• Follow Us on
Latest News

Home မြန်မာ-ကာတာနှစ်နိုင်ငံအကြား စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ ဆွေးနွေး

မြန်မာ-ကာတာနှစ်နိုင်ငံအကြား စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ ဆွေးနွေး

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၃

 

ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်ယုသည် ရီရတ်ဒ်မြို့အခြေစိုက် ကာတာနိုင်ငံ သံ အမတ်ကြီး His Excellency Bandar bin Mohammed al-Attyah အား စက်တင်ဘာလ ၁၁ ရက်တွင် တွေ့ဆုံခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။

 

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ လတ်တလောနိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ မြန်မာနိုင်ငံနှင့် ကာတာနိုင်ငံတို့အကြား သံတမန်ဆက်ဆံမှုတိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များ၊ ASEAN-GCC ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ ကာတာနိုင်ငံတွင် ရောက်ရှိနေသော မြန်မာအလုပ်သမားများ အရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ နှစ်ဖက် အမြင်သဘောထားများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post