မြန်မာ့တပ်မတော်ကိုဆန့်ကျင်သူများအား အနီးကပ်စောင့်ကြည့်နေကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးပြော

PUBLISHED - February 27, 2024
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၇
ထိုင်းနိုင်ငံထဲမှာ မြန်မာ့တပ်မတော်ကိုဆန့်ကျင်နေတဲ့အုပ်စုတွေရဲ့ လှုပ်ရှားမှုတွေကို အနီးကပ်စောင့်ကြည့်နေ ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီး ဆုတင်ကလန် ဆန်းက သောကြာနေ့ (ဖေဖော်ဝါရီ ၂၃ ရက်နေ့) က ပြော ကြားလိုက်ပါတယ်။
အဲဒီလိုလှုပ်ရှားဆောင်ရွက်နေသူတွေကို တခြားမြန်မာရွှေ့ပြောင်းလုပ်သားတွေအပေါ် ဆက်ဆံတဲ့နည်းလမ်း နဲ့ မတူတဲ့ နည်းလမ်းတစ်ခုခုနဲ့ ကိုင်တွယ်ထိန်းချုပ်သွားမှာဖြစ်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
“ထိုင်းနိုင်ငံထဲကိုဝင်ရောက်လာတဲ့ မြန်မာလူဦးရေက သိပ်အများကြီးမဟုတ်လို့ လောလောဆယ် စိုးရိမ်စရာမရှိ သေးပါဘူး။ အဲဒီမြန်မာတွေကလည်း မကြာခင် သူတို့နိုင်ငံပြန်သွာကြလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။” လို့ ၎င်းက ပြောပါတယ်။
ထိုင်းနိုင်ငံထဲကို အရင်ကတည်းကဝင်ရောက်လာတဲ့ ရွှေ့ပြောင်းလုပ်သားတွေသာ ဆက်လက်နေထိုင်သွားမှာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ မကြာသေးခင်က စစ်မှုမထမ်းမနေရ ဥပဒေပြဋ္ဌာန်းလိုက်ပေမဲ့ မြန်မာလူမျိုးတွေ အ လုံးအရင်း ထိုင်းနိုင်ငံထဲကိုဝင်ရောက်လာတာ မတွေ့ရကြောင်း ၎င်းက ပြောပါတယ်။
သောကြာနေ့က တာ့ခ်ပြည်နယ်၊ မဲဆောင်ခရိုင်နယ်စပ်ဒေသ ဘန်းမဲကွန်ကန်ရှိ ဆိတ်ဆန်ခေါ် တပ်စခန်းတစ်ခု ကို သွားရောက်စစ်ဆေးစဉ် ကာကွယ်ရေးဝန်ကြီးဆုတင်က အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။
နယ်စပ်ဒေသမှာတာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်သားတွေ၊ အရန်တပ်ဖွဲ့ဝင်တွေနဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဝင်တွေကို ကိုယ်ချင်းစာပြီး ၎င်းတို့အတွက် ထောက်ပံ့ကြေးတွေ ပိုမိုပေးအပ်သွားမှာဖြစ်ကြောင်း ခရီးစဉ်အတွင်း ဆုတင်က ပြောပါတယ်။
အဲဒီတပ်ဖွဲ့ဝင်တွေဟာ နယ်စပ်ဒေသလုံခြုံရေးသာမက မူးယစ်ဆေးဝါးမှောင်ခိုကုန်ကူးမှုလို ရာဇဝတ်မှုတွေကို လည်း တိုက်ဖျက်နေရကြောင်း ၎င်းက ပြောပါတယ်။
“ထိုင်းနိုင်ငံထဲကနေပြီး မြန်မာအစိုးရကို ဆန့်ကျင်တဲ့အုပ်စုတွေ ရန်ပုံငွေတွေရှာဖွေနေတာကို ထိုင်းအစိုးရနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အနီးကပ်စောင့်ကြည့်နေပါတယ်။ လောလောဆယ်တော့ အဲဒီလှုပ်ရှားမှုတွေဟာ ကြီးမားတဲ့ခြိမ်းခြောက်မှုတစ်ခုအထိ ဖြစ်မလာသေးပါဘူး။” လို့ ၎င်းက ပြောပါတယ်။
အခြေအနေတွေကို ထိန်းချုပ်ထားကြောင်း၊ မြန်မာနိုင်ငံကရောက်လာတဲ့ ရွှေ့ပြောင်းလုပ်သားအားလုံးကို မြန်မာ အစိုးရကိုဆန့်ကျင်နေတဲ့သူတွေချည်းပဲလို့ ကြိုတင်သတ်မှတ်မထားဖို့ အရေးကြီးကြောင်းကိုလည်း ဆုတင်က ပြောပါတယ်။
ထိုင်းနိုင်ငံထဲမှာနေပြီး မြန်မာ့တပ်မတော်ကို ဆန့်ကျင်နေတဲ့ အဖွဲ့တွေကိုလည်း လိုအပ်ရင် အရေးယူဆောင်ရွက် ဖို့ ထိုင်းအစိုးရမှာ အသေးစိတ်နည်းလမ်းတွေ ရှိထားပြီးဖြစ်ကြောင်း ဆုတင်က ပြောပါတယ်။
Ref: Myanmar influx ‘no cause for concern’
#PeopleMedia