• Follow Us on
Latest News

Home မြန်မာ-ဆော်ဒီအာရေဗျနှစ်နိုင်ငံ နိုင်ငံတကာမျက်နှာစာတွင်အပြန်အလှန်ထောက်ခံမှုပေးရေးကိစ္စရပ်များ ဆွေး နွေး

မြန်မာ-ဆော်ဒီအာရေဗျနှစ်နိုင်ငံ နိုင်ငံတကာမျက်နှာစာတွင်အပြန်အလှန်ထောက်ခံမှုပေးရေးကိစ္စရပ်များ ဆွေး နွေး

Share this post

နေပြည်တော်၊ စက်တင်ဘာ ၇

 

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ဆော်ဒီအာရေဗျနိုင်ငံသံအမတ်ကြီး မစ္စတာ ဆာအု(ဒ်)ဘင် အဗ္ဗဒူ(လ်)လာ အယ်လ်စု ဘေးအိအား စက်တင်ဘာလ ၆ ရက်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

 

ထိုသို့တွေ့ဆုံစဉ် မြန်မာ-ဆော်ဒီအာရေဗျ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမို တိုးမြှင့်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်နှင့် အလုပ်သမား၊ ဟိုတယ်နှင့် ခရီးသွားလာရေး၊ ဘာသာ စကားနှင့် ယဉ်ကျေးမှုဖလှယ်ရေး အစရှိသောကဏ္ဍများတွင် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးရန်ရှိသည့် သဘောတူစာချုပ်များကို ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရေး၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးဆိုင်ရာလုပ်ငန်းစဉ် အကောင် အထည်ဖော်ရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် အပြန်အလှန်ထောက်ခံမှုပေးရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

 

#PeopleMedia


Share this post