• Follow Us on

Home မြန်မာအမျိုးသားလေကြောင်းမှ နိုင်ငံတကာခရီးစဉ်အဖြစ် ကူးမင်းမြို့သို့စတင်ပြေးဆွဲ

မြန်မာအမျိုးသားလေကြောင်းမှ နိုင်ငံတကာခရီးစဉ်အဖြစ် ကူးမင်းမြို့သို့စတင်ပြေးဆွဲ

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၆

 

မြန်မာအမျိုးသားလေကြောင်းမှ နိုင်ငံတကာခရီးစဉ်အဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူးမင်းမြို့သို့ ယမန် နေ့က စတင်ပျံသန်းပြေးဆွဲခဲ့ကြောင်း သိရသည်။

 

ယမန်နေ့ နံနက် ၉ နာရီအချိန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်(Terminal 1) တွင် ရန်ကုန်-ကူမင်း-ရန်ကုန် ခရီးစဉ် စတင်ပျံသန်းပြေးဆွဲသည့် အထိမ်းအမှတ်အခမ်းအနားကို ဖဲကြိုးဖြတ် ကျင်းပပြုလုပ်ခဲ့ပြီး ရန်ကုန်-ကူး မင်းခရီးစဉ် (UB-805) တွင် ခရီးသည်အရေအတွက် ၃၇ ဦး လိုက်ပါခဲ့ကာ ကူမင်း-ရန်ကုန်ခရီးစဉ်တွင် ခရီးသည် ၃၉ ဦး ပျံသန်းစီးနင်းလိုက်ပါခဲ့ကြောင်း သိရသည်။

 

မြန်မာအမျိုးသားလေကြောင်း၏ နိုင်ငံတကာခရီးစဉ်သစ်ဖြစ်သော ရန်ကုန်-ကူမင်း-ရန်ကုန် ခရီးစဉ်ကို နိုဝင်ဘာ လ ၅ ရက်နေ့မှစ၍ ၁ ပတ်လျှင် ၃ ကြိမ် တနင်္လာနေ့၊ သောကြာနေ့နှင့် တနင်္ဂနွေနေ့များတွင် ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ် (Terminal 1) မှ Boeing 737-800 NG လေယာဉ်ဖြင့် ပျံသန်းပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post