• Follow Us on
Latest News

Home မြန်မာ့အတိုက်အခံအုပ်စုတွေနဲ့ သက်ဆင်တွေ့ဆုံမှု ထိုင်းအစိုးရမူဝါဒမဟုတ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြော

မြန်မာ့အတိုက်အခံအုပ်စုတွေနဲ့ သက်ဆင်တွေ့ဆုံမှု ထိုင်းအစိုးရမူဝါဒမဟုတ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြော

Share this post

နိုင်ငံတကာ၊ မေ ၇

 

ထိုင်းဝန်ကြီးချုပ်သက်ဆင်ရှင်နာဝပ်ထရာက မြန်မာနိုင်ငံက တော်လှန်ရေးအုပ်စုတွေနဲ့ ဆွေးနွေးခဲ့တယ်ဆိုတာ ၎င်းရဲ့ပုဂ္ဂလိက ကိုယ်ရေးကိုယ်တာအပိုင်းတစ်ခုသာဖြစ်ပြီး မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ထိုင်းအစိုးရရဲ့ မူဝါဒတစ် ရပ်မဟုတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး မဲရစ်ဆန်းအီယမ်ပေါင်ဆာက အင်္ဂါနေ့ (မေလ ၇ ရက်နေ့) က ပြော ကြားလိုက်ပါတယ်။

 

သက်ဆင်နဲ့ အတိုက်အခံတော်လှန်ရေးအုပ်စုက ကိုယ်စားလှယ်တွေ တွေ့ဆုံခဲ့တယ်ဆိုတာကို မစ္စတာမဲရစ်က ငြင်းဆိုခြင်းမရှိပါဘူး။ ဒီကိစ္စဟာ မြန်မာအစိုးရရဲ့ ပြည်တွင်းရေးဖြစ်ပြီး ထိုင်းအစိုးရနဲ့ မသက်ဆိုင်ကြောင်း ၎င်းက ပြောပါတယ်။

 

“မစ္စတာသက်ဆင်ဟာ ထင်ရှားကျော်ကြားသူဖြစ်ပြီး အဆက်အသွယ်ကောင်းတွေရှိနေတာကို ကျွန်တော်တို့ ဝန် ခံရမှာပါ။ ပြဿနာတွေဖြေရှင်းရာမှာ သက်ဆင်က ကူညီနိုင်မယ်လို့ မြန်မာက ယုံကြည်နေပါတယ်။”လို့ အပတ် စဉ်အစိုးရအစည်းအဝေးမစတင်မီ အစိုးရအိမ်တော်မှာ မဲရစ်က ပြောပါတယ်။

 

“မြန်မာ့တော်လှန်ရေးအုပ်စုတွေက မစ္စတာသက်ဆင်နဲ့ စကားပြောခဲ့ကြပါတယ်။ ဒီကိစ္စမှာ ထိုင်းအစိုးရအနေနဲ့ ပါဝင်ပတ်သက်ခြင်းမရှိပါဘူး။” လို့ ၎င်းက ပြောပါတယ်။

 

လက်နက်ကိုင်ပဋိပက္ခကို ဖြေရှင်းနိုင်ရေး ကြိုးပမ်းဖို့အတွက် သက်ဆင်ဟာ မကြာသေးခင်ကပဲ ကချင်အမျိုး သားအစည်းအရုံး KIO ၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့က ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ ကြောင်း သက်ဆင်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး VOA မြန်မာက တနင်္လာနေ့က ရေးသားဖော် ပြခဲ့ပါတယ်။

 

အဲဒီနှစ်ဖွဲ့နဲ့ တွေ့ဆုံပြီးနောက်မှာ ရှမ်းပြည်ပြန်လည်တည်ဆောက်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/ SSA) နဲ့ သီးခြားတွေ့ဆုံခဲ့ကြောင်း VOA မြန်မာက ပြောပါတယ်။

 

ထိုင်းနိုင်ငံ မဲဆောက်မြို့နဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ မြဝတီမြို့ကို လက်နက်ကိုင်သူပုန်တွေ ယာယီသိမ်းပိုက်ပြီး တဲ့အချိန်မှာ အခုလို သက်ဆင်နဲ့ မြန်မာနိုင်ငံက သူပုန်အဖွဲ့တချို့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

 

နှစ်နိုင်ငံဆက်ဆံရေးကတစ်ဆင့် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ပြန်လည်သင့်မြတ်ရေးကို အဓိက ဗဟိုပြုထားတဲ့ ထိုင်းနိုင်ငံခြားရေး မူဝါဒ အပြောင်းအလဲမရှိဘဲ အာဆီယံအဖွဲ့ဝင် တခြားနိုင်ငံတွေနဲ့ ပူးပေါင်း ဆောင်ရွက်နေကြောင်း မစ္စတာမဲရစ်က ပြောပါတယ်။

 

စစ်ပွဲရှည်ကြာလာခဲ့ရင် ထိုင်းနိုင်ငံကို တိုက်ရိုက်ထိခိုက်မှာဖြစ်ပြီး မစ္စတာမဲရစ်က ပြောဆိုသလို ပဋိပက္ခတွေ အဆုံးသတ်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုတွေ တိုးတက်မှုရှိကြောင်း ပြောကြားပေမဲ့ အသေးစိတ်ထုတ် ဖော်ပြောဆိုခြင်းမရှိပါဘူး။

 

မစ္စတာမဲရစ်ဟာ မကြာသေးခင်က အစိုးရအဖွဲ့ ပြန်လည်ဖွဲ့စည်းမှုအရ ဒုတိယဝန်ကြီးရာထူးက ဖယ်ရှားခံလိုက် ရတဲ့အတွက် နိုင်ငံခြားရေးဝန်ကြီးအဖြစ်က နုတ်ထွက်သွားတဲ့ မစ္စတာပန်းပရီးဘဟစ်ဒါနူကာရာနေရာမှာ အ စားထိုးဝင်ရောက်လာတဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်ပါတယ်။

 

နိုင်ငံခြားရေးဝန်ကြီးသစ် မစ္စတာမဲရစ်ဟာ ဝန်ကြီးချုပ်ဟောင်းသက်ဆင်နဲ့ ကာလရှည်ရင်းနှီးခဲ့သူတစ်ဦးဖြစ်သ လို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထိပ်တန်းသံတမန်ဟောင်းတစ်ဦးလည်း ဖြစ်ပါတယ်။

 

Ref: Foreign minister comfy with Thaksin’s intervention in Myanmar

 

#PeopleMedia


Share this post