• Follow Us on
Latest News

Home မြန်မာ-တရုတ်နှစ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေး

မြန်မာ-တရုတ်နှစ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေး

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၀

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ e-ID စနစ် လုပ်ငန်းဆောင်ရွက်မှုနှင့် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား လူဝင်မှုကြီး ကြပ်ရေးလုပ်ငန်းများ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦး၊ အီလက်ထရောနစ် မှတ်ပုံတင်စနစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းဟိန်းတို့နှင့်အတူ စက်တင်ဘာ ၁၇ ရက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘေဂျင်းမြို့သို့ လေကြောင်းခရီး ဖြင့်ထွက်ခွာခဲ့ကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်တုံးပြည်နယ် ကွမ်ကျိုးမြို့ ဘိုင်ရန် (Bai Yun) အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိရာ ကွမ်ကျိုးလူဝင်မှုကြီးကြပ်ရေးနှင့် စစ်ဆေး ရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Zhao Hui က လေဆိပ်ဧည့်ခန်းမ၌ ကြိုဆိုနှုတ်ဆက်၍ ဒေသတွင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်ဝင်/ပြည်ထွက်စစ်ဆေးရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်း ပြောကြားကာ နှစ်နိုင်ငံလူဝင်မှုကြီးကြပ်ရေးဆိုင်ရာများ ပူးပေါင်းဆောင်ရွက်နိုင်ရေး အမြင်ချင်းဖလှယ်ဆွေးနွေး ကြသည်။

 

ယင်းနောက် စက်တင်ဘာ ၁၈ ရက်နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘေဂျင်းမြို့ရှိ ပြည်သူ့ လုံခြုံရေးဝန်ကြီးဌာန၊ အမျိုးသားလူဝင်မှုကြီးကြပ်ရေးဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန(NIA)သို့ သွားရောက်၍ NIA ၏ ဒုတိယဝန်ကြီးနှင့်တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် အပြည့်အဝထောက်ခံရပ်တည်မှုအခြေ အနေ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန လက်အောက်ရှိ NIA ဌာနမှ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာမူဝါဒများ၊ ပြည်ဝင်/ပြည်ထွက်နှင့် နယ်စပ်ဒေသကာကွယ်ထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များ၊ တရားဥပဒေစိုးမိုးရေးအတွက် ပူးပေါင်းဆောင်ရွက်မှု၊ တရုတ်-မြန်မာနယ်စပ်ဂိတ်များနှင့် နယ်နိမိတ်တစ်လျှောက် ဝင်/ထွက်မှုစနစ်တကျဖြစ်စေ ရေးဆောင်ရွက်နေမှုနှင့် နှစ်နိုင်ငံလူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေး အတွက် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်း စမ်းသပ်သန်းခေါင် စာရင်းကောက်ယူမည့်အခြေအနေနှင့် ၂၀၂၄ ခုနှစ်အတွင်း ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူနိုင်ရေး စီစဉ်ဆောင်ရွက်နေမှု၊ e - ID စနစ် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် ယင်းလုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် တရုတ်နိုင်ငံအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ မြန်မာနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ မူဝါဒများနှင့် လုပ်ငန်းဆောင်ရွက်မှု၊ တရုတ်နိုင်ငံအပါအဝင် မြန်မာနိုင်ငံနှင့် နယ်နိ မိတ်ချင်းထိစပ်နေသည့် နိုင်ငံများနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများပူးပေါင်းဆောင်ရွက်နေမှု၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်များ၌ နှစ်နိုင်ငံပြည်သူများ တရားဝင် ဝင်/ထွက်သွားလာမှုနှင့် တရားမဝင် ဝင်/ထွက် မှုမရှိစေရေးအတွက် တားဆီးကာကွယ်ဆောင်ရွက်မှု၊ နှစ်နိုင်ငံလူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ နီး ကပ်စွာ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးအခြေအနေများနှင့် စပ်လျဉ်း၍ ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post