မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက် နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့များကြား ရေကြောင်းကင်းလှည့်ခြင်း ဆောင်ရွက်
PUBLISHED - August 25, 2023
နေပြည်တော်၊ ဩဂုတ် ၂၅
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် နတ်မြစ်အတွင်း နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များကြား ရေ ကြောင်း ကင်းလှည့်ခြင်းကို သြဂုတ်လ ၂၃ ရက်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကင်းလှည့်ခြင်းကို နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့မှ အရာရှိဦးစီး ကိုယ်စားလှယ်အဖွဲ့ဖြင့် အောင်ဗလ ချောင်းဝအနီးမှ မကျီးချောင်းဝအနီးထိ နတ်မြစ်တစ်လျှောက်ဆောင်ရွက်ခဲ့ပြီး နှစ်ဖက်ကင်းလှည့်မှုအခြေ အနေများကို မှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
အဆိုပါ ရေကြောင်းကင်းလှည့်ခြင်းကို နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့များ ပူးပေါင်း၍ လစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
#PeopleMedia