ျမန္မာ-ထိုင္းနယ္စပ္မွာ စစ္လက္နက္ေတြသိမ္းဆည္းရမိ

PUBLISHED - June 24, 2020
ဘန္ေကာက္၊ ဇြန္ ၂၄
ျမန္မာ-ထိုင္းနယ္စပ္က မဲေဆာက္ၿမိဳ႕မွာ စစ္လက္နက္ခဲယမ္းေတြသိမ္းဆည္းရမိခဲ့တယ္လို႔ ထိုင္းအစိုးရဘက္က ဇြန္ ၂၃ ရက္မွာသတင္းထုတ္ျပန္ပါတယ္။
အဂၤါေန႔မနက္ပိုင္း မဲေဆာက္က အိမ္တစ္အိမ္မွာ 6၊ M79 နဲ႔ AK47 တို႔လိုေသနတ္ေတြ၊ ခဲယမ္းေတြသိမ္းဆည္းရမိခဲ့တာပါ။
ဒီလက္နက္ေတြနဲ႔ဆက္စပ္ၿပီး ထိုင္းႏိုင္ငံသား ၂ ေယာက္ကို ထိုင္းရဲေတြက ဖမ္းဆီးစစ္ေဆးေနပါတယ္။
အခုျဖစ္ရပ္ေနာက္ပိုင္း ထိုင္းက ခ႐ိုင္ ၁၀ ခ႐ိုင္အပါအ၀င္ တစ္ႏိုင္ငံလံုးက ႏိုင္ငံေရးလႈပ္႐ွားမႈေတြကို ဒီေန႔ကစၿပီး မ်က္စိေဒါက္ ေထာက္ၾကည့္ဖို႔ ထိုင္းရဲခ်ဳပ္ ခ်က္သစ္ခ်ိဳင္ဂ်င္ဒါက ၫႊန္ၾကားထားပါတယ္။
ထိုင္းအစိုးရရဲ႕ေထာက္လွမ္းေရးသတင္းေတြအရ ႏိုင္ငံေရးလႈပ္႐ွားမႈေတြလုပ္ဖို႔ လက္နက္ေတြစုထားတာျဖစ္ႏိုင္တယ္လို႔လည္း သူကေျပာပါတယ္။
ဒီေန႔ဟာ ထိုင္းမွာ သက္ဦးဆံပိုင္ဘုရင္စနစ္ကေန စည္းမ်ဥ္းခံဘုရင္စနစ္ကိုေျပာင္းတဲ့ ၈၈ ႏွစ္ေျမာက္အထိမ္းအမွတ္ေန႔ ျဖစ္ပါ တယ္။
ထိုင္း-ျမန္မာနယ္စပ္မွာ ဖမ္းဆီးရမိတဲ့အတြက္ ျပည္တြင္းမွာေတာ့ ဒီလက္နက္ေတြဟာ တိုင္းရင္းသားလက္နက္ကိုင္ေတြကို ေမွာင္ခိုေရာင္းဖို႔ စီစဥ္ထားတာျဖစ္ႏိုင္တယ္လို႔ ခန္႔မွန္းေျပာဆိုေနၾကတာ႐ွိေနပါတယ္။
Ref : Police on high alert for political movements
(unicode)
မြန်မာ-ထိုင်းနယ်စပ်မှာ စစ်လက်နက်တွေသိမ်းဆည်းရမိ
……………………………………………
ဘန်ကောက်၊ ဇွန် ၂၄
မြန်မာ-ထိုင်းနယ်စပ်က မဲဆောက်မြို့မှာ စစ်လက်နက်ခဲယမ်းတွေသိမ်းဆည်းရမိခဲ့တယ်လို့ ထိုင်းအစိုးရဘက်က ဇွန် ၂၃ ရက်မှာသတင်းထုတ်ပြန်ပါတယ်။
အင်္ဂါနေ့မနက်ပိုင်း မဲဆောက်က အိမ်တစ်အိမ်မှာ 6၊ M79 နဲ့ AK47 တို့လိုသေနတ်တွေ၊ ခဲယမ်းတွေသိမ်းဆည်းရမိခဲ့တာပါ။
ဒီလက်နက်တွေနဲ့ဆက်စပ်ပြီး ထိုင်းနိုင်ငံသား ၂ ယောက်ကို ထိုင်းရဲတွေက ဖမ်းဆီးစစ်ဆေးနေပါတယ်။
အခုဖြစ်ရပ်နောက်ပိုင်း ထိုင်းက ခရိုင် ၁၀ ခရိုင်အပါအဝင် တစ်နိုင်ငံလုံးက နိုင်ငံရေးလှုပ်ရှားမှုတွေကို ဒီနေ့ကစပြီး မျက်စိဒေါက် ထောက်ကြည့်ဖို့ ထိုင်းရဲချုပ် ချက်သစ်ချိုင်ဂျင်ဒါက ညွှန်ကြားထားပါတယ်။
ထိုင်းအစိုးရရဲ့ထောက်လှမ်းရေးသတင်းတွေအရ နိုင်ငံရေးလှုပ်ရှားမှုတွေလုပ်ဖို့ လက်နက်တွေစုထားတာဖြစ်နိုင်တယ်လို့လည်း သူကပြောပါတယ်။
ဒီနေ့ဟာ ထိုင်းမှာ သက်ဦးဆံပိုင်ဘုရင်စနစ်ကနေ စည်းမျဉ်းခံဘုရင်စနစ်ကိုပြောင်းတဲ့ ၈၈ နှစ်မြောက်အထိမ်းအမှတ်နေ့ ဖြစ်ပါ တယ်။
ထိုင်း-မြန်မာနယ်စပ်မှာ ဖမ်းဆီးရမိတဲ့အတွက် ပြည်တွင်းမှာတော့ ဒီလက်နက်တွေဟာ တိုင်းရင်းသားလက်နက်ကိုင်တွေကို မှောင်ခိုရောင်းဖို့ စီစဉ်ထားတာဖြစ်နိုင်တယ်လို့ ခန့်မှန်းပြောဆိုနေကြတာရှိနေပါတယ်။
Ref : Police on high alert for political movements