• Follow Us on
Latest News

Home မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ပိုမိုထိ ရောက်စွာပူးပေါင်းဆောင်ရွက်သွားရေးကိစ္စများဆွေးနွေး

မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ပိုမိုထိ ရောက်စွာပူးပေါင်းဆောင်ရွက်သွားရေးကိစ္စများဆွေးနွေး

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၁၁

 

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးသန်းဆွေသည် ဒီဇင်ဘာလ ၉ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့တွင်နှင့် တရုတ်ကွန်မြူနစ်ပါတီ၊ ယူနန်ပြည်နယ်ပါတီကော်မတီ ဒုတိယ အတွင်းရေးမှူး မစ္စတာရှီယွီကန်းနှင့် ဟိုင်ကန်ဥယျာဉ်ဟိုတယ်၌ တွေ့ဆုံခဲ့သည်။

 

ထိုသို့တွေ့ဆုံစဉ် အစဉ်အလာအရ တည်ရှိပြီးဖြစ်သည့် မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ပိုမိုခိုင်မာစေရေး၊ မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ်အပါအဝင် တရုတ်နိုင်ငံတို့အကြား နယ်စပ်ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက် အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်သွား ရေးနှင့် နှစ်နိုင်ငံ နယ်စပ်တစ်လျှောက် တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနှင့် တည်ငြိမ်‌အေးချမ်းရေးအတွက် နှစ်ဖက် ပိုမိုထိရောက်စွာ ပူးပေါင်းဆောင်ရွက်သွားရေးကိစ္စများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည်။

 

#PeopleMedia


Share this post