• Follow Us on

Home မြန်မာ-ထိုင်းနယ်စပ်ဒေသတွင်ဖြစ်ပွားလျက်ရှိသည့် တရားမဝင်လူကုန်ကူးမှုများ၊ အွန်လိုင်းငွေကြေးလိမ်လည်မှု များပပျောက်ရေးအတွက် နှစ်နိုင်ငံအစိုးရနှင့် တပ်မတော်အကြား ပူးပေါင်းဆောင်ရွက်သင့်သည့်ကိစ္စရပ်များ ဆွေးနွေး

မြန်မာ-ထိုင်းနယ်စပ်ဒေသတွင်ဖြစ်ပွားလျက်ရှိသည့် တရားမဝင်လူကုန်ကူးမှုများ၊ အွန်လိုင်းငွေကြေးလိမ်လည်မှု များပပျောက်ရေးအတွက် နှစ်နိုင်ငံအစိုးရနှင့် တပ်မတော်အကြား ပူးပေါင်းဆောင်ရွက်သင့်သည့်ကိစ္စရပ်များ ဆွေးနွေး

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၂၂

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံး၊ အကြံပေးဘုတ် အဖွဲ့ဥက္ကဋ္ဌနှင့် Army Operations Center Neighboring Countries Coordination Center (NCCC) ဌာနတာဝန်ခံ General Direk Bongkarn ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့သည်။

 

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံနှင့်တပ်မတော်နှစ်ရပ်အကြား သံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုများ ကောင်းမွန်လျက်ရှိမှုအခြေအနေများ၊ တပ်မတော်နှစ်ရပ်အကြား ခေါင်းဆောင်များနှင့် အဆင့်မြင့်တပ်မတော်အရာရှိကြီးများအချင်းချင်း ဆက်ဆံရေးတိုးတက်ကောင်းမွန်လျက်ရှိသကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှုအခြေအနေများ၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား အဆင့်အလိုက်အစည်းအဝေးများ နှစ်စဉ်အောင်မြင်စွာကျင်းပနိုင်မှုအခြေအနေများ၊ နယ်စပ်ဒေသတွင် ဖြစ်ပွားလျက်ရှိသည့် တရားမဝင်လူကုန်ကူးမှုများ၊ အွန်လိုင်းငွေကြေးလိမ်လည်မှုများ ပပျောက်ရေးအတွက် နှစ်နိုင်ငံအစိုးရနှင့်တပ်မတော်အကြား ပူးပေါင်းဆောင်ရွက်သင့်သည့်ကိစ္စရပ်များ၊ ထိုင်းနိုင်ငံမှ မြန်မာရေပိုင်နက်အတွင်း တရားမဝင်ငါးဖမ်းလှေနှင့် လှေလုပ်သားများအပေါ် မြန်မာနိုင်ငံမှအရေးယူထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်လိုသည့် အစီအစဉ်များ၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် သတင်းအချက်အလက်များ အပြန်အလှန်ဖလှယ်ရေးဆိုင်ရာကိစ္စရပ်များ၊ တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်တပ်မတော်အရာရှိကြီးများ ချစ်ကြည်ရေးခရီးများ လည်ပတ်ရေးဆိုင်ရာကိစ္စရပ်များနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကိုဆွေနွေးခဲ့ကြသည်။

 

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ထိုင်းဘုရင့် ကြည်းတပ်ဦးစီးချုပ်ရုံး၊ အကြံပေးဘုတ်အဖွဲ့ဥက္ကဋ္ဌနှင့်အတူ ထိုင်းဘုရင့်တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းဘုရင့်ကြည်းတပ်စစ်သံမှူး Senior Colonel Thanwit Yomchinda (တန်ဝစ်ယုံချင်ဒါ) တို့ တက်ရောက်ခဲ့ကြသည်။

 

#PeopleMedia


Share this post