• Follow Us on

Home မြန်မာ-ဗီယက်နမ်နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုတိုးမြှင့်ဆောင်ရွက်ရေးကိစ္စရပ်များဆွေးနွေး

မြန်မာ-ဗီယက်နမ်နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုတိုးမြှင့်ဆောင်ရွက်ရေးကိစ္စရပ်များဆွေးနွေး

Share this post

နေပြည်တော်၊ ဩဂုတ် ၁၂

 

ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးဝင်းသည် သြဂုတ်လ ၁၁ ရက် နံနက် ၉ နာရီတွင် ဟနွိုင်းမြို့ရှိ ဗီယက်နမ်-မြန်မာ ချစ်ကြည်ရေးအသင်းသို့ သွားရောက်၍ အသင်း၏ ဥက္ကဋ္ဌဖြစ်သူ Mr. Chu Cong Phung နှင့် ၎င်း၏ ရုံးမှ ကိုယ်စားလှယ်များ၊ စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံခဲ့သည်။

 

ထိုသို့ တွေ့ဆုံရာတွင် မြန်မာသံအမတ်ကြီးမှ လာရောက်တွေ့ဆုံရသည့် အကြောင်းရင်း ၃ ချက်ရှိကြောင်း၊ ပထမအချက်မှာ မြန်မာနိုင်ငံ၏ လတ်တလောအခြေအနေမှန်များအား ရှင်းလင်းပြောကြားလိုကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အရေးပေါ်အခြေအနေ ကြေညာ၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေအနေနှင့်အညီ တာဝန်ယူ ထိန်းသိမ်းခဲ့ရပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ် ချမှတ်ကာ ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းပြောကြား၍ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံရွေးကောက်ပွဲ ပြန်လည်ကျင်းပရေးနှင့် အာဆီယံတူညီဆန္ဒ (၅) ချက်ကို မြန်မာနိုင်ငံ၏ အကျိုးစီးပွား အပေါ် ရပ်တည်အခြေခံလျက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့်အညီ ပူးပေါင်းဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ မြန်မာသံအမတ်ကြီးမှ ဗီယက်နမ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား နယ်ပယ်စုံ၌ ပူးပေါင်းဆောင် ရွက်ရန်၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ တိုးမြှင့်ဆောင်ရွက်သွားရန် ကိစ္စရပ်များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့သည်။

 

ဗီယက်နမ်-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌမှ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှု တိုးမြှင့်ဆောင်ရွက်ရေးကိစ္စရပ်များ၊ ကုန်သွယ်မှုဆောင်ရွက်ရာတွင် ဗီယက်နမ်ကုမ္ပဏီများ ကြုံတွေ့ရသော အခက်အခဲများ၊ နှစ်နိုင်ငံအကြား ကုန် သွယ်မှု တိုးမြှင့်ရန်အတွက် ပူးပေါင်းဆောင်ရွက်လိုသည့် အခြေအနေများကို ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post