• Follow Us on
Latest News

Home မြန်မာ့အရေးမှာ ထိုင်းနိုင်ငံက ဘက်မလိုက်ကြားနေဝါဒ ကျင့်သုံးလျက်ရှိ

မြန်မာ့အရေးမှာ ထိုင်းနိုင်ငံက ဘက်မလိုက်ကြားနေဝါဒ ကျင့်သုံးလျက်ရှိ

Share this post

နိုင်ငံတကာ၊ ဧပြီ ၉

 

ထိုင်းနိုင်ငံအနေနဲ့ မြန်မာ့အရေးမှာ ဘက်မလိုက်ကြားနေဝါဒကို ဆက်လက်ကျင့်သုံးဆဲဖြစ်ပြီး မြန်မာစစ်ဘေး ရှောင်ဒုက္ခသည် ၁၀၀၀၀၀ အထိ လက်ခံထားနိုင်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်းပရီးဘဟစ်ဒါနူကာရာ က အင်္ဂါနေ့ (ဧပြီ ၉ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

ငြိမ်းချမ်းရေးရဖို့အတွက် စေ့စပ်ညှိနှိုင်းဆွေးနွေးကြဖို့ စစ်ပွဲမှာပါဝင်ပတ်သက်နေတဲ့အဖွဲ့တွေ မစ္စတာပန်းပရီးက တိုက်တွန်းလိုက်ပါတယ်။

 

မြန်မာနိုင်ငံထဲမှာ စစ်ပွဲတွေ အရှိန်မြင့်လာတာနဲ့ပတ်သက်ပြီး ဆွေးနွေးမယ့် ထိုင်းအစိုးရအဖွဲ့အစည်းအဝေးမစ ခင်မှာ မစ္စတာပန်းပရီးက အခုလို တိုက်တွန်းလိုက်တာဖြစ်ပါတယ်။

 

မြန်မာနို်င်ငံမှာ မြန်မာ့တပ်မတော်နဲ့ နစက အစိုးရကို ဆန့်ကျင်သူတွေကြား တိုက်ပွဲတွေဖြစ်ပွားလျက်ရှိရာ ပြီးခဲ့ တဲ့သီတင်းပတ်အတွင်း ထိုင်းနယ်စပ်နဲ့ ဆက်စပ်နေတဲ့ မြို့တစ်မြို့ရဲ့ အစိတ်အပိုင်းတချို့ အပါအဝင် စစ်စခန်း လေးငါးခုနဲ့ မြို့တွေကို သူပုန်အဖွဲ့တွေက သိမ်းပိုက်ခဲ့ပါတယ်။

 

၂၀၂၁ ခုနှစ် အာဏာထိန်းသိမ်းလိုက်ကတည်းက မြန်မာ နစက အစိုးရ ရင်ဆိုင်လာရတဲ့စိန်ခေါ်မှုတွေထဲမှာ ပြည်တွင်းသူပုန်ထခြင်းဟာ အကြီးမားဆုံး စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါတယ်။

 

“မြန်မာနိုင်ငံက အခြေအနေတွေဟာ ထိုင်းနိုင်ငံအတွက် အလွန့်အလွန် အရေးပါပါတယ်။ မြန်မာနိုင်ငံတွင်း ငြိမ်း ချမ်းရေးနဲ့ တည်ငြိမ်ရေးဖြစ်ပေါ်လာဖို့ အဖွဲ့အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားမှာဖြစ်ပါတယ်။” လို့ ထိုင်းဝန်ကြီးချုပ် ဆရက်ထာထာဗီဆင်က ၎င်းရဲ့ X လူမှုကွန်ရက်မှာ အင်္ဂါနေ့က ရေးသားခဲ့ပါတယ်။

 

မြန်မာအစိုးရဟာ အားနည်းလာပြီဖြစ်ကြောင်း မစ္စတာဆရက်ထာက မကြာသေးခင်က အင်တာဗျူးတစ်ခုမှာ ရိုက်တာသတင်းဌာနကို ပြောပါတယ်။

 

ပြီးခဲ့တဲ့သီတင်းပတ်ကလည်း နစက အစိုးရကို ဆန့်ကျင်နေတဲ့တိုက်ခိုက်ရေးအဖွဲ့တွေဟာ မြန်မာနိုင်ငံမြို့တော် နေပြည်တော်မှာရှိတဲ့ စစ်စခန်းတွေကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

 

မြန်မာနိုင်ငံနဲ့ ကီလိုမီတာ ၂၀၀၀ ဝန်းကျင် နယ်နိမိတ်ထိစပ်နေတဲ့ ထိုင်းနိုင်ငံဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လ မစ္စတာ ဆရက်ထာအာဏာရ လာကတည်းက လူသားချင်းစာနာမှုအကူအညီတွေပို့ဆောင်ပေးတာအပါအဝင် နည်း လမ်းပေါင်းစုံနဲ့ ဆက်သွယ်ဆောင်ရွက်လျက်ရှိပါတယ်။

 

မြန်မာ နစက အစိုးရက ကန့်ကွက်ခဲ့ပေမဲ့ ထိုင်းလွှတ်တော်အမတ်တွေဟာ မြန်မာ့တပ်မတော်ကို ပုန်ကန်နေတဲ့ သူတွေပါဝင်တဲ့ မြန်မာ့နိုင်ငံရေးဆွေးနွေးပွဲတစ်ခုကို လွှတ်တော်ထဲမှာ ကျင်းပခဲ့ပါတယ်။

 

Ref: Thailand ‘neutral’ in Myanmar conflict: Bangkok Post

 

#PeopleMedia


Share this post