးလှုပ်ရှားခွင့်ပြုမှာမဟုတ်ကြောင်း” ၎င်း က ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

 

မစ္စတာ ပန်းပရီးရဲ့ခရီးစဉ်မှာ ကာကွယ်ရေးဝန်ကြီး ဆုတင်ကလန်ဆန်းနဲ့ ပြည်ထဲရေးဝန်ကြီး အနူတင်ချန်းဗီ ရာကူလ်တို့လည်းပါဝင်ပါတယ်။

 

ဘန်ကောက်မှာကျင်းပခဲ့တဲ့အစည်းအဝေးမှာ အချက် ၃ ချက်ကို သဘောတူညီခဲ့ရာ ထိုင်းနို်င်ငံရဲ့ အချုပ်အခြာ အာဏာကို ကာကွယ်စောင့်ရှောက်ဖို့၊ မြန်မာအစိုးရကို ဆန့်ကျင်တဲ့လှုပ်ရှားမှုတွေကို ထိုင်းနိုင်ငံထဲမှာ ခွင့်မပြုဖို့ နဲ့ ဘယ်ဘက်ကိုမှ ခွဲခြားဆက်ဆံခြင်းမရှိဘဲ လူသားချင်းစာနာမှုစံနှုန်းတွေနဲ့အညီ ဆက်ဆံသွားဖို့ဖြစ်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ် Nikorndej Balankura က ပြောပါတယ်။

 

ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံဘက်ကထွက်ပြေးလာတဲ့စစ်ဘေးရှောင်ဒုက္ခသည်တွေကို ကူညီလက်ခံထားခဲ့ရာ ဒုက္ခသည် ၃၀၀၀ ဝန်းကျင်ရောက်ရှိလာပေမဲ့ မြန်မာနိုင်ငံဘက်ကို ပြန်လည်ထွက်ခွာသွားပြီဖြစ်တဲ့အတွက် မြန် မာဒုက္ခသည် ၉၈၃ ဦးသာ ကျန်ရှိတော့တယ်လို့ဆိုပါတယ်။

 

မြန်မာ့အရေးဖြေရှင်းနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲတွေဖြစ်မြောက်လာဖို့ ထိုင်းနိုင်ငံက ညှိနှိုင်းပေးဖို့အတွက် လည်း အသင့်ရှိနေကြောင်း Nikorndej Balankura က ပြောပါတယ်။

 

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နေသလို ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီကလည်း မြန်မာနယ်စပ်က တိုက်ပွဲအခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေ ကြောင်း ၎င်းက ပြောပါတယ်။

 

Ref: Refugee plan mapped out

 

#PeopleMedia


Share this post