• Follow Us on
Latest News

Home မြန်မာ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေထဲမှာ အပြင်စိမ်းပြီး အတွင်းနီနေတဲ့ ဖရဲသီးတွေရှိနေ

မြန်မာ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေထဲမှာ အပြင်စိမ်းပြီး အတွင်းနီနေတဲ့ ဖရဲသီးတွေရှိနေ

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၃

 

မြန်မာနိုင်ငံထဲက လုံခြုံရေးတပ်ဖွဲ့ဝင်တွေထဲမှာ ဖရဲသီးခေါ် အစိုးရတပ်ဖွဲ့ဝင်သတင်းတွေကို သူပုန်အုပ်စုတွေထံ ပေးပို့နေတဲ့ အတွင်းလှိုက်သစ္စာဖောက်တွေရှိနေကြောင်း ရိုက်တာသတင်းဌာနက ရေးသားဖော်ပြလိုက်ပါတယ်။

 

လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အတွက် လျှို့ဝှက်စွာသူလျှိုလုပ်ငန်းတွေလုပ်နေရင်း နစက အစိုးရဆီမှာ နှစ်နှစ် ကြာ တာဝန်ထမ်းဆောင်ခဲ့ရတာ အလွန်အန္တရာယ်များကြောင်း အသက် ၂၄ နှစ်အရွယ် ရဲအရာရှိဟောင်း ရန်ဆို သူကပြောပါတယ်။

 

“တရားမျှတမှုမရှိတဲ့ အမိန့်တွေကြားထဲကနေ ကျွန်တော် ထွက်ပြေးလွတ်မြောက်လာခဲ့တာပါ။” လို့ မြန်မာနယ် စပ်မြို့တစ်မြို့မှာရှိတဲ့ အခန်းတစ်ခုထဲကနေ ရိုက်တာသတင်းဌာနကို ပြောပါတယ်။

 

ဧပြီလအတွင်းက နိုင်ငံထဲကနေထွက်ပြေးလာပြီးနောက်မှ ရန်က အဲဒီမြို့မှာလာရောက်ခိုလှုံခဲ့တာဖြစ်ပါတယ်။

 

ရန်က လုံခြုံရေးအခြေအနေအရ ၎င်းနာမည်အပြည့်အစုံကို မပြောပါဘူး။ မြန်မာနိုင်ငံမှာ မကြုံဖူးလောက်အောင် သူပုန်အဖွဲ့ပေါင်းစုံက ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးတဲ့အချိန်ကစပြီး လက်ရှိအချိန်ဟာ နစက အစိုးရအတွက် အကြီးမားဆုံးစိန်ခေါ်မှုနဲ့ ရင်ဆိုင်နေ ရတဲ့အချိန်ဖြစ်ပါတယ်။

 

နစက အစိုးရက တချို့နေရာတွေ မထိန်းချုပ်နိုင်တော့တာကို ဝန်ခံခဲ့ပေမဲ့ ရိုက်တာသတင်းဌာနကမေးမြန်းခဲ့တာ ကိုတော့ ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။

 

နစက အစိုးရက ၎င်းတို့အဖွဲ့အစည်းအတွင်းမှာရှိတဲ့ သူလျှိုတွေအကြောင်းကို မှတ်ချက်ပြုပြောကြားတာမရှိပေမဲ့ သူပုန်တွေကို စာနာထောက်ထားတဲ့စစ်သားတွေရှိနေကြောင်း စစ်တပ်လိုလားတဲ့ လူမှုကွန်ရက်ချန်နယ်တွေက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

 

လုံခြုံရေးတပ်ဖွဲ့ဝင်တွေထဲက ၎င်းတို့ကို ဘယ်နှယောက်က သတင်းပေးနေတယ်ဆိုတာကို ဖော်ပြဖို့ခက်ခဲ ကြောင်း၊ အန္တရာယ်များတဲ့အလုပ်မို့လို့ ၎င်းတို့အရေအတွက် နည်းပါးပေမဲ့ အလွန်အရေးပါတဲ့ကဏ္ဍကနေ ပါ ဝင်ပတ်သက်နေတာဖြစ်ကြောင်း အတိုက်အခံအဖွဲ့တွေက ပြောပါတယ်။

