• Follow Us on
Latest News

Home မြန်မာ့တပ်မတော် စစ်ကူအဖွဲ့ကို ချေမှုန်းနိုင်ခဲ့တယ်လို့ AA သူပုန်အဖွဲ့ပြော

မြန်မာ့တပ်မတော် စစ်ကူအဖွဲ့ကို ချေမှုန်းနိုင်ခဲ့တယ်လို့ AA သူပုန်အဖွဲ့ပြော

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၈

 

ရခိုင့်တပ်တော်ခေါ် AA သူပုန်အဖွဲ့ဟာ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့ကို မြန်မာ့တပ်မတော်က လေကြောင်းနဲ့ စေ လွှတ်လိုက်တဲ့ စစ်ကူုတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့ရာ တပ်မတော်သား ၈၀ ဝန်းကျင် ကျဆုံးခဲ့ကြောင်း ဘင်္ဂလား ဒေ့ရှ် ဒါကာထရီဗျူးသတင်းဌာနမှာ ရေးသားဖော်ပြထားပါတယ်။

 

AA အဖွဲ့က မြန်မာ့တပ်မတော်ကို ဆက်လက်တိုက်ခိုက်နေစဉ် သုံးရက်အတွင်းမှာ မြန်မာ့တပ်မတော်က လေ ကြောင်းကနေ ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

 

AA အဖွဲ့ကို တန်ပြန်တိုက်ခိုက်ဖို့အတွက် စနေနေ့ (ဖေဖော်ဝါရီ ၂၄ ရက်နေ့) က ဧရာဝတီတိုင်း ကျုံပျော်မြို့ အ ခြေစိုက် ခလရ ၃၆ နဲ့ ရခိုင်ပြည်နယ် အမ်း မြို့အခြေစိုက် ခမရ ၃၇၃ က တပ်မတော်သား ၁၂၀ ကို ရဟတ် ယာဉ်လေးစင်းနဲ့ ရမ်းဗြဲမြို့ကို ပို့ဆောင်ခဲ့ပါတယ်။

 

လေကြောင်းက အဆက်မပြတ်တိုက်ခိုက်တာခံနေရပေမဲ့ AA အဖွဲ့ဟာ စေနေ့က မြန်မာ့တပ်မတော်စစ်ကူ အဖွဲ့ကို တိုက်ခိုက်နိုင်ခဲ့ပြီး အဲဒီတိုက်ပွဲမှာ တပ်မတော်သား ၆၀ ဝန်းကျင် ကျဆုံးခဲ့တယ်လို့ဆိုပါတယ်။

 

တပ်မတော်သားအလောင်းတွေနဲ့ လက်နက်ခဲယမ်းအများအပြားကို AA အဖွဲ့က သိမ်းပိုက်နိုင်ခဲ့တယ်လို့ဆိုပါ တယ်။

 

ဒါ့အပြင် တနင်္လာနေ့က ရမ်းဗြဲဘက်က ဆုတ်ခွာလာတဲ့ မြန်မာ့တပ်မတော်တပ်ဖွဲ့ဝင်တွေကို AA အဖွဲ့က တိုက် ခိုက်ရာမှာ တပ်မတော်သား ၂၀ ကျဆုံးခဲ့ပြီး တပ်မတော်လေရဲ့ Y-12 လေယာဉ်နဲ့ ချပေးခဲတဲ့ ခဲယမ်း/ရိက္ခာ တွေကိုလည်း AA ဘက်က သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

 

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလလယ်ပိုင်းလောက်က ရမ်းဗြဲမြို့တောင်ဘက်မှာရှိတဲ့ အောင်ချမ်းသာတောင်ပေါ်ဘုရား မှာ တပ်စွဲထားတဲ့ တပ်မတော်သားတွေကို AA အဖွဲ့က စတင်တိုက်ခိုက်တဲ့အချိန်ကစပြီး ရမ်းဗြဲမြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားလာခဲ့တာဖြစ်ပါတယ်။

 

အဲဒီအချိန်ကစပြီး မြန်မာ့တပ်မတော်က ရမ်းဗြဲမြို့ကို ဝေဟင်၊ ရေပြင်၊ မြေပြင်ကနေ အပြင်းအထန် တိုက်ခိုက် ခဲ့ရာမှာ မြို့နယ်ဆေးရုံနဲ့ ဈေးတွေအပါအဝင် ရမ်းဗြဲမြို့တွင်းက အဆောက်အအုံတွေ အကြီးအကျယ် ပျက်စီး သွားခဲ့တယ်လို့ ဆိုပါတယ်။

 

တပြိုင်တည်းမှာပဲ AA အဖွဲ့ဟာ မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာရှိ အမှတ် ၉ တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်း ကျောင်းကို ဆက်လက်တိုက်ခိုက်ခဲ့ရာ တပ်မတော်က လေကြောင်းကနေ ပစ်ကူပေးပြီး ပြန်လည်တိုက်ခိုက်ခဲ့ ပါတယ်။

 

AA အဖွဲ့ဟာ အဲဒီသင်တန်းကျောင်းကို ဖေဖော်ဝါရီ ၁၇ ရက်နေ့က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲစဉ်အ တွင်း သင်တန်းကျောင်းထဲက စခန်းလေးငါးခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

 

တစ်ဆက်တည်းမှာပဲ AA အဖွဲ့ဟာ ပုဏ္ဏားကျွန်းမြို့နယ်၊ မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်တွေထဲက ကျန်ရှိနေသေးတဲ့ တပ်မတော်စခန်းတွေကို ဆက်လက်တိုက်ခိုက်သိမ်းပိုက်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။

 

တပ်မတော်က အင်္ဂါနေ့က လေကြောင်းကနေ ပြင်းပြင်းထန်ထန် တိုက်ခိုက်တဲ့အတွက် မင်းပြားမြို့နယ် မင်းဖူး ကျေးရွာက ဆေးရုံတစ်ရုံနဲ့ သေကန်ကျေးရွာက စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့စာသင်ကျောင်းတစ်ကျောင်းကို ထိမှန်ခဲ့တဲ့အတွက် လူနာတွေနဲ့ အရပ်သားတွေ ထိခိုက်ဒဏ်ရာရခဲ့ကြတယ်လို့ ဆိုပါတယ်။

 

မြန်မာ့တပ်မတော်အနေနဲ့ ရခိုင်ပြည်နယ်က ဆုံးရှုံးမှုတွေကို လက်ခံဖို့နဲ့ လက်နက်ကိုင်ဆောင်မထားတဲ့ အရပ် သားတွေနဲ့ လူငယ်တွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာတွေရပ်တန့်ဖို့ မြန်မာ့တပ်မတော်အကြီးအကဲ ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်နဲ့ စစ်ဗိုလ်ချုပ်ကြီးတွေထံကို AA သူပုန်အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ်ထွန်းမြတ်နိုင်က မေတ္တာရပ်ခံလွှာတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

 

Ref: Arakan Army claims victory, eliminates junta reinforcements in Rakhine

 

#PeopleMedia


Share this post