• Follow Us on
Latest News

Home မြန်မာ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တိုးတက်လာစေရေးအတွက် တရုတ်အနေဖြင့်ကူညီပေးသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ကျန်းယိုရှား ပြောကြား

မြန်မာ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တိုးတက်လာစေရေးအတွက် တရုတ်အနေဖြင့်ကူညီပေးသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ကျန်းယိုရှား ပြောကြား

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၃

 

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်လာစေရေးအတွက် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအား ကူညီပေးသွားမည်ဖြစ်ကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ကျန်းယိုရှားက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် (၁၀) ကြိမ်မြောက် ပေကျင်းရှန်ကျန်းဖိုရမ် (10th Beijing Xiangshan Forum)သို့ တက်ရောက်ခဲ့သည်။

 

ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ဦးဆောင် သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက် ၀၉၀၀ နာရီအချိန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ  ဗိုလ်ချုပ်ကြီး ကျန်းယိုရှား ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် နှစ်နိုင်ငံသီးသန့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည်။

 

တွေ့ဆုံပွဲ၌ ဗိုလ်ချုပ်ကြီး ကျန်းယိုရှားက တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးသည် ယခင်ကထက် ပိုမိုတိုးတက်ခိုင်မာလာလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်လာစေရေးအတွက် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအား ကူညီပေးသွားမည်ဖြစ်ကြောင်း၊ နယ်စပ်ဒေသများတွင် လုံခြုံရေးနှင့် တည်ငြိမ်ရေးတို့အတွက် မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ဆောင်ရွက်သွားမည်ဟုလည်း မျှော်လင့် ပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မဟာဗျူဟာမြောက် အပြန်အလှန် ယုံကြည်မှုကို နက်ရှိုင်းအောင် ဆောင်ရွက် ရန်အသင့်ရှိကြောင်း၊ နယ်ပယ်အသီးသီး၌ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို အားကောင်းအောင်လုပ် ဆောင်ရေးနှင့် မြန်မာ့တပ်မတော်နှင့် အဆင့်မြင့်ဆက်ဆံရေးများကို ထိန်းသိမ်းထားရန်တို့အား လုပ်ဆောင်ရန် အသင့်ဖြစ်နေကြောင်း ပြောကြားခဲ့သည်။

 

ဒုတိယဝန်ကြီးချုပ်ကလည်း နှစ်နိုင်ငံတပ်မတော်ချင်း ဘက်စုံပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်အတွက် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်နှင့်အတူ ဆက်လက် ဆောင်ရွက်သွားလိုပါကြောင်း၊ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးအပေါ် မြန်မာ့တပ်မတော်အနေနှင့် အထူး အလေးထားပါကြောင်း၊  နယ်စပ်ဒေသ တည်ငြိမ်ရေးအား ထိန်းသိမ်းထားနိုင်ရေးအတွက် နှစ်နိုင်ငံတပ်မတော် များအကြား အပြန်အလှန် သတင်းဖလှယ်ရေးကိုလည်း မြှင့်တင်လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း ပြောကြား ခဲ့သည်။

 

ဒုတိယဝန်ကြီးချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်တွင် ပေကျင်းနိုင်ငံ တကာ ကွန်ဗင်းရှင်းစင်တာ (Beijing International Convention Center- BICC) တွင် ကျင်းပသော (၁၀) ကြိမ်မြောက် ပေကျင်းရှန်ကျန်းဖိုရမ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ထိုနောက် နိုင်ငံကြီးများ၏ တာဝန်များနှင့် ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးပူးပေါင်း ဆောင်ရွက်မှု ဆွေးနွေးပွဲ၊ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးတွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အခန်းကဏ္ဍဆွေးနွေးပွဲနှင့် ဒေသတွင်း လုံခြုံရေးပူးပေါင်း ဆောင်ရွက်မှုအခန်းကဏ္ဍတွင် အာဆီယံ၏ဗဟိုကျမှု ဆွေးနွေးပွဲများသို့ ပါဝင်တက်ရောက်ခဲ့ကြသည်။

 

#PeopleMedia


Share this post