• Follow Us on

Home မြန်မာ-ကာတာနှစ်နိုင်ငံ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးကိစ္စရပ်များ ဆွေးနွေး

မြန်မာ-ကာတာနှစ်နိုင်ငံ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးကိစ္စရပ်များ ဆွေးနွေး

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၂

 

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်သည် ကာတာသံရုံးမှ သံရုံး ယာယီတာဝန်ခံ/သံအမတ် Dr. Rashid Abdulla AL-Kuwari အား ယမန်နေ့တွင် နေပြည်တော်ရှိ ပြည် ထောင်စုအစိုးရအဖွဲ့ ရုံးဝန်ကြီးဌာန (၂) ၌ လက်ခံတွေ့ဆုံခဲ့သည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ကာတာသံရုံးမှ သံရုံးယာယီတာဝန်ခံ/ သံအမတ် Dr. Rashid Abdulla AL-Kuwari တို့သည် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု မြှင့် တင်ရေး၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများ ပြန်လည်နေရာချထားရေးနှင့် လူသားချင်းစာနာထောက် ထားမှု အကူအညီပေးရေးကဏ္ဍတို့တွင် ကာတာနိုင်ငံအနေဖြင့် ကူညီပံ့ပိုးပူးပေါင်းဆောင်ရွက်ရန် ကမ်းလှမ်းလာ မှုအခြေအနေတို့ကို ဆွေးနွေးခဲ့ကြသည်။

 

#PeopleMedia


Share this post