• Follow Us on

Home မြန်မာ့အရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ တံခါးပိတ်ဆွေးနွေးမည်

မြန်မာ့အရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ တံခါးပိတ်ဆွေးနွေးမည်

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၅

 

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဖေဖော်ဝါရီ ၅ ရက်နေ့မှာ မြန်မာအရေးတံခါးပိတ်ဆွေးနွေးကြဖို့ရှိပြီး အဲဒီ အစည်းအဝေးကို မြန်မာ့အရေးအာဆီယံအထူးကိုယ်စားလှယ်အသစ် အာလွန်ခီယို ကစ်တီခွန်တက်ရောက် ဆွေးနွေးမှာဖြစ်ကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

အခုကျင်းပမယ့် ဆွေးနွေးပွဲကို ဗြိတိန်နိုင်ငံက ဦးဆောင်ကျင်းပသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် မြန်မာ့တပ်မတော်ခေါင်း ဆောင်တွေကိုယ်တိုင်သဘောတူညီထားတဲ့ အာဆီယံဘုံသဘောတူညီချက်ငါးချက်နဲ့ပတ်သက်ပြီး အဆင်ပြေ ချောမွေ့အောင်ဆောင်ရွက်နိုင်ဖို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌလာအိုနိုင်ငံက ဆောင်ရွက်ထားတဲ့အဆင့်တွေကို အာလွန်ခီယိုကစ်တီခွန်ဆီက ရှင်းလင်းပြောကြားမှာကိုလည်း လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေက စိတ်ဝင် စားနေကြတယ်လို့ ဆိုပါတယ်။

 

အာဆီယံအထူးကိုယ်စားလှယ်သစ်ကစ်တီခွန်ဟာ ဇန်နဝါရီလ ၁၀ ရက်နေ့က မြန်မာနိုင်ငံကိုသွားရောက်ပြီး မြန် မာ့တပ်မတော်ခေါင်းဆောင် နစကအစိုးရဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာတွေကို လည်း ရှင်းလင်းပြောပြလိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။

 

ဒါ့အပြင် မြန်မာနိုင်ငံက ကိုယ်စားလှယ်တစ်ဦးစေလွှတ်ခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့က လာအိုနိုင်ငံမှာကျင်းပခဲ့ တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ နှစ်ပတ်လည်အစည်းအဝေးအကြောင်းတွေကိုလည်း လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေက စိတ်ဝင်စားနေပါတယ်။

 

မြန်မာနိုင်ငံရဲ့ နိုင်ငံရေး/ လူသားချင်းစာနာထောက်ထားမှု နောက်ဆုံးအခြေအနေတွေနဲ့ ဇန်နဝါရီလ ၃၁ ရက် နေ့မှာ နစက အစိုးရက နောက်ထပ်ခြောက်လသက်တမ်းတိုးလိုက်တာကိုလည်း အဖွဲ့ဝင်နိုင်ငံတွေက စိတ်ဝင် စားနေကြပါတယ်။

 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သုံးဖွဲ့ ပူးပေါင်းထားတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့က ဆောင်ရွက်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရးနဲ့ပတ်သက်ပြီး နိုင်ငံရေးဂယက်ရိုက်မှုတွေကိုလည်း ဆွေးနွေးသွားဖို့ အဖွဲ့ဝင်နိုင်ငံတွေက စိတ်ဝင်စား နိုင်တယ်လို့ ဆိုပါတယ်။

 

မြောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့တိုက်ခိုက်မှုကြောင့် မြန်မာ့တပ်မတော်သားအမြောက်အမြားလက်နက်ချခဲ့ကြသလို ရှမ်းပြည်နယ်အရှေ့မြောက်ဒေသမှာ မြို့ပေါင်း ၁၇ မြို့ကိုလည်း မြန်မာ့တပ်မတော်က လက်လွှတ်ဆုံးရှုံးခဲ့ရပါ တယ်။

 

အရှေ့မြောက်ဒေသက မြောက်ပိုင်းမဟာမိတ်တပ်တွေရဲ့ အောင်မြင်မှုကြောင့် တခြားဒေသက သူပုန်အဖွဲ့တွေ ကလည်း အားတက်လာပြီး နိုင်ငံတစ်ဝန်း တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတယ်လို့ ဆိုပါတယ်။

