• Follow Us on

Home မြန်မာ-ထိုင်းနှစ်နိုင်ငံ လေတပ်နှစ်ရပ်အကြား ဆက်ဆံရေးပိုမိုတိုးတက်ကောင်းမွန်စေရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေး

မြန်မာ-ထိုင်းနှစ်နိုင်ငံ လေတပ်နှစ်ရပ်အကြား ဆက်ဆံရေးပိုမိုတိုးတက်ကောင်းမွန်စေရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေး

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၆

 

ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်သည် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် (၂၀) ကြိမ်မြောက် အာဆီယံ လေတပ်ဦးစီးချုပ်များအစည်းအဝေး(20th AACC)သို့ တက်ရောက်ခဲ့သော  ထိုင်း ဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Alongkorn Vannarot ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ ယမန်နေ့ နံနက်ပိုင်းတွင် တွေ့ဆုံခဲ့သည်။

 

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရင်းနှီးရေးခရီးစဉ် အပြန်အလှန်လည်ပတ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ သင်တန်းသားစေလွှတ်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံလေတပ်နှစ်ရပ်အကြား ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်စေရေးဆိုင်ရာ ကိစ္စရပ်များ၊ သဘာဝဘေးအန္တရာယ်များကြုံတွေ့ရချိန် ကူညီကယ် ဆယ်ရေးဆိုင်ရာကိစ္စရပ်များ၊ နည်းပညာအချက်အလက်ဖလှယ်ရေးဆိုင်ရာကိစ္စရပ်များနှင့် လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ ကူညီကယ်ဆယ်ရေးလုပ်ငန်းစဉ်(Humanitarian Assistance and Disaster Relief-HADR)ဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့သည်။

 

အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် ၊ စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်နှင့် တပ်မတော်(လေ)မှ အရာရှိကြီးများ၊ ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Alongkorn Vannarot နှင့် ထိုင်းဘုရင့်လေတပ်မှ အရာရှိကြီးများ တက်ရောက်ကြသည်။

 

#PeopleMedia


Share this post