မြန်မာ့ပြည်တွင်းစစ်အဆုံးသတ်ရေး အာဆီယံအဖွဲ့ အဓိကအခန်းကပါဝင်ရမည်ဟု ထိုင်းဝန်ကြီးချုပ် ပေထောင်တန်ပြော
PUBLISHED - October 8, 2024
နိုင်ငံတကာ၊ အောက်တိုဘာ ၈
မြန်မာနိုင်ငံထဲက ရှည်ကြာလှတဲ့ ပြည်တွင်းစစ်ပွဲကို အဆုံးသတ်ဖို့ ကြိုးပမ်းရာမှာ အာဆီယံအဖွဲ့ဟာ အဓိက အ ခန်းကဏ္ဍက ပါဝင်ရမှာဖြစ်ကြောင်း အခုသီတင်းပတ် အာဆီယံအစည်းအဝေးမကျင်းပမီ အောက်တိုဘာလ ၇ ရက်နေ့က ထိုင်းဝန်ကြီးချုပ်ပေထောင်တန်ရှင်နာဝပ်က ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက မြန်မာ့တပ်မတော်က အာဏာသိမ်းလိုက်ပြီးနောက် တစ်နိုင်ငံလုံး ဆူပူအုံကြွလာရာကနေ လက်နက်ကိုင်တော်လှန်တဲ့အဆင့်အထိ ကူးပြောင်းသွားတာဖြစ်ပါတယ်။
“မြန်မာနိုင်ငံ တတ်နိုင်သမျှ အမြန်ဆုံး ငြိမ်းချမ်းရေးပြန်လည်ရရှိဖို့အတွက် အာဆီယံအဖွဲ့ဟာ အရေးကြီးတဲ့ အ ခန်းကဏ္ဍက ပါဝင်ဆောင်ရွက်ရမှာဖြစ်ပါတယ်။” လို့ ပေထောင်တန်က ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ အခမ်း အနားတစ်ခုမှာ ပြောကြားခဲ့ပါတယ်။
ပဋိပက္ခတွေဖြေရှင်းရာမှာ သံတမန်နည်းလမ်းတွေအသုံးပြုသွားဖို့အတွက် ၂၀၂၅ ခုနှစ်မှာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်လာမယ့် မလေးရှားနိုင်ငံနဲ့ ထိုင်းနိုင်ငံက ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
အောက်တိုဘာလ ၉ ရက်နေ့မှာ ကျင်းပမယ့် အာဆီယံအစည်းအဝေးမှာ ဆုံးဖြတ်ချက်သစ်ချမှတ်ဖို့အတွက် အာဆီယံခေါင်းဆောင်တွေ ဆွေးနွေးသွားဖွယ်ရာရှိကြောင်း ၎င်းက ပြောပါတယ်။
မြန်မာ နစက အစိုးရအနေနဲ့ အားနည်းနေပြီဖြစ်တဲ့အတွက် အခုအချိန်မှာ စေ့စပ်ဆွေးနွေးလိုကောင်းတဲ့အချိန် ဖြစ်ကြောင်း ပေထောင်တန်ရှေ့က ဝန်ကြီးချုပ်ဟောင်း ဆရက်ထာထာဗီဆင်က ဧပြီလအတွင်းက ပြောကြားခဲ့ ပါတယ်။
ဒါပေမဲ့ ၂၀၂၁ ခုနှစ် ဧပြီလကတည်းက စတင်ခဲ့တဲ့ ဘုံသဘောတူညီချက်ငါးချက်ပါဝင်တဲ့ အာဆီယံအဖွဲ့ကြီးရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုအစီအစဉ်အရ ဆွေးနွေးညှိနှိုင်းဖို့ အကြိမ်ကြိမ် ကြိုးပမ်းခဲ့ပေမဲ့ အခုအချိန်အထိ အကောင် အထည်မဖော်နိုင်သေးဘူးလို့ ဆိုပါတယ်။
မြန်မာ နစက အစိုးရကတော့ ရန်ဘက်အတိုက်အခံအုပ်စုတွေကို တိုင်းပြည်ကိုဖျက်ဆီးနေတဲ့ အကြမ်းဖက်သ မားတွေလို့ ပြောဆိုပြီး အဲဒီအတိုက်အခံတွေနဲ့ ဆွေးနွေးဖို့ ငြင်းဆန်ထားပါတယ်။
မြန်မာ့လူဦးရေ ၅၅ သန်းဝန်းကျင်ရဲ့ သုံးပုံတစ်ပုံကို လူသားချင်းစာနာမှု ဘေးဒုက္ခတွင်းထဲအရောက်ပို့ခဲ့တဲ့ အဲဒီ အဆုံးမသတ်နိုင်တဲ့ ပဋိပက္ခဟာ လာအိုနိုင်ငံမှာကျင်းပမယ့် အာဆီယံအစည်းအဝေးမှာ ဆွေးနွေးရမယ့် ထိပ် တန်းခေါင်းစဉ်တစ်ခုဖြစ်လာမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံက အာဆီယံအဖွဲ့ရဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို လိုက်နာဆောင်ရွက်ဖို့ ပျက်ကွက်တဲ့အတွက် အာဆီ ယံအဖွဲ့ဝင်နိုင်ငံတွေက မြန်မာနိုင်ငံကို အာဆီယံထိပ်သီးအစည်းအဝေးတွေ တက်ရောက်ခွင့် ပိတ်ပင်ထားပါ တယ်။
အာဆီယံအစည်းအဝေးမတိုင်မီ ပြီးခဲ့တဲ့သီတင်းပတ်က ကုသမဂ္ဂကိုယ်စားလှယ်တွေနဲ့ မြန်မာ နစက အစိုးရကို ပုန်ကန်နေတဲ့ အတိုက်အခံအဖွဲ့တွေ ပါဝင်တဲ့ နိုင်ငံတကာအစည်းအဝေးတစ်ရပ်ကို အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံကျင်းပခဲ့ပါတယ်။
Ref: ASEAN must play key role in resolving Myanmar crisis, says Thai PM: Reuters
#PeopleMedia