မြန်မာအစိုးရ တီမောလက်စ်တီသံရုံးတာဝန်ခံကို တိုင်းပြည်ကနှင်ထုတ်
PUBLISHED - August 28, 2023
နိုင်ငံတကာ၊ သြဂုတ် ၂၈
တီမောလက်စ်တီအစိုးရဟာ မြန်အတိုက်အခံ NUG အစိုးရနဲ့ တွေ့ဆုံခဲ့တဲ့အတွက် မြန်မာနိုင်ငံမှာရှိတဲ့ တီမော လက်စ်တီးသံရုံးတာဝန်ခံကို မြန်မာနိုင်ငံထဲက ထွက်ခွာသွားဖို့ မြန်မာ နစက အစိုးရက သြဂုတ်လ ၂၇ ရက်နေ့ (တနင်္ဂနွေနေ့) က မောင်းထုတ်ခဲ့ကြောင်း CNA သတင်းဌာနမှာရေးသားဖော်ပြထားပါတယ်။
ပြည်ပြေးလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ခေါ် NUG အစိုးရကို မြန်မာ နစက အစိုးရက အကြမ်းဖက်အဖွဲ့အစည်းတစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။
တီမောလက်စ်တီသမ္မတ ဟိုဆေးရာမို့စ်ဟော်တာဟာ NUG ပြည်ပြေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာ အောင်နဲ့ ပြီးခဲ့တဲ့လက တီမောနိုင်ငံမြို့တော် ဒီလီမာတွေ့ဆုံခဲ့ပါတယ်။
အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မြန်မာ နစက အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့က “တီမောလက်စ်တီး နိုင်ငံရဲ့ တာဝန်မဲ့တဲ့လုပ်ရပ်” အဖြစ် ပြစ် တင်ရှုတ်ချခဲ့ပြီး ရန်ကုန်မြို့မှာရှိတဲ့ တီမောလက်စ်တီသံရုံးတာဝန်ခံကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့ထက် နောက် မကျစေဘဲ မြန်မာနိုင်ငံကထွက်ခွာသွားဖို့ အမိန့်ထုတ်ခဲ့ ပါတယ်။
တီမောလက်စ်တီနိုင်ငံဟာ မြန်မာနိုင်ငံတွင်းမှာ အကြမ်းဖက်လုပ်ရပ်တွေ ဆက်လက်ကျူးလွန်ဖို့အတွက် အ ကြမ်းဖက်အုပ်စုကို တိုက်တွန်းအားပေးခဲ့ကြောင်း မြန်မာနိုင်ငံခြားရေးဝ်နကြီးဌာနက ၎င်းတို့ဌာနရဲ့ Facebook ပေါ်မှာရေးသားခဲ့ပါတယ်။
တီမောလက်စ်တီနိုင်ငံက မြန်မာအစိုးရရဲ့ နှင်ထုတ်တဲ့အမိန့်ကို ပြစ်တင်ရှုတ်ချလိုက်ပြီး “မြန်မာနိုင်ငံမှာ ဒီမိုက ရေစီပြန်လည်ရရှိရေးအတွက် ကြိုးပမ်းအားထုတ်မှုတိုင်းကို ထောက်ခံအားပေးဖို့ အရေးကြီးကြောင်း” ထုတ်ပြန် ကြေညာခဲ့ပါတယ်။
တီမောလက်စ်တီအစိုးရက မြန်မာ နစက အစိုးရကို “လူ့အခွင်အရေးကိုလေးစားဖို့၊ အကျပ်အတည်းတွေကို ငြိမ်းချမ်းပြီး အပြုသဘောဆောင်တဲ့နည်းလမ်းတွေနဲ့ ဖြေရှင်းနိုင်ရေးကြိုးစားဖို့” တိုက်တွန်းလိုက်ပါတယ်။
တီမောလက်စ်တီနိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ) ရဲ့ အဖွဲ့ဝင်နိုင်ငံဖြစ်လာဖို့ မျှော်လင့် ထားတဲ့နိုင်ငံဖြစ်ပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံတွင်း ပဋိပက္ခတွေချုပ်ငြိမ်းသွားအောင်ဆောင်ရွက်ဖို့ မြန်မာ နစကအစိုးရကို အာဆီယံအဖွဲ့ ကြီးက မဖျောင်းဖျနိုင်ဘူးဆိုရင် တီမောလက်စ်တီနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့ထဲဝင်ဖို့ကြိုးပမ်းမှုကို ပြန်လည်စဉ်း စားနိုင်တယ်လို့ ပြီးခဲ့တဲ့လအစောပိုင်းက တီမောနိုင်ငံ ဝန်ကြီးချုပ် ဆာနားနားဂက်စ်မောင်းက ပြောပါတယ်။
မြန်မာနိုင်ငံမှာ တပ်မတော်ကအာဏာထိန်းသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်ကတည်းက အာဆီယံအဖွဲ့က မြန်မာနိုင်ငံ ပြောင်းလဲလာအောင် ဆောင်ရွက်နိုင်စွမ်းမရှိသေးတဲ့အပြင် အာဆီယံအဖွဲ့အတွင်းမှာလည်း မြန်မာနိုင်ငံကို ဘယ် လိုကိုင်တွယ်ရမလဲဆိုတာနဲ့ပတ်သက်ပြီး သဘောထားကွဲပြားလျက်ရှိပါတယ်။
အာဆီယံအဖွဲ့က ထိပ်သီးအစည်းအဝေးတွေမှာ မြန်မာ နစက အစိုးရကိုယ်စားလှယ်တွေကို တက်ရောက်ခွင့်မ ပြုပေမဲ့ အာဆီယံအဖွဲ့ဝင်ထိုင်းနိုင်ငံကတော့ မြန်မာနိုင်ငံခြားရေးဝန်ကြီးကို အလွတ်သဘော လက်ခံတွေ့ဆုံပြီး ဆွေးနွေးခဲ့ပါတယ်။
မြန်မာအစိုးရရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ချက်နိုင်ငံ ပရော့ဂ်မြို့မှာ အခြေစိုက်နေတဲ့ NUG ကိုယ်စားလှယ် ဦး လင်းသန့်က ပြစ်တင်ရှုတ်ချလိုက်ပြီး တီမောလက်စ်တီသံရုံးတာဝန်ခံကို အခုလို နိုင်ငံတွင်းကမောင်းထုတ်လိုက် တာ တရားမျှတမှုမရှိဘူးလို့ AFP သတင်းဌာနကို ပြောပါတယ်။
Ref: Myanmar expels top Timor-Leste diplomat: CAN
#PeopleMedia