မြန်မာ့အကျပ်အတည်း မကြာခင် ပြေလည်သွားလိမ့်မယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက် မျှော်လင့်
PUBLISHED - August 3, 2024
နိုင်ငံတကာ၊ သြဂုတ် ၃
မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့ အခြေအနေတွေ မကြာခင်ကာလအတွင်းမှာပဲ ဖြေရှင်းသွားနိုင်လိမ့်မယ်လို့ မျှော် လင့်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က ပြောကြားလိုက်ပါတယ်။
သြဂုတ်လ ၁ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ရဲ့ အထူးကိုယ်စားလှယ် ဦးကိုကိုလှိုင်နဲ့ တွေ့ဆုံစဉ် ဟွန်မာနက်က ပြော ကြားခဲ့တာကို လူမှုကွန်ရက်ပေါ်မှာ ပြန်တင်ထားတာဖြစ်ပါတယ်။
“ကမ္ဘောဒီးယား-မြန်မာ ဆက်ဆံရေးဟာ နယ်ပယ်အများအပြားမှာ အလားအလာကောင်းတွေရှိနေဆဲဖြစ် ကြောင်း ဝန်ကြီးချုပ်က အလေးထားပြောကြားခဲ့သလို မြန်မာနိုင်ငံက အခြေအနေတွေကလည်း မကြာခင်ကာ လအတွင်းမှာပဲ ပြေလည်သွားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။” လို့ အဆိုပါပို့စ်မှာ ရေးသားထားပါတယ်။
မြန်မာအထူးကိုယ်စားလှယ်ဦးကိုကိုလှိုင်က “မြန်မာနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ကြား နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီး မှုနဲ့ ဆက်ဆံရေးကို ချီးကျူးပြောဆိုလိုက်သလို ဝန်ကြီးချုပ်ဟွန်မာနက် ခေါင်းဆောင်မှုအောက်မှာ နှစ်နိုင်ငံ ပူး ပေါင်းဆောင်ရွက်မှုနဲ့ ဆက်ဆံရေး ပိုမိုမြှင့်တင်သွားနိုင်မယ်လို့ ယုံကြည်ကြောင်း” ပြောဆိုတာကို ပို့စ်မှာ ဖော်ပြ ထားပါတယ်။
စီးပွားရေး၊ ကုန်သွယ်ရေး၊ ယဉ်ကျေးမှု၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနဲ့ နှစ်နိုင်ငံပြည်သူအချင်းချင်း ချစ်ကြည် ရင်းနှီးစွာအပြန်အလှန်လည်ပတ်မှုတွေအပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့အတွက် အလားအလာရှိတဲ့ နယ်ပယ်တွေအကြောင်းကို ဦးစားပေး ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာနိုင်ငံတွင်းက နိုင်ငံရေးအကျပ်အတည်းတွေကို ဖြေရှင်းရေးဟာ အရေးကြီးသလိုပဲ နိုင်ငံရဲ့ လူမှုစီးပွားရေး အခြေအနေတွေ ပြန်လည်တည်ဆောက်ရေးနဲ့ ပြန်လည်ကောင်းမွန်လာအောင်ဆောင်ရွက်ရေးကိုလည်း အာ ရုံစိုက်ဆောင်ရွက်ဖို့လိုအပ်ကြောင်း ဖနွမ်ပင်တော်ဝင်တက္ကသိုလ် နိုင်ငံတကာလေ့လာရေးအင်စတီကျုက ကထိက သောင်မန်းဒါဗစ်က ပြောပါတယ်။
“မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးတည်ဆောက်ရာမှာ ပံ့ပိုးကူညီသွားဖို့ ကမ္ဘောဒီးယားနိုင်ငံက အသင့်ရှိနေသ လို လူသားချင်းစာနာမှုအကူအညီတွေနဲ့ စီးပွားရေးအကူအညီတွေ ထောက်ပံ့ရာမှာလည်း တခြားအာဆီယံ အ ဖွဲ့ဝင်နိုင်ငံတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း” ၎င်းက ပြောပါတယ်။
“အာဆီယံအသိုက်အဝန်းတည်ဆောက်ရာမှာ ဒေသတွင်း တည်ငြိမ်အေးချမ်းမှုဟာ အခြေခံကျတဲ့အချက်ဖြစ်ပါ တယ်။ အာဆီယံအဖွဲ့ကြီးဟာ အဖွဲ့ဝင်နိုင်ငံအားလုံး ပါဝင်ဆောင်ရွက်ဖို့ လိုတဲ့အဖွဲ့ကြီးပါ။ ဒ့ါကြောင့်မို့ မြန်မာ့ အ ရေးဖြေရှင်းနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုဟာ ကမ္ဘောဒီးယားနိုင်ငံရဲ့ ဦးစားပေးလုပ်ငန်းတစ်ရပ်ဖြစ်ပါ တယ်။” လို့ ၎င်းက ပြောပါတယ်။
Ref: Manet seeks quick resolution to Myanmar crisis: The Phnom Penh Post
#PeopleMedia