• Follow Us on

Home မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရာမှာ သက်ဆိုင်သူအားလုံး ပူးပေါင်းပါဝင်ဖို့ လိုအပ်တယ်လို့ အာဆီယံဥက္ကဋ္ဌ ပြော

မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရာမှာ သက်ဆိုင်သူအားလုံး ပူးပေါင်းပါဝင်ဖို့ လိုအပ်တယ်လို့ အာဆီယံဥက္ကဋ္ဌ ပြော

Share this post

နိုင်ငံတကာ၊ သြဂုတ်

 

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ ပြဿနာတွေနဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းရာမှာ ပါဝင်ပတ်သက်သူအားလုံး က ခိုင်မာတဲ့ သန္နိဌာန်နဲ့ ကတိကဝတ်တွေ (“နိုင်ငံရေးဆန္ဒ”) ရှိနေဖို့ လိုအပ်တယ်လို့ လက်ရှိ အာဆီယံဥက္ကဋ္ဌ၊ အင်ဒိုးနီးရှားသမ္မတ ဂျိုကို-ဝီဒိုက ပြောပါတယ်။

 

မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ဖြေရှင်းရာမှာအောင်မြင်မှုရရှိဖို့အတွက် ပါဝင်ပတ်သက်နေတဲ့ အစိုးရ၊ အတိုက်အခံတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ စစ်မှန်တဲ့ ကတိကဝတ်တွေမပါဘဲ ဖြစ်နိုင်မှာမဟုတ်ဘူးလို့ အင်ဒိုနီးရှားက အကြံပြုထားပါတယ်။

 

“မြန်မာနိုင်ငံက စိန်ခေါ်မှုတွေ ပြည့်နှက်နေသေးတာကို ကျွန်တော်တို့ သိပါတယ်။ ပါဝင်နေသူအားလုံးရဲ့ နိုင်ငံရေးဆန္ဒရှိမှ ဒီအခြေအနေကို ပြေလည်အောင် ဖြေရှင်းနိုင်မယ်ဆိုတာကို ကျွန်တော်တို့ သဘောပေါက် ရပါမယ်”လို့ ယမန်နေ့က ပြုလုပ်ခဲ့တဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) နှစ်ပတ်လည် အခမ်း အနားမှာ ပြောကြားခဲ့ပါတယ်။

 

မြန်မာနိုင်ငံရင်ဆိုင်နေရတဲ့ ပြဿနာရပ်တွေအတွက် ငြိမ်းချမ်းပြီး ရေရှည်တည်တံ့တဲ့ အဖြေတစ်ခုဆီကို ဦးတည်လုပ်ဆောင်ဖို့ ပါဝင်ပတ်သက်သူအားလုံးက လိုအပ်တဲ့ နိုင်ငံရေးဆန္ဒရှိနေကြောင်းကို ဖော်ပြဖို့ လို အပ်တယ်လို့ အလေးပေးပြောကြားခဲ့ပါတယ်။

 

အင်ဒိုနီးရှားခေါင်းဆောင်က မြန်မာနိုင်ငံအပါအဝင် အဖွဲ့ဝင် ၁၀ ဦးပါ အစုအဖွဲ့ဟာ အကျပ်အတည်းကို အောင် မြင်မှုရရှိဖို့အတွက် ဆက်လက်ပူးပေါင်းသွားမှာဖြစ်ပြီး အာဆီယံအနေနဲ့ မြန်မာနိုငံကို လွန်ခဲ့တဲ့ ၂ နှစ်က န.စ.က အစိုးရနဲ့ သဘောတူထားတဲ့ အချက်ငါးချက်ပါ သဘောတူညီချက်အတိုင်း ဆက်သွားမယ်လို့ ဝီဒိုဒိုက ထပ် လောင်းပြောကြားခဲ့ပါတယ်။

 

Ref; FN

 

#PeopleMedia


Share this post