မြန်မာ-ကူဝိတ်နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်နှင့် အလုပ်သမားအစရှိသောကဏ္ဍများ အကျိုး တူပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆွေးနွေး

PUBLISHED - September 8, 2023
နေပြည်တော်၊ စက်တင်ဘာ ၈
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ကူဝိတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ မူဘာရက်(ခ်) အမ် အေ အလက်ဝါ နီအား စက်တင်ဘာ ၇ ရက်၊ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံစဉ် မြန်မာ-ကူဝိတ် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြှင့်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်နှင့် အလုပ်သမား အစရှိသော ကဏ္ဍများ အပါအဝင် နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေး၊ နှစ်နိုင်ငံအကြား သဘောတူညီချက်များအား အကောင်အထည်ဖော်ဆောင်သွား ရေးနှင့် လက်မှတ်ရေးထိုးရန်ရှိသည့် သဘောတူစာချုပ်များကို ဆက်လက်ညှိနှိုင်းဆွေးနွေးရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများတွင် အထူးသဖြင့် အာဆီယံ-အာရပ် ပင်လယ်ကွေ့ပူးပေါင်း ဆောင်ရွက်ရေးကောင်စီ နှင့် ကုလသမဂ္ဂ မူဘောင်တို့အောက်မှ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေး နွေးခဲ့ကြကြောင်း သိရသည်။
#PeopleMedia