• Follow Us on
Latest News

Home မြန်မာ့တပ်မတော်သားတွေကို ပြန်ခေါ်ဖို့လာရောက်တဲ့ တပ်မတော်လေက လေယာဉ်တစ်စင်း မီဇိုရမ်ပြည်နယ် မှာ ပြေးလမ်းချော်ပြီး တပ်ဖွဲ့ဝင်တချို့ ဒဏ်ရာရ

မြန်မာ့တပ်မတော်သားတွေကို ပြန်ခေါ်ဖို့လာရောက်တဲ့ တပ်မတော်လေက လေယာဉ်တစ်စင်း မီဇိုရမ်ပြည်နယ် မှာ ပြေးလမ်းချော်ပြီး တပ်ဖွဲ့ဝင်တချို့ ဒဏ်ရာရ

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၃

 

မြန်မာ့တပ်မတော်ကလေယာဉ်တစ်စင်း အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လမ်းပူရီလေဆိပ်မှာ လေယာဉ်ဆင်းသက် စဉ် ပြေးလမ်းချော်သွားတဲ့အတွက် တပ်ဖွဲ့ဝင် ၆ ဦး ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

 

လေယာဉ်ပေါ်မှာ လေယာဉ်မှူးအပါအဝင် တပ်ဖွဲ့ဝင် ၁၄ ဦးပါရှိပြီး ဒဏ်ရာရတဲ့တပ်ဖွဲ့ဝင်တွေကိုတော့ မီဇိုရမ် ပြည်နယ် ဘန်းပူရီဆေးရုံကို တင်ပို့လိုက်ပါတယ်။

 

မြန်မာနိုင်ငံတွင်းမှာ တိုက်ပွဲတွေဖြစ်ပွားပြီးနောက် အိန္ဒိယနိုင်ငံဘက်ကို ခိုလှုံလာတဲ့ မြန်မာ့တပ်မတော်သားတွေ ကို ပြန်လည်ခေါ်ဆောင်ဖို့အတွက် မြန်မာနိုင်ငံကနေ အိန္ဒိယနိုင်ငံကို အဲဒီလေယာဉ်ထွက်ခွာလာတာဖြစ်ပါ တယ်။

 

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း မြန်မာ့တပ်မတော်သား ၂၇၆ ဦး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကို ဝင်ရောက်လာ ခဲ့ပြီးနောက် တနင်္လာနေ့ (ဇန်နဝါရီလ ၂၂ ရက်နေ့) က ၁၈၄ ဦးကို မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ပေးခဲ့တယ် လို့ အာသံရိုင်ဖယ်တပ်ရင်းက အတည်ပြုပြောကြားပါတယ်။

 

မီဇိုရမ်ပြည်နယ် လောင်တလိုင်းခရိုင် အိန္ဒိယ-မြန်မာ-ဘင်္ဂလားဒေ့ရှ် သုံးပွင့်ဆိုင်နယ်စပ်ဒေသက ဘန်းဒတ်ဘန် ဂါကျေးရွာကို မြန်မာ့တပ်မတော်သားတွေဝင်ရောက်လာပြီးနောက် အာသံရိုင်ဖယ်တပ်ရင်းကို အကူအညီ တောင်းခံခဲ့တယ်လို့ ဆိုပါတယ်။

 

မြန်မာနိုင်ငံထဲက ရခိုင့်တပ်တော်ခေါ် ရခိုင်သူပုန် AA အဖွဲ့က မြန်မာ့တပ်မတော်စခန်းကို ဝင်ရောက်တိုက်ခိုက် တဲ့အတွက် စခန်းကျသွားပြီးနောက် မြန်မာတပ်ဖွဲ့ဝင်တွေက အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကို ဝင်ရောက်ခိုလှုံ လာခဲ့တာဖြစ်ပါတယ်။

 

မြန်မာ့တပ်မတော်သားတွေကို ပါဗာကျေးရွာမှာရှိတဲ့ အာသံရိုင်ဖယ်တပ်ရင်းကို ခေါ်သွားပြီးနောက် နောက်ပိုင်း မှာ လောင်တလိုင်းကျေးရွာမှာ ယာယီနေရာချထားပေးခဲ့ပါတယ်။

 

အဲဒီနောက် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်စစ်တွေမြို့ကို သွားရောက်နိုင်တဲ့ အိန္ဒိယနိုင်ငံ အိုက်ဇောမြို့အနီးရှိ လမ်း ပူရီလေဆပ်ကတစ်ဆင့် မြန်မာ့တပ်မတော်က လေယာဉ်တွေနဲ့ အဲဒီစစ်သည်တွေကို ပြန်လည်ခေါ်ဆောင်နေ တာဖြစ်ပါတယ်။

 

ကျန်ရှိနေတဲ့ တပ်ဖွဲ့ဝင် ၉၂ ဦးကို ဒီနေ့ (ဇန်နဝါရီလ ၂၃ ရက်နေ့) ပြန်လည်ခေါ်ယူဖို့ မြန်မာ့တပ်မတော်ကလေ ယာဉ်ရောက်ရှိလာတာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံထဲဝင်ရောက်လာတဲ့ မြန်မာ့တပ်မတော်သား ၂၇၆ ဦးကို ဗိုလ်မှူးကြီးတစ်ဦးကဦးဆောင်ပြီး စုစုပေါင်း အရာရှိ ၃၆ ဦးနဲ့ အခြားအဆင့် ၂၄၀ ဖြစ်ကြောင်းသိရပါတယ်။

 

Ref: Myanmar Military Aircraft Skids Off Runway In Mizoram Aizawl:

 

#PeopleMedia


Share this post