• Follow Us on

Home မြန်မာ-ထိုင်းနှစ်နိုင်ငံလေတပ်နှစ်ရပ်အကြား ဆက်ဆံရေးပိုမိုတိုးတက်ကောင်းမွန်စေရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး

မြန်မာ-ထိုင်းနှစ်နိုင်ငံလေတပ်နှစ်ရပ်အကြား ဆက်ဆံရေးပိုမိုတိုးတက်ကောင်းမွန်စေရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၂၃

 

မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ် လာရောက်သော ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakulနှင့်ဇနီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိလာခဲ့သည်။

 

ထို့နောက် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များသည် သူရဲကောင်းဗိမာန် (နေပြည်တော်)သို့ သွားရောက်၍ အထိမ်းအမှတ်‌ကျောက်တိုင်ရှေ့၌ ဂုဏ်ပြုပန်းခြင်းဖြင့် နိုင်ငံတော်နှင့် တပ်မ တော်အတွက် အသက်စွန့်ခဲ့ကြသူများအား အလေးပြုကြပြီး ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်မှ ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင် လက်မှတ်ရေးထိုးသည်။

 

ဆက်လက်ပြီး ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်သည် ထိုင်းဘုရင့် လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ဘုရင့် နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံ ဆွေးနွေးရာတွင် မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရင်းနှီးရေးခရီး စဉ်အဖြစ် အပြန်အလှန် လည်ပတ်ရေးဆိုင်ရာကိစ္စရပ်များ၊ သင်တန်းသားစေလွှတ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံ လေတပ်နှစ်ရပ်အကြား ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်စေရေး ဆိုင်ရာကိစ္စရပ်များ၊ သဘာဝ ဘေးအန္တရာယ်များကြုံတွေ့ရချိန် ကူညီကယ်ဆယ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နည်းပညာအချက်အလက်ဖလှယ် ရေးဆိုင်ရာကိစ္စရပ်များနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကူညီကယ်ဆယ်ရေးလုပ်ငန်းစဉ် (Humanitarian Assistance and Disaster Relief-HADR) ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။

 

အဆိုပါ တွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် တပ်မတော်(လေ)မှ အရာ ရှိကြီးများ၊ ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul နှင့် ထိုင်းဘုရင့်လေ တပ်မှအရာရှိကြီးများတက်ရောက်ကြသည်။

 

ထို့ပြင် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul နှင့် ဇနီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ယနေ့ညနေပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုခဲ့ပြီး ဆင်ဖြူတော်များအား သွားရောက်လေ့လာကြည့်ရှု ခြင်းနှင့် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇိယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော် ဖူးမြော်ကြည်ညိုခဲ့ပြီး ကျောက်စာရုံစေတီတော် များနှင့် သာသနိကအဆောက်အဦများအား လှည့်လည်ကြည့်ရှုလေ့လာရာ တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းပြသခဲ့ကြသည်။

 

#PeopleMedia


Share this post