 

တိုက်ပွဲစီမံချက်တွေရေးဆွဲရာမှာ အထောက်အကူဖြစ်စေတဲ့ စစ်လက်နက်ပစ္စည်းတွေ သယ်ယူပို့ဆောင်တဲ့ သ တင်းတွေအပါဝင် ထောက်လှမ်းရေးသတင်းတွေကို ၎င်းတို့က ထောက်ပံ့ပေးခဲ့ကြောင်း ဘက်ပြောင်းခိုလှုံသူ တွေကို ထောက်ပံ့ပေးနေတဲ့အုပ်စုဖြစ်တဲ့ ပြည်သူ့ပန်းတိုင်အဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

 

“ကျွန်တော်တို့ အသက်တွေကို ကယ်တင်ပေးနိုင်တဲ့ သတင်းအချက်အလက်တွေကို ကျွန်တော်တို့ လက်ခံရရှိခဲ့ ပါတယ်။” လို့ တိုက်ခို်က်ရေးသတင်းနဲ့ လေကြောင်းတိုက်ခိုက်မှုသတင်းတွေ ကြိုတင်ရရှိတာနဲ့ ပတ်သက်ပြီး အဲဒီ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

 

အာဏာသိမ်းပြီးချိန် ဆန္ဒပြပြည်သူတွေကို နစက တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းနှိမ်နှင်းပြီး စိတ်ကူး ပေါက်သလို ဖမ်းဆီးခဲ့တဲ့အချိန်မှာ ၎င်းအထင်ကြီးခဲ့သလို မဟုတ်တဲ့အတွက် အလွန်စိတ်ပျက်မိကြောင်း အစ်ကို့ ခြေရာနင်းပြီး ၂၀၂၀ ပြည့်နှစ်နှောင်းပိုင်းမှာ ရဲတပ်ဖွဲ့ဝင်ထဲ ဝင်ရောက်လာခဲ့တဲ့ ရန်က ပြောပါတယ်။

 

“ပြည်သူတွေက ကျွန်တော်တို့ကို သရဲတစ္ဆေတွေလို စတင်ဆက်ဆံကြတယ်။ သူတို့ ကျွန်တော်တို့ကို မုန်းသွား ကြတယ်။” လို့ ရန်က ပြောပါတယ်။

 

၎င်းရဲ့အစ်ကိုဖြစ်သူဟာ နိုင်ငံတွင်းက ထွက်ပြေးသွားပြီး “ဖရဲသီး” လို့ လူသိများတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေထဲ ကနေ သတင်းပေးနေတဲ့ အတိုက်အခံအုပ်စုတွေနဲ့ ရန်ကို ဆက်သွယ်ပေးခဲ့ပါတယ်။

 

ဖရဲသီးဆိုတာ အပြင်ပန်းအမြင်မှာ အစိမ်းရောက်ခေါ် တပ်မတော်ကို သစ္စာရှိသယောင် ဟန်ဆောင်နေပြီး အ တွင်းဘက်မှာတော့ ဖြုတ်ချခံ အမျိုးသားဒီမိုကရေစီအစိုးရအဖွဲ့ရဲ့ အရောင်ဖြစ်တဲ့ အနီရောင်ကို တင်စားပြီး ခေါ်ဝေါ်တာဖြစ်ပါတယ်။

 

