• Follow Us on

Home မြန်မာ-တရုတ်ချစ်ကြည်ရေးသင်္ကေတအဖြစ် တည်ဆောက်ခဲ့သည့် မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာနနှင့် သင်တန်းကျောင်းဖွင့်လှစ်

မြန်မာ-တရုတ်ချစ်ကြည်ရေးသင်္ကေတအဖြစ် တည်ဆောက်ခဲ့သည့် မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာနနှင့် သင်တန်းကျောင်းဖွင့်လှစ်

Share this post

နေပြည်တော်၊ ဇွန် ၁၄

 

မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ ချစ်ကြည်ရေးသင်္ကေတအဖြစ် တည်ဆောက်ခဲ့သည့် မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်း (Myanmar National Center for Disease Control and Medical Training Center) ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့တွင် နေပြည်တော် ဒဏ္ခိဏသီရိမြို့နယ်ရှိ အဆိုပါဗဟိုဌာနနှင့် သင်တန်းကျောင်းအဆောက်ဦ၌ ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး တက်ရောက်ဖွင့်လှစ်ပေးသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တစ်မျိုးသား လုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစား ကဏ္ဍမြှင့်တင်ဆောင်ရွက်ရေးကို လူမှုရေးဦးတည်ချက်တွင် ထည့်သွင်းချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသော အခြေခံကျပြီး အရေးပါသည့် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို နိုင်ငံတကာအဆင့်မီ အရည်အသွေးပြည့်မီစွာဖြင့် စွမ်းရည်ပြည့်ဝသော ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်နိုင်ရန် အရေးကြီး ကြောင်း ပြောသည်။

 

မြန်မာနိုင်ငံတွင် နိုင်ငံတကာအဆင့်မီ ရောဂါကာကွယ်ထိန်းချုပ်ရေး၊ သုတေသနပြုလုပ်ရေးနှင့် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးရေးဗဟိုဌာနတစ်ခု ထူထောင်နိုင်ရန်အတွက် မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့၏ နှစ်နိုင်ငံချစ်ကြည်ရေးသင်္ကေတအဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရက ကူညီတည် ဆောက်ထူထောင်ပေးခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်း စီမံကိန်းကို တရုတ်ယွမ်ငွေ သန်း(၃၃၀) ခန့်ဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒဏ္ခိဏသီရိမြို့နယ်တွင် ယခုကဲ့သို့ အကောင်အထည်ဖော်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ Myanmar CDC Center ထူထောင်နိုင် ခြင်းဖြင့် မြန်မာနိုင်ငံ၏ ကျန်းမာရေးအဆင့်အတန်းကို နိုင်ငံတကာနှင့် ရင်ပေါင်တန်းပြီး တိုးတက်အောင် ဆောင်ရွက်သွားနိုင်တော့မည်ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးပြဋ္ဌာန်းချက်နှင့် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးလုံခြုံမှုဆိုင်ရာ အစီအမံများကိုလည်း ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်လာ နိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးက ယခုဖွင့်လှစ်သည့် ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန တွင် နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းများအနေဖြင့် ဇီဝလုံခြုံမှုအဆင့်မြင့်မားပြီး ကူးစက်ပြန့်ပွားလွယ်သည့် ရောဂါပိုးများကို ဓာတ်ခွဲစမ်းသပ်လေ့လာသည့် ဇီဝလုံခြုံမှုအဆင့်(၃)ရှိသည့် တုပ်ကွေးရောဂါဓာတ်ခွဲခန်း၊ ဇီဝလုံခြုံမှုအဆင့်(၂)ရှိသည့် ဗိုင်းရပ်စ်ပိုးဓာတ်ခွဲခန်း၊ ဘက်တီးရီးယားပိုးမွှားဓာတ်ခွဲခန်း၊ ဇီဝလုံခြုံမှုအဆင့် (၁) ရှိသည့် အစားအစာအဏုဇီဝဓာတ်ခွဲခန်း၊ ရောဂါပိုးမွှားကင်းစင်သည့် ဓာတ်ခွဲခန်း စသည့်ဓာတ်ခွဲခန်းများစွာ ပါဝင်ပြီး ယင်းဓာတ်ခွဲခန်းများက ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ထိရောက်စွာ အထောက်အကူ ပြုဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့် သင်တန်းကျောင်း မြန်မာ CDC အဆောက်အဦကို မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ ချစ်ကြည်ရေးသင်္ကေတအဖြစ် စတင် တည်ဆောက်ခဲ့ရာ ၂၀၂၄ ခုနှစ် မေလတွင် တည်ဆောက်ပြီးစီးပြီဖြစ်၍ ဇွန် ၁၃ ရက်တွင် အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သည်။

 

#PeopleMedia


Share this post