• Follow Us on

Home မြန်မာ-တရုတ်နှစ်နိုင်ငံ၏ လယ်ယာကဏ္ဍဖွံ့ဖြိုးမှုတိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာများဆွေးနွေး

မြန်မာ-တရုတ်နှစ်နိုင်ငံ၏ လယ်ယာကဏ္ဍဖွံ့ဖြိုးမှုတိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာများဆွေးနွေး

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၅

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဖိတ်ကြားချက်အရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာတင်ထွဋ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၉ ရက်မှ ၂၀ ရက်အထိ ရှန်စီးပြည်နယ် ရန်လင်းမြို့၌ ကျင်းပသည့် ၂၀၂၃ ခုနှစ် ကမ္ဘာ့မြေဆီလွှာကျန်းမာရေးဆွေးနွေးပွဲ 2023 Global Forum on Soil Health သို့ တက်ရောက်ခဲ့ကြသည်။

 

Soil Health Management နှင့်ပတ်သက်သည့် အတွေ့အကြုံများဖလှယ်ရန်နှင့် မူဝါဒပိုင်းဆိုင်ရာဆွေးနွေးမှု များပြုလုပ်ရန်၊ နည်းပညာဆိုင်ရာများ ဖလှယ်နိုင်ရန်၊ စားနပ်ရိက္ခာဖူလုံခြင်းနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပြဿနာများဖြေရှင်းရန်၊ ပူးတွဲလုပ်ဆောင်ချက်များ အကောင်အထည်ဖော်ရန်၊ ကုလသမဂ္ဂ စဉ်ဆက်မပြတ်ဖွံ့ ဖြိုးရေး၏ ၂၀၃၀ အစီအစဉ်အား အကောင်အထည်ဖော်ရန် ရည်ရွယ်၍ 2023 Global Forum on Soil Health ကို ကျင်းပခြင်းဖြစ်သည်။

 

အဆိုပါဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက မြန်မာ-တရုတ်နှစ်နိုင်ငံ၏ လယ်ယာကဏ္ဍဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက် ရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာများ၊ သီးနှံ ဗီဇမျိုးအရင်းအမြစ်များ အပြန်အလှန်ဖလှယ်နိုင်ရေး၊ မြေဆီလွှာကျန်းမာရေးကောင်းမွန်ရေးနည်းပညာနှင့် သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရန်ကိစ္စရပ်များကို ဆွေး နွေးခဲ့ကြောင်း သိရသည်။

 

ထို့ပြင် ဒုတိယဝန်ကြီးသည် စပါးစိုက်ပျိုးသည့် မြေများ၏ မြေဆီလွှာကျန်းမာရေး တိုးတက်ဖွံ့ဖြိုးရေးအလုပ်ရုံ ဆွေးနွေးပွဲတွင် ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ခဲ့ပြီး နှစ်နိုင်ငံသုတေသနနှင့် နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာများ၊ စားရေရိက္ခာဖူလုံရေးနှင့် အာဟာရပြည့်ဝရေး ဈေးကွက်ဖော်ဆောင်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post