ရန်ဟာ ရဲစခန်းထဲမှာ အထူးသတိထားနေထိုင်ပြီး နစက လူကြီးတွေခရီးသွားလာမယ့်လမ်းကြောင်းတွေ၊ ရဲတပ် ဖွဲ့ဝင်တွေရဲ့အင်အားတေါ၊ နေရာအသီးသီးမှာရှိတဲ့ လောင်စာဆီတွေနဲ့ လက်နက်တွေအကြောင်းကို လုပ်ဖော် ကိုင်ဖက်တခြားရဲတပ်ဖွဲ့ဝင်တွေ မမြင်နိုင်တဲ့နေရာကနေ သူပုန်အုပ်စုဆီ ပို့ပေးတယ်လို့ ပြောပါတယ်။

 

သူပေးပို့တဲ့သတင်းတွေကို သူပုန်အုပ်စုတွေက ဘယ်လိုအသုံးပြုတယ်ဆိုတာကိုတော့ မသိကြောင်း ရန်က ပြောပါတယ်။

 

သူပုန်အုပ်စုတွေထဲမှာ တပ်မတော်ကနေ သူလျှိုအဖြစ်လာရောက်တာဝန်ထမ်းဆောင်တာ မတွေ့ဖူးသလောက် ရှားပါးလှပေမဲ့ သူပုန်အုပ်စုရဲ့လှုပ်ရှားမှုတွေကို မသိချင်ယောင်ဆောင်နေတဲ့သူတွေ အများအပြားရှိနေကြောင်း စစ်တပ်ထဲကနေ ဘက်ပြောင်းလာတဲ့သူတစ်ဦးက ရိုက်တာကို ပြောပါတယ်။

 

အဖွဲ့အစည်းအတွင်း သဘောထားကွဲလွဲမှုဟာ နစက အစိုးရအတွက် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်ကြောင်း ဆန်းစစ် လေ့လာသူူတချို့က ပြောပါတယ်။

 

မြန်မာနိုင်ငံထဲမှာ လုံခြုံရေးတပ်ဖွဲ့တွေထဲကနေ ထွက်ပြေးသွားကြတာ အင်အား ၈၀၀၀ နီးပါးလောက်ရှိကြောင်း ဝါရှင်တန်အခြေစိုက် အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျုက ပြောပါတယ်။

 

ရဲတပ်ဖွဲ့ဝင်တွေကို လက်နက်ကောင်းတွေ တပ်ဆင်ပေးခြင်းမရှိသလို လေ့ကျင့်သင်ကြားပေးမှုလည်းကောင်း ကောင်းမရှိဘဲ နစက အစိုးရက ရဲတပ်ဖွဲ့ဝင်သစ်တွေစုဆောင်းနေတဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေဟာ တိုက်ပွဲဝင်ဖို့ ချီတုံချတုံဖြစ်နေကြပြီး လက်နက်ချခဲ့ကြတာဖြစ်ကြောင်း ရန်နဲ့ အစ်ကိုဖြစ်သူ ရဲက ပြောပါတယ်။

 

အရင်တုန်းကတော့ တပ်မတော်တပ်ရင်းတစ်ရင်းမှာ အင်အား လေးငါးရာအထိ ဖွဲ့စည်းထားပေမဲ့ လက်ရှိအချိန် မှာတော့ တပ်ရင်းတစ်ရင်းအင်အားဟာ ၁၃၀ ကျော်ရုံလေးသာရှိကြောင်း တပ်မတော်ကနေ သစ္စာဖောက်ခိုလှုံ လာတဲ့ ဗိုလ်ကြီးဟောင်းထက်မြက် ဆိုသူက ရိုက်တာကို ဖုန်းနဲ့ ပြောပါတယ်။

 

သူပုန်တွေရဲ့ လတ်တလောထိုးစစ်ကြောင့် တပ်ပြေးတွေ ပိုမိုများပြားလာကြောင်း တပ်ပြေးတွေကို ကူညီနေတဲ့ ဗိုလ်ကြီးဟောင်းထက်မြက်က ပြောပါတယ်။

 

Ref: Myanmar’s ‘watermelons’: Soldier on the outside, rebel inside

 

#PeopleMedia


Share this post