မြန်မာ့စစ်ဘေးရှောင် ဒုက္ခသည်တွေအတွက် ထိုင်းနိုင်ငံ ကြိုတင်ပြင်ဆင်ထား
PUBLISHED - December 4, 2023
နိုင်ငံတကာ၊ ဒီဇင်ဘာ ၄
မြန်မာနိုင်ငံမှာ တိုက်ပွဲတွေအရှိန်မြင့်တက်လာတဲ့အတွက် နယ်စပ်တစ်လျှောက် ဒုက္ခသည်စခန်းတွေဖွင့်လှစ်ဖို့ ထိုင်းအစိုးရအနေနဲ့ အသင့်ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီဘဟစ်ဒါနူကာရာက ပြော ကြားလိုက်ပါတယ်။
ထိုင်းနိုင်ငံရဲ့အသင့်ဖြစ်တဲ့အခြေအနေကို အတည်ပြုပြီးနောက် ထိုင်းအစိုးရအနေနဲ့ မြန်မာနိုင်ငံထဲက အခြေအ နေတွေကို စောင့်ကြည့်နေပြီး သက်ဆိုင်ရာအဖွဲ့အစည်းအားလုံး အပစ်အခတ်ရပ်စဲပြီး ဖြစ်နိုင်သမျှ အမြန်ဆုံးစေ့ စပ်ညှိနှိုင်းကြဖို့ တောင်းဆိုထားကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက တနင်္ဂနွေနေ့က ပြောပါတယ်။
“လက်ရှိအခြေအနေအရတော့ ဒုက္ခသည်တွေ အလုံးအရင်းနဲ့ ဝင်ရောက်လာမယ့်အခြေအနေမရှိသေးပါဘူး။ ဒါ ပေမဲ့ တိုက်ပွဲတွေပိုမိုပြင်းထန်ပြီး အရှိန်မြင့်လာမယ်ဆိုရင် ထိုင်းနိုင်ငံတစ်ခုတည်းကိုသာမဟုတ်ဘဲ ပတ်ဝန်းကျင် နိုင်ငံအားလုံးကိုပါ ဒုက္ခသည်တွေ ပြန့်နှံ့ ရောက်ရှိသွားနိုင်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
မြန်မာနိုင်ငံထဲမှာ ကြားခံစစ်ပွဲတစ်ပွဲနဲ့ ပတ်သက်တဲ့ ဘယ်လိုသတင်းမျိုးကိုမှ လက်ခံရရှိခြင်းမရှိဘူးလို့ မစ္စတာ ပန်ပရီက ပြောပါတယ်။
စနေနေ့ (ဒီဇင်ဘာလ ၂ ရက်နေ့) က မြဝတီမြို့မှာ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားသူပုန်တွေ တိုက်ပွဲဖြစ်ပွား နေပြီး စီးပွားရေသမားတွေနဲ့ ကုန်ကားတွေ ပိတ်မိနေတယ်လို့ သတင်းတွေတက်လာပါတယ်။
တိုက်ပွဲဖြစ်ပွားရာအရပ်ဟာ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ထိုင်းနိုင်ငံ၊ တပ်ခ်ပြည်နယ်၊ မဲဆောင်ခရိုင် နဲ့ ၁၀ ကီလိုမီတာအကွာအဝေးမှာပဲ ရှိတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံထဲက လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေတွေဟာ ထိုင်းနိုင်ငံအပေါ် ရိုက်ခတ်မှုရှိမလာသေးပေမဲ့ ဒုက္ခ သည်တွေ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာပြီဆိုရင်တော့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေး သွားမှာဖြစ်ကြောင်း ကြည်းတပ်အမှတ် ၃ တပ်မရဲ့အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ပရာဆန်ဆန်းဆီရီရက်က ပြောပါတယ်။
ထိုင်းတပ်ဖွဲ့ဝင်တွေ နယ်စပ်တစ်လျှောက်ဖြန့်ကျက်ချထားသလို ထိုင်းနိုင်ငံဘက်ကို ကျူးကျော်ဝင်ရောက်မလာ ရေးအတွက် မြန်မာ နစက အစိုးရဘက်ကလည်း ပူးပေါင်းဆောင်ရွက်နေကြောင်း ၎င်းက ပြောပါတယ်။
Ref: Thailand ready to receive Myanmar war refugees
#PeopleMedia