မြန်မာအမျိုးသားလေကြောင်းလိုင်းခရီးစဉ်များ အချိန်ပြောင်းလဲပြေးဆွဲနေ
PUBLISHED - October 28, 2024
နေပြည်တော်၊ အောက်တိုဘာ ၂၈
ရန်ကုန်၊ ပုသိမ်၊ ညောင်ဦး၊ မန္တလေး လေယာဉ်ခရီးစဉ်အချိန်များကို ယမန်နေ့မှစတင်ပြီး ပြောင်းလဲပြေးဆွဲ ပေးနေပြီဖြစ်ကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်းမှ သိရသည်။
ပြောင်းလဲပြေးဆွဲမည့် ခရီးစဉ်များမှာ ရန်ကုန် – ပုသိမ် – ညောင်ဦး – မန္တလေး ခရီးစဉ်ကို တနင်္ဂနွေနေ့တွင် ရန်ကုန်မှ နံနက် ၁၁ နာရီခွဲတွင် ထွက်ခွာပြီး ပုသိမ်သို့ မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်တွင်လည်းကောင်း၊ ပုသိမ်မှ မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်တွင်ထွက်ခွာပြီး ညောင်ဦးသို့ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်တွင်လည်းကောင်း၊ ညောင်ဦးမှ မွန်းလွဲ ၂ နာရီ ၂၅ မိနစ်တွင် ထွက်ခွာပြီး မန္တလေးသို့ မွန်းလွဲ ၃ နာရီတွင်လည်းကောင်း၊ တနင်္လာနေ့တွင် မန္တလေး- ညောင်ဦး – ပုသိမ် – ရန်ကုန်ခရီးစဉ်များကို မန္တလေးမှ မွန်းလွဲ ၂ နာရီ မိနစ် ၂၀ တွင် ထွက်ခွာပြီး ညောင်ဦးသို့ မွန်းလွဲ ၂ နာရီ ၅၅ မိနစ်တွင်လည်းကောင်း၊ ညောင်ဦးမှ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်တွင် ထွက်ခွာပြီး ပုသိမ်သို့ ညနေ ၄ နာရီ ၅၅ မိနစ်တွင်လည်းကောင်း၊ ပုသိမ်မှ ညနေ ၅ နာရီ ၁၀ မိနစ်တွင် ထွက်ခွာပြီး ရန်ကုန်သို့ ညနေ ၅ နာရီ မိနစ် ၅၀ တွင် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
ယင်းခရီးစဉ်အတွက် သတ်မှတ်ထားသောဈေးနှုန်းမှာ ရန်ကုန်မှ ပုသိမ်သို့ ငွေကျပ် ၁၆ဝဝဝဝ၊ ပုသိမ်မှ ညောင်ဦးသို့ ငွေကျပ် ၁၉ဝဝဝဝ၊ မန္တလေးမှ ညောင်ဦးသို့ ငွေကျပ် ၁၁ဝဝဝဝ၊ ရန်ကုန်မှ ညောင်ဦးသို့ ငွေကျပ် ၂၉၀၀၀၀၊ မန္တလေးမှ ပုသိမ်သို့ ငွေကျပ် ၃၆၀၀၀၀ သတ်မှတ်ထားပြီး ATR 72-600 လေယာဉ်ဖြင့် ပျံသန်းပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။
#PeopleMedia