• Follow Us on
Latest News

Home မြန်မာ−ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ ရေကြောင်းလုံခြုံရေးဆိုင်ရာကိစ္စရပ်များဆွေးနွေး

မြန်မာ−ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ ရေကြောင်းလုံခြုံရေးဆိုင်ရာကိစ္စရပ်များဆွေးနွေး

Share this post

နေပြည်တော်၊ စက်တင်ဘာ ၄

 

ရန်ကုန်မြို့တွင်ပြုလုပ်သည့် ဆဋ္ဌမအကြိမ်မြောက် မြန်မာ−ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံရေတပ်ဦးစီးအရာရှိများ တွေ့ဆုံဆွေးနွေးပွဲ (6th Myanmar-Bangladesh Navy to Navy Staff Talks) ကို စက်တင်ဘာ ၁ ရက် နံနက်ပိုင်းတွင် ဧရာဝတီရေတပ်စခန်းဌာနချုပ် အရာရှိရိပ်သာ၌ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ကြသည်။

 

ဆွေးနွေးပွဲသို့ ဘင်္ဂလားဒေ့ရှ်ရေတပ်မှ Commodore Mustaque Ahmed, (G), NPP, pcs, BN ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

 

ထိုသို့ နှစ်နိုင်ငံရေတပ်ကိုယ်စားလှယ်အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးရာတွင် ရေကြောင်းလုံခြုံရေးဆိုင်ရာကိစ္စ ရပ်များ၊ နှစ်နိုင်ငံပူးပေါင်းကင်းလှည့်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံရေတပ်စစ်ရေယာဉ်များနှင့် အရာရှိ၊ စစ်သည်များ အပြန်အလှန်အလည်အပတ်ခရီးစဉ်ဆိုင်ရာကိစ္စရပ်များ၊ သတင်းအချက်အလက်ဖလှယ်ခြင်း ဆိုင်ရာကိစ္စရပ်များနှင့် ပင်လယ်ပြင်ညစ်ညမ်းမှုကာကွယ်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြသည်။

 

အဆိုပါ ဆွေးနွေးချက်များအား သဘောတူလက်မှတ်ရေးထိုးပွဲကို စက်တင်ဘာ ၂ ရက် နေ့လယ်ပိုင်းတွင် ဆက်လက်ပြုလုပ်ပြီး အထိမ်းအမှတ်တံဆိပ်များ အပြန်အလှန်ပေးအပ်ခဲ့ကြသည်။

 

ဘင်္ဂလားဒေ့ရှ်ရေတပ်မှ ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post