မြန်မာ-ဂျပန်အဆင့်မြင့်ပညာရပ်များပေါင်းကူးဆောင်ရွက်နိုင်ရန် IBEC ဆရာတော် ဆောင်ရွက်နေ
PUBLISHED - January 19, 2024
နေပြည်တေ်၊ ဇန်နဝါရီ ၁၉
မြန်မာ – ဂျပန် အဆင့်မြင့်ပညာရပ်များ ပေါင်းကူးဆောင်ရွက်နိုင်ရန် IBEC ဆရာတော်အနေဖြင့် ကြိုးစားဆောင် ရွက်လျက်ရှိကြောင်း စစ်ကိုင်းအပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာပညာရေးစင်တာ (IBEC) ကျောင်းတိုက်မှ သိရ သည်။
Project Professor & Research Fellow Senior Member of IEEE (Professor Dr.Shouji Usuda) ၏ ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံသို့ရောက်ရှိနေသော ကျောင်းအုပ်ဆရာတော် ဒေါက်တာအရှင် သောဘိတ ဦးဆောင်သည့် IBEC & KBU ပညာရေးအဖွဲ့က ပြီးခဲ့သည့်ရက်ပိုင်းက IRIYA City မြို့ရှိ Hosei University သို့သွားရောက်လေ့လာခဲ့သည်။
ထို့နောက် IBEC & KBU ပညာရေးအဖွဲ့သည် ဂျပန်နိုင်ငံ ဟာမာမတ်ဆုမြို့ရှိ OISCA အကယ်ဒမီနှင့် စိုက်ပျိုး ရေးကောလိပ်အပါအဝင် OISCA အထက်တန်းကျောင်းသို့သွားရောက်ကာ ပညာရေးပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံရှိ အထက်တန်းဆင့်အောင်လူငယ်များ ပညာဆက်လက် သင်ကြားရေးကိစ္စ၊ ဂျပန်ဘာသာစကားသင်ကြားရေးကိစ္စအပါအဝင် မြန်မာလူငယ်များ ဂျပန်နိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်း ကိစ္စများ ပိုမိုတိုးတက်ကောင်းမွန်စေရေးအတွက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
#PeopleMedia