 

ဇန်နဝါရီလ ၁၂ ရက်နေ့မှာတော့ မြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ကြား အပစ်အခတ်ရပ်စဲဖို့ တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ညှိနှိုင်းပေးခဲ့ပါတယ်။

 

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အသစ်ခန့်အပ်ဖို့အရေး နှောင့်နှေးကြန့်ကြာနေတဲ့အတွက်လည်း အဖွဲ့ဝင်နိုင်ငံတွေက စိုးရိမ်ပူပန်နေကြပါတယ်။

 

အရင်က အထူးကိုယ်စားလှယ် နိုလင်းဟေဇာဟာ ၂၀၂၃ ခုနှစ် ဇွန်လမှာ သက်တမ်းကုန်ဆုံးပြီးနောက် အထူး ကိုယ်စားလှယ်အသစ် ထပ်မံခန့်အပ်နိုင်ခြင်းမရှိသေးပါဘူး။

 

ကုလသမဂ္ဂအထူးကိုယ်စားလှယ်တစ်ယောက်မရှိဘဲနဲ့ မြန်မာနိုင်ငံက stakeholder (ပါဝင်ပတ်သက်နေသူ) အားလုံးနဲ့ ဆက်သွယ်ဆောင်ရွက်နိုင်ဖို့ ကုလသမဂ္ဂအနေနဲ့ အခက်အခဲရှိတယ်လို့ ဆိုပါတယ်။

 

ဗြိတိန်နိုင်ငံက ဦးဆောင်ဆွေးနွေးမယ့် လုံခြုံရေးကောင်စီရဲ့ တံခါးပိတ်အစည်းအဝေးကျင်းပမယ့်အချိန်မှာ အမျိုး သား ညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်လည်း နယူးယောက်မြို့ကို ရောက်ရှိနေ တယ်လို့ ဆိုပါတယ်။

 

လာအိုနိုင်ငံမှာကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီး ထုတ်ပြန်ချက်မှာတော့ “ဘုံ သဘောတူညီချက် ၅ ချက်ဟာ အာဆီယံရဲ့ အဓိကဆုပ်ကိုင်ထားမယ့်အရာ” ဖြစ်တယ်လို့ ပြောဆိုခဲ့ပြီး မြန်မာ့ အရေးကို မြန်မာကိုယ်တိုင် ဦးဆောင်ဖြေရှင်းဖို့လည်း တိုက်တွန်းအားပေးထားပါတယ်။

 

ကုလသမဂ္ဂကလည်း မြန်မာ့အ‌ရေးနဲ့ ပတ်သက်ပြီး အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို ထောက်ခံ ထားပြီး အဲဒီသဘောတူညီချက်တွေကို အခိုင်အမာ အကောင်အထည်ဖော်ဖို့၊ မြန်မ ပြည်သူတွေရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကိုလေးစားလိုက်နာဖို့နဲ့ ချိုးဖေါက်ကျုးလွန်သူတွေကို အရေးယူနိုင်ဖို့၊ လူသားချင်းစာနာ ထောက် ထားမှု လိုအပ်နေသူတွေဆီကို အကူအညီတွေ အဟန့်အတားမရှိ ပေးအပ်နိုင်ဖို့ကိုလည်း တောင်းဆိုထား ပါတယ်။

 

ကုလလုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံကတော့ အမေရိကန်၊ ယူကေ၊ တရုတ်၊ ရုရှားနဲ့ ပြင်သစ် တို့ ဖြစ်ပြီး လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေကြား ဆွေးနွေးဆုံးဖြတ်ချက်တွေကို အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံက ဗီတို အာဏာသုံးပြီး ပယ်ချခွင့်ရှိပါတယ်။ ဆုံးဖြတ်ချက်ကို ဗီတိုအာဏာသုံးပြီး ပယ်ချလိုက်ရင် အဲဒီဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ခွင့်မရှိတော့ ဘူးလို့ ဆိုပါတယ်။

 

Ref: Myanmar: Private Meeting: Security Council Report

 

#PeopleMedia


Share this post