• Follow Us on
Latest News

Home မြန်မာ့တပ်မတော်က ဖမ်းဆီးထားတဲ့ ထိုင်းရေလုပ်သားတွေရဲ့ နောက်ဆုံးအခြေအနေ ထိုင်းကာကွယ်ရေးဝန်ကြီး ရှင်းပြ

မြန်မာ့တပ်မတော်က ဖမ်းဆီးထားတဲ့ ထိုင်းရေလုပ်သားတွေရဲ့ နောက်ဆုံးအခြေအနေ ထိုင်းကာကွယ်ရေးဝန်ကြီး ရှင်းပြ

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၃

 

မြန်မာ့ရေပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက်လာတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ မြန်မာ့တပ်မတော်က ပစ်ခတ်ဖမ်းဆီးသွားတဲ့ ထိုင်းရေလုပ်သား ၄ ဦးနဲ့ ပတ်သက်ပြီး နောက်ဆုံးအခြေအနေတွေကို ထိုင်းကာကွယ်ရေးဝန်ကြီး ဖမ်သမ်ဝီချာယာချိုင်း က ရှင်းလင်းပြောကြားခဲ့ပါတယ်။

 

ဒီကိစ္စနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံ မြို့နယ်အဆင့် နယ်စပ်ကော်မတီတွေက ကိုယ်စားလှယ်တွေ ဆွေးနွေးနေကြကြောင်း ၎င်းက ပြောပါတယ်။

 

ဒါ့အပြင် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန့်ကွက်လွှာတစ်စောင်ထုတ်ပြန်ခဲ့ပြီး ထပ်မံဆွေးနွေးဖို့အတွက် ထိုင်းနိုင်ဆိုင်ရာ မြန်မာသံအမတ်ကို ဆင့်ခေါ်ထားကြောင်း၊ အခုကိစ္စကို သံတမန်လမ်းကြောင်းကတစ်ဆင့် ဆက်လက်ဆောင်ရွက်သွား မှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

ဒါပေမဲ့ ထိုင်းတပ်မတော်အနေနဲ့ အခြေအနေပေါ်မူတည်ပြီး ကိုင်တွင်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ၎င်းကပြောပါတယ်။

 

ထိုင်းရေလုပ်သားတွေ မြန်မာရေပိုင်နက်ကို ကျူးကျော်ဝင်ရောက်ခဲ့ခြင်း ရှိမရှိဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေး ကြောင်း၊ ရေလုပ်သားတွေပါလာတဲ့ အဲဒီစက်လှေဟာ လက်နက်တပ်ဆင်ထားတဲ့ စက်လှေမဟုတ်ဘဲ အမှန်တကယ် ငါးဖမ်းစက်လှေတစ်စင်းကို အင်အားအလွန်အကျွံသုံး ပစ်ခတ်ခဲ့တဲ့အတွက် ကန့်ကက်လွှာပို့ခဲ့တာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

ဖမ်းဆီးခံရတဲ့ရေလုပ်သား ၃၁ ဦးမှာ ထိုင်းနိုင်ငံသားက ၄ ဦးသာပါပြီး ကျန်တဲ့ ၂၇ ဦးဟာ မြန်မာနိုင်ငံသားတွေဖြစ်ကြောင်း၊ ထိုင်းနိုင်ငံသားတွေ ပြန်လည်လွှတ်မြောက်ရေးအတွက် ညှိနှိုင်းပြီး ကြိုးပမ်းဆောင်ရွက်နေကြောင်း “မြန်မာနိုင်ငံ အနေနဲ့ အဲဒီထိုင်းနိုင်ငံသားတွေကို ပြန်လွှတ်ပေးရမှာဖြစ်ကြောင်း” ၎င်းက ဒုတိယဝန်ကြီးချုပ်လည်းဖြစ်တဲ့ ဖမ်သမ်က ပြောပါတယ်။

 

လွန်ခဲ့တဲ့အနှစ် ၃၀ ကျော်ကလည်း အလားတူဖြစ်ရပ်မျိုးတွေ ဖြစ်ပွားခဲ့ဖူးပြီး ဘာပြဿနာမှ မတတ်ဘဲ ဖြေရှင်းနိုင်ခဲ့ ကြောင်း ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

 

ကျွန်းငယ်လေးတွေ အများအပြားရှိပြီး နှစ်နိုင်ငံ ပြည်သူတွေ ဖြတ်သန်းသွားလာနေကြတဲ့ မေးခွန်းထုတ် စရာနေရာ ဖြစ်တဲ့ အဲဒီရေပြင်မှာ နယ်စပ်ဖြတ်ကျော်လုပ်ငန်းဆောင်ရွက်မှုတွေ ပုံမှန်ရှိနေတတ်ကြောင်း ၎င်းက ပြောပါတယ်။

 

“နှစ်ဖက်စလုံးက အဲဒီနေရာကို ပိုင်ဆိုင်ကြောင်း ပြောဆိုဖို့ အခွင့်အရေးရှိကြပေမဲ့ အဲဒီနေရာဟာ နှစ်နိုင်ငံပြည်သူတွေ ရေလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နိုင်တဲ့ နေရာတစ်ခုအဖြစ် တည်ရှိသွားနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒါ့ကြောင့် နိုင်ငံခြားရေး ဝန်ကြီးဌာနက ညှိနှိုင်းဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီအဆင့်မှာ အလျင်စလို ကောက်ချက်မချမိဖို့ လိုပါတယ်။” လို့ ဖမ်သမ်က ပြောပါတယ်။

 

တနင်္လာနေ့ (ဒီဇင်ဘာ ၂ ရက်နေ့) မနက် ၁၁ နာရီအထိ ရရှိတဲ့သတင်းတွေအရ ထိုင်းနိုင်ငံသား ရေလုပ်သားတွေ ဘေး ကင်းစွာရှိနေတယ်လို့ သိရကြောင်း ထိုင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဆောင်းဝတ်နန်းပက်ဒီးက ပြောပါတယ်။ မြန်မာဘက်က အင်အားအလွန်အကျွံအသုံးပြုလို့ အခုလိုဖြစ်ရတာလားလို့ မေးမြန်းရာမှာ “အဆိုပါမေးခွန်းမျိုးကို တော်ဝင်ထိုင်းရေတပ်ကို တိုက်ရိုက်မေးဖို့” ၎င်းက ပြောပါတယ်။

 

Ref: Phumtham updates on arrest of Thai fishermen by Myanmar military

 

#PeopleMedia


Share this post