မြန်မာအစိုးရနဲ့ လက်နက်ကိုင်များကြား စတင်ဆွေးနွေးရန် ထိရှလွယ်တဲ့ပြဿနာတွေရှိနေကြောင်း ထိုင်း ဝန်ကြီးချုပ်ပြော
PUBLISHED - April 9, 2024
နိုင်ငံတကာ၊ ဧပြီ ၉
မြန်မာအစိုးရနဲ့ လက်နက်ကိုင်အဖွဲ့များကြား ဆွေးနွေးပွဲများစတင်ဆောင်ရွက်နိုင်ရန် ထိရှလွယ်တဲ့ ပြဿနာတွေ ရှိနေကြောင်း ထိုင်းဝန်ကြီးချုပ် ဆရက်ထာထာဗီဆင်က ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ တိုက်ပွဲတွေ အရှိန်မြင့်တက်နေတာနဲ့ ပတ်သက်ပြီး ဧပြီလ ၉ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲ အပြီးမှာ ဝန်ကြီးချုပ်က အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။
“ကျွန်တော်တို့ အားလုံးနဲ့ စကားပြောမှ ရမယ်။” လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ တိုက်ပွဲတွေဖြစ်ပွားလျက်ရှိပြီး ပြည်ပြေးစင်ပြိုင်အစိုးရကထောက်ပံ့ထားတဲ့ လက်နက်ကိုင်အုပ်စုတွေက ပြီးခဲ့တဲ့ စနေ/တနင်္ဂနွေက ထိုင်းနယ်စပ်က မြို့တစ်မြို့ရဲ့ အစိတ်အပိုင်းတချို့အ ပါအဝင် စစ်စခန်းလေးငါးခုနဲ့ မြို့တွေကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
၂၀၂၁ ခုနှစ်မှာ ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းလိုက်ကတည်းက မြန်မာ နစက အစိုးရ ရင် ဆိုင်လာရတဲ့စိန်ခေါ်မှုတွေထဲမှာ သူပုန်ထမှုဟာ အကြီးမားဆုံး စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်ကလည်း နစက အစိုးရကို ဆန့်ကျင်နေတဲ့တိုက်ခိုက်ရေးအဖွဲ့တွေဟာ စစ်လက်နက်ပစ္စည်း တွေနဲ့ ကောင်းစွာကာကွယ်ထားတယ်လို့ ယူဆရတဲ့ မြန်မာနိုင်ငံမြို့တော် နေပြည်တော်မှာရှိတဲ့ စစ်စခန်းတွေကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။
မြန်မာအစိုးရဟာ အားနည်းလာပြီဖြစ်တဲ့အတွက် အခုအချိန်ဟာ ဆွေးနွေးရမယ့် အချိန်ကောင်းဖြစ်တယ်လု့ိ လည်း မစ္စတာဆရက်ထာက မကြာသေးခင်က အင်တာဗျူးတစ်ခုမှာ ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ မြန်မာ့အရေးမှာ ဘက်မလိုက်ကြားနေဝါဒကို ဆက်လက်ကျင့်သုံးဆဲဖြစ်ပြီး မြန်မာစစ်ဘေး ရှောင်ဒုက္ခသည် ၁၀၀၀၀၀ အထိ လက်ခံထားနိုင်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်းပရီးဘဟစ်ဒါနူကာရာ က ဧပြီ ၉ ရက်နေ့ မနက်ပိုင်းက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရရှိဖို့ စစ်ပွဲမှာပါဝင်ပတ်သက်နေတဲ့ အဖွဲ့အားလုံးက စေ့စပ်ညှိနှိုင်းဆွေးနွေးသွားသင့် ကြောင်းလည်း မစ္စတာပန်းပရီးက တိုက်တွန်းပါတယ်။
မြန်မာနိုင်ငံနဲ့ ကီလိုမီတာ ၂၀၀၀ ဝန်းကျင် နယ်နိမိတ်ထိစပ်နေတဲ့ ထိုင်းနိုင်ငံဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လ မစ္စတာ ဆရက်ထာအာဏာရ လာကတည်းက လူသားချင်းစာနာမှုအကူအညီတွေပို့ဆောင်ပေးတာအပါအဝင် နည်း လမ်းပေါင်းစုံနဲ့ ဆက်သွယ်ဆောင်ရွက်လျက်ရှိပါတယ်။
မြန်မာ နစက အစိုးရက ကန့်ကွက်နေတဲ့ကြားက ထိုင်းလွှတ်တော်အမတ်တွေဟာ မြန်မာ နစက အစိုးရကို ပုန် ကန်နေတဲ့သူတွေပါဝင်တဲ့ မြန်မာ့နိုင်ငံရေးဆွေးနွေးပွဲတစ်ခုကို လွှတ်တော်ထဲမှာ ကျင်းပခဲ့ပါတယ်။
Ref: Thai PM says sensitive issues at play in Myanmar dialogue, must address all sides
#PeopleMedia